စာအုပ်ကာဗာနဲ့ မျက်နှာပေါင်းစပ်ထားတဲ့ အံ့မခန်းမြင်ကွင်းလေးများ

စာအုပ်ကာဗာနဲ့ မျက်နှာပေါင်းစပ်ထားတဲ့ အံ့မခန်းမြင်ကွင်းလေးများ

လူအများစုကတော့ စာဖတ်ရတာကို ဝါသနာပါကြမယ်လို့ ထင်ပါတယ်။ စာဖတ်ရတာ ဝါသနာမပါပေမယ့်လည်း စာအုပ်တွေ ဖတ်ပြီးတော့ ကြီးပြင်းခဲ့ရတာပါပဲ။ ဒါကြောင့် စာအုပ်ဝယ်ချင်တဲ့သူတွေကတော့ သူတို့အနီးအနားမှာ ရှိတဲ့ စာအုပ်ဆိုင်မှာ ကြိုက်နှစ်သက်တဲ့ စာအုပ်တွေကို ဝယ်ယူလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်နိုင်ငံမှာ ရှိတဲ့ စာအုပ်ဆိုင် တခုကတော့ သူတို့ရဲ့ဆိုင်ကို လူပိုစိတ်ဝင်စားအောင် သူများတွေနဲ့ လုံးဝမတူတဲ့ အရာကို လုပ်ဆောင်သွားတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဒီဆိုင်ကိုလူသိများသွားပြီး သူတို့ဆိုင်က တင်တဲ့ဓါတ်ပုံတွေကလည်း ကမ္ဘာအနှံကို ပျံနှံ့သွားခဲ့ပါတယ်။ သူတို့ဟာ သက်ဆိုင်ရာ စာအုပ်တအုပ်ကိုယူပြီး သူတို့ဆီလာတဲ့ ဖောက်သည်တွေနဲ့ မျက်နှာနဲ့ တသားထဲကျအောင် ဓါတ်ပုံလေးတွေ ရိုက်ပြီး ဖောက်သည်တွေကို ဖျော်ဖြေမှုပေးခဲ့တာ ဖြစ်ပါတယ်။ ရလာတဲ့ရလဒ်ကတော့ တကယ်ကို အံ့မခန်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ စာအုပ်ကာဗာနဲ့ မျက်နှာပေါင်းစပ်ထားတဲ့ အံ့မခန်းမြင်ကွင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.စာအုပ်က ကလေးပုံလေးကိုတော့ ဝယ်သူရဲ့ မျက်နှာနဲ့ တသားထဲကျအောင် လုပ်ထားတာကတော့ တကယ်ကို ချစ်စရာကောင်းပါတယ်။ တကယ်ကို မျက်နှာနဲ့ ကွက်တိပါပဲ။

၂.ဒီစာအုပ်နဲ့ ဒီကောင်မလေးရဲ့ မျက်နှာကတော့ လုံးဝကိုကွက်တိပါပဲ။ လုပ်ယူထားရင်တောင်မှ ဒီလောက်ထိကို ကွက်တိကျမယ် မထင်ပါဘူး။ သူမရဲ့ လက်သည်းအရောင်နဲ့ စာအုပ်ကာဗာထဲက အရောင်ကလည်း တိုက်ဆိုင်စွာတူနေပါသေးတယ်။

၃.ဒါကတော့ တကယ့်ကို ထူးခြားမှုလေးပါပဲ။ စာအုပ်ကာဗာနဲ့ မျက်နှာတင်မကပဲ ကိုယ်နေဟန်ထားပါ လုံးဝကို တသားဖြစ်နေတာကတော့ တကယ်ကို မိုက်ပါတယ်။

၎.စာအုပ်ကာဗာက မျက်နှာကျနဲ့ စာအုပ်ဝယ်သူရဲ့ မျက်နှာကျက ထပ်တူကြရုံသာမက ဆံပင်အရောင်ကပါ တိုက်ဆိုင်စွာတူနေသော အခါ လုံးဝကိုစာအုပ်ထဲက အမျိုးသမီး အပြင်ကို ရောက်နေတဲ့ အတိုင်းပါပဲ။

၅.Brainwashing လုပ်နေတဲ့ ဒီဇိုင်းနဲ့ စာအုပ်ကာဗာကတော့ ဒီစာအုပ်ဆိုင်မှာ ထိုင်နေတဲ့သူနဲ့ တထေရာထဲကျနေပါတယ်။ အဝေးကနေကြည့်ရင်တော့ တကယ်ပဲ လူတယောက် ဦးခေါင်းကြီးပွင့်နေတဲ့ အတိုင်းပါပဲ။

၆.Comic Book Cover က ပုံနဲ့လည်း ဝယ်သူပုံက ထပ်တူကျနေတာပါပဲ။ တကယ်ကို စာအုပ်ဝယ်သူရဲ့ မျက်နှာက တကယ်ကို Comic Book ကာဗာနဲ့ကို ကွက်တိဖြစ်နေတာ ဖြစ်ပါတယ်။

၇.စာအုပ်ကာဗာက ကိတ်မုန့်ကို မျက်နှာကပ်ထားတဲ့ ပုံကတော့ ဒီဆိုင်ကိုလာနေတဲ့ Customer တယောက်ထိုင်နေတာနဲ့ လုံးဝကို ထပ်တူကြနေတာပါ။ တကယ်ပဲ စာအုပ်ဆိုင်ထဲမှာ လူတယောက် ကိတ်မုန့်ပေါ်မှာ မျက်နှာတင်ထားတာနဲ့ တူပါတယ်။

၈.ဒီပုံရိုက်ထားတာကတော့ တကယ်ကို မိုက်ပါတယ်။ Animation ဇာတ်ကောင် အပြင်မှာ တကယ်ပေါ်လာတဲ့အတိုင်းကို ဖြစ်နေတာပါ။ စာအုပ်ကာဗာနဲ့ စာအုပ်ဝယ်သူရဲ့ အချိုးအစားအားလုံးကတော့ လုံးဝကို ကွက်တိပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.