ယောကျာ်းချင်းဆိုပြီး လာဖက်တာ ကျွန်တော်လက်ခံဘူး၊ ကြိုက်လည်းမ ကြိုက်ဘူးဆိုတဲ့ ပိုင်စိုးစံ

ယောကျာ်းချင်းဆိုပြီး လာဖက်တာ ကျွန်တော်လက်ခံဘူး၊ ကြိုက်လည်းမ ကြိုက်ဘူးဆိုတဲ့ ပိုင်စိုးစံ

ပိုင်စိုးစံကတော့ Male Transgender(Tomboy) တစ်ဦးဖြစ်ပြီး LGBT အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ပါတယ် ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ပိုင်စိုးစံက သူ့အနေနဲ့ ယောကျာ်း လေးတွေ လာဖက်တာမျိုးကို လက်မခံသလို ကြိုက်လည်းမကြိုက်ဘူးလို့ ဆိုလာခဲ့တာပါ

ပိုင်စိုးစံက ” မိန်းကလေးတွေရဲ့ လုံခြုံရေးအတွက်ထုတ်ထားတဲ့ ဥပဒေဆိုတာ ရှိတယ် ဒါပေမယ့် မိန်းကလေးတွေက မတိုင်ကြဘူး Bus Car ပေါ်မှာ အသားပဲထိရထိရဘာပဲထိရထိရ နည်းန ည်း လေးထိရထိရ ဆိုတာမျိုးတွေရှိတယ် အမှန်တကယ်တော့ အဲ့ဒါမလုပ်ရဘူး ဒါကြီးကို အော် ရမှာ ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်မှာဆိုးတယ် ဒါနဲ့ပဲမတိုင်ဖြစ်ဘူးပေါ့

အမှန်တော့ မိန်းကလေးတွေကလည်း တိုင်မှရမယ် ဒီလို ငြိမ်နေမယ်ဆိုရင် ဒီလိုယောကျာ်းတွေက ပိုဆိုးလာမှာ အဲ့တော့ ဒီလိုဥပဒေတွေက ရှိတယ် ကိုယ်မကျေနပ်ရင် တိုင်ပါ လို့ပြောချင်ပါတယ်

ကိုယ်တိုင်တော့ ဒီလိုလာစော်ကားတာမျိုးမရှိဘူးကျွန်တော်ကအရင်ထဲက မိန်း က လေး လို မ နေဘူးဆိုတော့လေ ဒါပေမယ့် တချို့ယောကျာ်းတွေပေါ့နော် ကိုယ်တွေက Tomboy ဖြစ် နေ တဲ့အတွက် ပခုံးဖက်ပြီးတော့ ဟာ သားကြီးရာ ဘာဖြစ်လို့လည်း ယောကျာ်းလေးအချင်းချင်းပဲ ကျွန်တော်အဲ့ဒါမျိုးလုံးဝလက်မခံဘူး ကျွန်တော်မကြိက်ဘူး ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့က ဒီ လိ×+ င်ပိုင်းဆိုင်ရာ ပြောင်းထားတာမဟုတ်ဘူး

ဘယ်လိုပဲကျွန်တော့ပုံစံ ပြောင်းလဲပြောင်းလဲ ကျွန်တော်က ကျွန်တော့ဘာသာ မိန်းမဆိုတာကို လက်ခံထားတယ် တချို့ကသိတယ်မလား ယောကျာ်းချင်းပဲလာပါဆိုတဲ့ တချို့ကောင်တွေရှိတယ် ဒါယောကျာ်းတိုင်းကိုပြောတာမဟုတ်ဘူးတချို့ တချို့တွေရှိတယ် အဲ့လိုမျိုးပဲကျွန် တော်ကြုံ ရဖူး တယ် အဲ့လိုမျိုးလုပ်ရင် ကျွန်တော်ကလက်မခံဘူး ကြိုက်လည်း မကြိုက်ဘူး

ကျွန်တော်နဲ့တူတူ တချို့ Tomboy လေးတွေဆိုလည်း ကျွန်တော်ကအသိပေးတာပေါ့ သူတို့ကို လုပ်တယ်ဆိုလည်း အလုပ်မခံရဖို့ပေါ့ ယောကျာ်းတွေကတော့ ရရင်ရသလို လက်ထိလို့ရရင် ထိ မှာပဲ ပခုံးထိလို့ရရင် ထိမှာပဲ အဲ့ဒါတွေကိုတော့ ကိုယ်ကနည်းနည်းရှောင်ရမှာပေါ့ လို့ ပြောသွားခဲ့ တာဖြစ်ပါတယ်

ပိုင်စိုးစံကတော့ Tomboy တွေ မိန်းကလေးအခွင့်အရေး ချိုးဖောက်မခံရဖို့ သတိပေးလာခဲ့ တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်

Comments are closed.