ပရိတ်သတ်တွေ မမှတ်မိနိုင်လောက် အောင် ပြောင်းလဲသွားခဲ့တဲ့ မြန်မာ အိုင်ဒေါ ပြိုင်ပွဲဝင် ဇော်မင်းဦး

ပရိတ်သတ်တွေ မမှတ်မိနိုင်လောက် အောင် ပြောင်းလဲသွားခဲ့တဲ့ မြန်မာ အိုင်ဒေါ ပြိုင်ပွဲဝင် ဇော်မင်းဦး

ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားတဲ့ Myanmar Idol ပြိုင်ပွဲကြီးရဲ့( Season 1 ) ပြိုင်ပွဲဝ င် ဇော်မင်းဦးကတစ်ယောက် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တာကြောင့် ပရိသတ် တွေ သို့လောသို့လောဖြစ်နေရတာပါ။

ဇော်မင်းဦးဟာ Myanmar Idol (season 1)တုန်းက အကောင်းဆုံးယဉ်ပြိုင်ခဲ့ပြီး ပရိသတ် အား ပေးမှုရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ winner မဖြစ်ခဲ့ပေမယ့် အိမ် ပြန် လမ်းမှာ ပရိသတ်အားပေးမှုကိုတခဲနက်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အသံပါရမီကောင်းမှုနဲ့ အားရပါးရသီဆိုဖျော်ဖြေမှုတွေကြောင့် ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ ဇော်မင်းဦးတစ်ယောက် Live လွှင့်ပြီးဈေးရောင်းရာမှာ ရုပ်ရည်ပြောင်းလဲနေခဲ့တဲ့အတွက် သူ့ ကျ န်းမာရေးနဲ့ပတ်သတ်ပြီး ဇော်မင်းဦးကအခုလိုပဲပြောပြခဲ့ပါတယ်။

ဇော်မင်းဦးက “ဈေးရောင်းမဲဖောက်ပေးတဲ့ Live မှာ စိုးရိမ်ပြီးကျန်းမာရေးအကြောင်းမေးကြ တယ် ဗျ ကျွန်တော်မညာပါဘူး အရက်ကိုတိခနဲဖြတ်ထားတဲ့အတွက် လူနည်းနည်းပင်ပန်းနေ လို့ပါ စိတ်မဆိုးပါဘူးဗျ ပွင့်ပွင့်လင်းလင်း ရှိရှိတိုင်းပေါ့ ” လို့သူ့ရဲ့ကျန်းမာရေးအခြေအနေကို ပြောပြထားပါတယ်။

ဇော်မင်းဦးကတော့ ပရိသတ်တွေမမှတ်မိလောက်အောင်ပြောင်းလဲခဲ့ရတဲ့အကြောင်းအရင်းကို ပြောပြပြီးနောက်မှာတော့ သူ့ပရိသတ်တွေက ပြန်လည်းကျန်းမာလာစေဖို့ အားပေးထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

Yin Khat Pan ( Writer – LLA )

Comments are closed.