ရောဂါဝေဒနာတွေကို ကုသပေးနေတဲ့ အပေါ် မနာလိုပြီးဝေဖန်နေကြတဲ့ သူ တွေ ကို တုန့်ပြန်လိုက်တဲ့သရုပ်ဆောင် ထူးခန့်ကျော်

ရောဂါဝေဒနာတွေကို ကုသပေးနေတဲ့ အပေါ် မနာလိုပြီးဝေဖန်နေကြတဲ့ သူ တွေ ကို တုန့်ပြန်လိုက်တဲ့သရုပ်ဆောင် ထူးခန့်ကျော်

ပရိသတ်ကြီးရေ ထူးခန့်ကျော်ဟာဆိုရင် ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ပါဝင်လေ့ရှိပြီး ခေါင်းဆော င် မင်း သားအနေနဲ့လည်း ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားတဲ့ အောင်မြင်တဲ့သူတစ်ယောက် ပါ။ ယခုလည်း သူတတ်ကျွမ်းတဲ့ ပညာနဲ့ရောဂါဝေဒနာရှင်တွေကို အမြန်ဆုံးပျောက်ကင်းအောင် မေတ္တာစေတနာအပြည့်နဲ့ကုသပေးနေပါတယ်။ ဒီလိုကုသပေးတဲ့အပေါ်မှာဝေဖန်မှုတွေ ကိုလည်း ခံနေရပါတယ်။

ဒီလိုဝေဖန်မှုတွေအပေါ်ထူးခန့်ကျော်ရဲ့ ပြောပြချက်ကတော့ “ဝေဖန်တာကိုလက်ခံပါတယ် ။ တို က်ခိုက်တာကိုတော့ကျွန်တော်သိပ်လက်မခံပါဘူး။ကျွန်တော့ကို ဘုရားကိုခုတုံးလုပ်ပြီးမှ စား ရ သောက်ရတယ်ပေါ့ ကျွန်တော့ဆီကိုလာရောက်တဲ့ ခုနှစ်ရက်သားသမီးတွေ တစ်ထောင်ထား ပါ တော့ တစ်ထောင်မှာပါးစပ်ပေါက် တစ်ရာမပိတ်နိုင်ပါဘူး။ဒီကောာင်နံမည်ကြီးချင်တာလား ဒီ ကောင်လူတွင်ကျယ်လုပ်ချင်တာလား မပျောက်ဘဲပျောက်တယ်လို့လိမ်ညာလို့မရပါဘူး။ သက် သာပျောက်ကင်းကြလို့ဖုန်းတွေ တကွမ်ကွမ်ဆက်ပြီး Lockdown ချထားတယ် ပြောတာတောင် မရကြဘူး။ဖုန်းတွေ ဆက်တော့ကျွန်တော် မခံစားနိုင်ဘူး။

အိမ်နဲ့ကျွန်တော်ရန်ဖြစ်ရတဲ့ အဆင့်ထိဖြစ်တယ်။ကျွန်တော်ကုချင်နေပြီ ဘာလို့လဲဆိုတော့ ကျွန် တော် ပိုက်ဆံရလို့မဟုတ်ဘူး…’ကိုက်လို့ပါဆရာရယ်..မခံနိုင်လို့ပါ..ကယ်ပါ’ အဲလိုအသံတွေ နော က်ဆုံးကျွန်တော်ဘာလုပ်ရလဲဆိုတော့ တရားထိုင်ရတယ် အဲဒါတွေက ကိုယ့်ရင်ထဲကိုယ်ပဲသိ တ ယ် ။ကျွန်တော်အပိုလုပ်ပြောတာမဟုတ်ဘူး ဒါတွေကနိစ္စဓူ၀ အများကြီးပါ…

အဲတော့ကျွန်တော့ကိုဘုရားဗန်းပြပြီး စားနေပါတယ်ဆိုတဲ့လူတွေကို ပြောချင်တယ် အချိန်မရွေး လည်းwelcomeပါ။လိပ်စာလည်းပေးပြီးသား ဖုန်းနံပါတ်လည်းပေးပြီးသားပါ။ကျွန်တော်ဘယ် လို လုပ်လည်းလာကြည့်ပါ။သူများနှာခေါင်းပေါက်နဲ့အသက်ရှူရတဲ့အထဲမှာ ထူးခန့်ကျော်မပါဘူး ။ဒီနေ့ဒီချိန်ထိလည်းမည်သူမည်ဝါကိုမှမကောင်းမြင်တဲ့စိတ် နှမ်းစေ့တစ်စေ့တောင်မရှိခဲ့ဘူး လိမ် ပြောလို့လဲမရပါဘူး ပျောက်တယ်မပျောက်ဘူးဆိုတာ လာကုတဲ့ခုနှစ်ရက်သားသမီးတွေ သိ ပါ တယ်။သူတို့ဆီမှာလည်းပိုက်ဆံဘယ်လောက်ပေးရမယ်လို့ရိုက်ပို့ပြီး မပေးရင်မကုဘူးလို့ ဘယ် သူ့ကိုပြောခဲ့ဖူးလဲမေးကြည့်ပါ။

လူဆိုတာမေတ္တာစေတနာ ဂရုဏာ မုဒိတာနဲ့ပြောချင်တဲ့သူဆိုရင်တော့ ကျွန်တော့်ကိုဖုန်းဆ က် ပြီး သော်လည်းကောင်း ဒါကတော့ ဒီလိုရှိတယ်ပြောလို့ရပါတယ်။အဲဒီမှာ ကျွန်တော့်လက်မှတ် ကိ စ္စနဲ့ပြောချင်တာကတော့ တစ်ဦးတစ်ယောက်တည်းကိုပြောချင်တာပါ။အဲဒီပုဂ္ဂိုလ်ကအများကို သုံးနှုန်းပြီးတော့ဆိုတဲ့အကြောင်းတရားတွေပေါ့ အများကိုပြောတာပါလို့ပြောတဲ့ဟာတွေ ကျွန် တော် မှာသက်သေအထောက်အထားတွေ ရှိပါတယ်။ကျွန်တော်ဘာမှမဖြစ်ပါဘူး ခေါင်းထဲ လ ည်း မရှိဘူး သူတို့ဖြူသလားမဲသလားလဲမသိဘူး ကိုယ်ကဗုဒ္ဓဘာသာမြန်မာလူမျိုးပဲ လေ..စိတ်မ ကော င်းတော့ဖြစ်မိတာပေါ့ တုန်လှုပ်မှုတော့မရှိပါဘူး။လူဆိုတာမနာလိုစိတ်ရှိတဲ့ အနေအ ထား တစ်ခုကရုပ်ရည်ကိုလည်းပျက်ဆီးစေတယ်။နောက်ပြီးတော့အမူအရာကိုလည်းကြမ်းတမ်းစေတယ်။အတွေးအခေါ်ကိုလည်း ပျက်စီးစေတယ်။တစ်နည်းအားဖြင့်ပြောမယ်ဆို အောက်တန်းကျ သော ရူးသွပ်မှုလို့ပြောချင်ပါတယ်။

နောက်တစ်ခုကအဆင့်အတန်းဆိုတဲ့အကြောင်းတရားကိုပြောချင်ပါတယ် ကျွန်တော်သိတဲ့အ ဆင့်အတန်းက ရုပ်ချောတာ လှတာ အောင်မြင်တာရာထူးကြီးတာငယ်တာ ချမ်းသာတာဆင်း ရဲ တာ ပညာတတ်တာမတတ်တာနဲ့မဆိုင်ပါဘူး။ဒါအဆင့်အတန်းမဟုတ်ပါ ဘူး..အဆင့် အတန်း ဆိုတာ အသိတရား ကိုယ်ချင်းစာစိတ် နောက်တစ်နည်းကလူကိုလူလို မြင်အောင်ကြည့်တတ် တဲ့ စိတ် အဲဒါမှမရှိရင်အလကားလူပဲ။ ထူးခန့်ကျော်မင်းဟာ ဘယ်လိုလူလည်း?ကျွန်တော့် ကိုယ် ကျွ န် တော်လည်းပြန်မေးရသေးတယ်။ ဘယ်သူ့ကိုမှအပြစ်ပြောတာမဟုတ်ပါဘူး။ တစ်ယောက် နဲ့ တစ်ယောက်တိုက်ခိုက်နေလို့လည်းဘာမှထူးမလာပါဘူး။

ကျွန်တော့ကိုပြောချင်ရင်ဖုန်းနံပါတ်တွေလိပ်စာတွေလည်းပေးထားပါတယ် ဒဲ့ပြောလို့ရပါတယ်။ ယောက်ျားက ယောက်ျား စကားပဲပြောစေချင်တယ် ယောက်ျားအလုပ်လုပ်တာပဲ ကောင်းပါ တ ယ်။ လူဖြစ်ခွင့်ရတဲ့မသေခင်အချိန်လေးမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ မေတ္တာ ထား ပြီး နေသွားချင်ပါတယ်။သူများကို မလိုမုန်းထားတဲ့ စိတ်ရှိတဲ့ သူဟာ ဘုရားရှင် ကိုယ်တော် မြတ်ကြီးရဲ့အဆုံးအမကို ဆန့်ကျင်တဲ့သူပဲ။

ကျွန်တော့ကိုတိုက်ခိုက်တဲ့သူတွေကို ကျွန်တော်မမုန်း ပါဘူး။အဲဒီ့လူကိုသံယောဇဉ်တောင်ဖြစ် မိပါတယ် တကယ်လို့များကျွန်တော့်ကိုသူ့ဆီကပညာ တွေ များသင်ပေးစရာရှိမယ်ဆိုရင် ကျွန် တော်ယူကောင်းယူနိုင်ပါတယ်။ တကယ်တော်တဲ့ ပုဂ္ဂိုလ် ကြီး ပါ အစဉ်ထာဝရလေးစား လျက် ပါ”လို့ပြောပြ သွားပါတယ်။ ထူးခန့်ကျော်ကတော့ သူ့ကိုဝေဖန်တဲ့ သူ တွေကို ယခုလိုတုံံ့ပြန် ပြောဆိုသွားတာပါ။ အဆုံးထိဖတ်ရှူပေးတဲ့ပရိသတ်ကြီးကိုလည်း အထူးပဲကျေးဇူးတင်ပါတ ယ်နော်။

Comments are closed.