အိမ်ထောင်ကွဲသွားရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ကြူကြူ သင်း

အိမ်ထောင်ကွဲသွားရတဲ့ အကြောင်းကို ရင်ဖွင့်လာတဲ့ သရုပ်ဆောင် ကြူကြူ သင်း

သရုပ်ဆောင် ကြူကြူသင်းကတော့ ဟာသ ဇာတ်ပို့သရုပ်ဆောင်ဘဝနဲ့ နှစ်ပေါင်းများစွာ ပီပြင် စွာသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယခုထက်တိုင်ရရှိနေသူတစ် ဦးပါ ။ဒီလို ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့ပေမယ့် သူမအနေနဲ့ အိမ်ထောင်ရေးကံမကောင်းခဲ့ပဲ အိမ် ထောင်ကွဲခံရတဲ့ အကြောင်းကို မီဒီယာတွေ့ဆုံမှုတစ်ခုမှာ အခုလို ရင်ဖွင့်လာခဲ့တာပါ။

အချစ်ရေးဆိုတာမျိုးက ကိုယ်ကြုံတွေ့ခဲ့ရတယ်လေ ကိုယ်အချစ်တွေပေးတယ် သူတို့ မယူတတ် ဘူးပေါ့ ကိုယ်လည်းမယူနိုင်ခဲ့ဘူးပေါ့ အဲ့ဒါမျိုးပေါ့ ကိုယ့်ရဲ့ကံကိုက ဒီလိုကံပါလာလို့ ဒီလိုပဲဖြစ် တယ် လို့ပဲ နောက်ပိုင်းကျတွေးတယ် ပထမတော့ ငါ့ကျမှ ဒီလိုဖြစ်ရလားဆိုပြီး အရမ်းဝမ်းနည်း တာ အရမ်းလည်းရှက်တယ် အမဘဝမှာ ဒီလိုဖြစ်လိမ့်မယ်လို့ ထင်ကိုမထင်ခဲ့ဘူး

ဘာလို့လည်းဆိုတော့ အမေတို့ဆုံးပြီးမှ အမက အိမ်ထောင်ပြုတာကိုး အသက်ကြီးမှ အိမ် ထော င်ပြုတဲ့အခါကျတော့ ဒီဟာကြီးကိုရှက်တာပေါ့နော် အိမ်ထောင်ကွဲတယ်ဆိုတာကို ရှက် တာပေါ့ နော် ကိုယ်အိမ်ထောင်ပျက်သွားတယ်ဆိုတာကို ဘယ်သူ့ကိုမပြောခဲ့ဘူး သုံးလေးနှစ်နေတော့မှ သူ တို့သိကြတယ် ၃ ၄ နှစ်တောင်မကပါဘူး ၅ နှစ်လောက်နေမှသိတာ သူတို့က ကိုယ့်အမျိုးသား နာမည်မေးရင် ဘယ်မှာလဲ ဆို ဟိုမှာ လိုက်မသွားဘူးလားဆို ဟိုတလောတုန်းက ပြန်လာတာ အဲ့ လိုမျိုးပဲ ဒါပေမယ့်အဲ့လိုမေးတတ်တဲ့လူတွေရှေ့မှာ အမဘယ်တော့မှ မနေတော့ဘူး အဲ့လူတွေကို ရှောင်နေတယ် သူတို့နဲ့ခပ်လှမ်းလှမ်းမှာနေတယ် သူတို့နဲ့တန်းတူရီချင်ပေမယ့် အမမရီနိုင်ဘူး

ဘာလို့လည်းဆိုတော့ အမတို့က မိန်းမသားတွေလေ ရှင်းရှင်းပြောရရင် အမကမိန်းမမြတ်မဖြစ်ခဲ့ ဘူး ဘွဲ့ဆိုတာလည်း အမ မယူခဲ့ရဘူး မရခဲ့ဘူး ဒီလောကထဲကိုအမဝင်တယ်ဘွဲ့မရဘူး အိမ်ထော င် ကျ တယ် အဖေတို့ အမေတို့မရှိတော့ တင့်တင့်တယ်တယ် မင်္ဂလာပွဲဆိုတာ အမ မရှိ ခဲ့ ဘူး မင်္ဂ လာမဆောင်ခဲ့ဘူး အမတို့ ဒီတိုင်းလက်မှတ်ထိုးပြီးယူထားတာ လွယ်လွယ်ရလို့ လွယ် လွယ်ကွဲ သွား တဲ့ သဘောပေါ့နော် အဲ့ဒီတော့ မိန်းမမြတ်မဖြစ်ခဲ့တဲ့ မိန်းမတစ်ယောက် မိန်းမ ကော င်း တော့ ဖြစ်ချင်တယ် အဲ့ဒီအတွက် နောက်ခြေလှမ်းဆိုတာ အမမှာမရှိဘူး နောက်ခြေလှမ်း ဘယ် သူ့ကိုမှ အမမလှမ်းထားဘူး

တစ်ခုလပ်ဆိုတာမျိုးက လူတွေကအမြင်တစ်မျိုးရှိကြတယ်လေ အမသိတာပေါ့ အနုပညာသမား တစ်ယောက်ပဲ ဒါရိုက်တာတွေကသင်ပေးခဲ့တာပဲ နင့်ကိုဘယ်လိုမျက်လုံးမျိုးလေးနဲ့ကြည့် လိုက် ရင် နင်ကဘယ်လိုကြည့်လိုက်ဆိုတာ သိတာပဲ ဒါပေမယ့်အမ လူတွေရဲ့မျက်လုံးကိုလည်းသိတယ် လူတွေရဲ့ အပြောကိုလည်း သိတယ် ခပ်ပြုံးပြုံးပဲနေနိုင်အောင်ကြိုးစားခဲ့တယ်လေ ရုပ်ရှင်အဖွဲ့က လူတွေကလည်းသိသွားတော့ ငါတို့လည်းမသိရဘူး ဒီကောင်မကြီး ကြိတ်ခံနေတယ်လို့ ပြောကြ တယ် ကြိတ်မခံလို့မှမရတာ အခုချိန်မှာမေးလို့ရှိရင် အမက ရီရီမောမောနဲ့ပြောနိုင်တယ် ဟိုတုန်း ကမပြောနိုင်ဘူး အဲ့ဒီအချိန်ကို အမ ပြန်မသွားချင်ဘူး လို့ ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်

ကြူကြူသင်းကတော့ သူမ အိမ်ထောင်ကွဲသွားရတဲ့ အကြောင်းကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…. ကြူကြူသင်းတစ်ယောက် အေးချမ်းစွာနဲ့ ဘဝကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Comments are closed.