မိဘတွေဆီမှအမေွပြတ်စွန့်လွှတ်ခံရတဲ့အပြင် ချစ်ရ တဲ့ဇနီးသည်ကပါကွာရှင်းပြတ်စဲခြင်းကိုခံလိုက်ရတဲ့ သ တင်းကြေငြာသူဦးကျော်သက်လင်း

ပရိသတ်ကြီးရေ MRTV ရဲ့ဝန်ထမ်းတွေထဲက CDMပြုလုပ်ခဲ့တဲ့ ပြည်သူ့ သူရဲကောင်းကြီးတစ်ယောက်ပါ။အခုချိန်မှာလည်း လွတ်မြော က်နယ်မြေကို ရောက်ရှိနေတာ ပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ တောထဲရောက်ကာ ပြည်သူတွေနဲ့တသားတည်းတော်လှန်နေတဲ့ သူ့ကို မိဘတွေနဲ့ဇနီးသည်က သတင်းစာမှာ အတိအကျကြေညာချက်ထည့်လိုက်တာပါ။

ဒါကတော့ မိဘဆိုဆုံးမမှုကို နားမထောင်ဘဲ၎င်းရဲ့သဘောဆန္ဒအလျောက် နေအိမ်ကနေ ထွက်ခွာသွားသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပါကြောင်းနှင့် ၎င်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ပါကြောင်းအပြင်ဇနီးဖြစ်သူ ကလည်း ကွားရှင်းပြတ်စဲခြင်းကို သတင်းစာမှာ အတိအကျကြေညာချက်ထုတ်ပြန်ခဲ့တာပါ။“ဒါအချစ်လား…?သေချာလား….. ?ပြန်စ ဉ်းစားကြည့်တော့ အဖြေကိုရှာမရ…..

ကိုယ်ပေါင်းဖက်ပေးခဲ့တဲ့ထောင်ချီတဲ့ မဂ်လာမောင်မယ်တွေရွှေလက်တွဲမြဲကြစေဖို့ဒီဦးလေးကြီးက ယတြာချေပေးလိုက်တယ်လို့ ပဲမှတ် ယူကြပါတော့…၄၀ ကျော်ကတည်းကတက်လိုက်တဲ့ ပြသာနာပျက်လိုက်တဲ့ နာမည်လုပ်ခဲ့ဘူးတဲ့ အမှားများခုထိ မိသားစုတကွဲတပြားမ ကျေနပ်သေးဘူးလား ကံဇာတ်ဆရာ။

ခုချိန်ထိတော့ အောင့်လာတဲ့ဘယ်ဘက်ရင်အုံကိုဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ။ အရာရာ စွန့်လွှတ်အနစ်နာခံကာ မိဘ၊ အိမ်ထောင် ရေးစတဲ့ ဘဝရဲ့အရေးပါတဲ့အရာတွေကိုကျောခိုင်းကာ ပြည်သူတွေအတွက်အနစ်နာခံ ကြိုး စားနေတဲ့ ဦးကျော်သက်လင်းကိုဂုဏ်ပြုကာ အားပေးစကားတွေပြောခဲ့ကြပါဦးပရိသတ်ကြီးရေ။

Advertisement

Source- U KyawThet Lin
Credit – CeleChitThu

Be the first to comment

Leave a Reply

Your email address will not be published.


*