ထက်ထက်မိုးဦးနာမည်ကို မကြားချင် လောက်အောင်ဖြစ်ကာ မောင်နှမဆို တာ မရှိတော့တဲ့အကြောင်း ပွင့်ပွင့် လင်း လင်း အသိပေးခဲ့တဲ့ ထက်နိုင် အောင်

ထက်ထက်မိုးဦးနာမည်ကို မကြားချင် လောက်အောင်ဖြစ်ကာ မောင်နှမဆို တာ မရှိတော့တဲ့အကြောင်း ပွင့်ပွင့် လင်း လင်း အသိပေးခဲ့တဲ့ ထက်နိုင် အောင်

ထက်ထက်မိုးဦးကတော့ လက်ရှိမှာ ကျောက်မျက်ရတနာများကို Live လွှင့်ရောင်းချနေတာဖြစ် ပါတယ်။ ကြော်ညာဘုရင်မဆိုတဲ့ နာမည်နဲ့အညီ သူမရဲ့ ဈေးရောင်းချမှုဟာ အခုဆိုရင် နာမည် ကြီး ကာ အောင်မြင်လာခဲ့တာပါ။ တကျော့ပြန် အောင်မြင်ကျော်ကြားလာတာနဲ့အမျှ မိသားစုအ တွင်းရေးကိစ္စများမှာလည်း ဝေဖန်မှု မြင့်တက်လာခဲ့ပါတယ်။

ထက်ထက်မိုးဦးရဲ့ မောင်အရင်းဖြစ်သူ အနုပညာရှင်ဖြစ်သူ ထက်နိုင်အောင်ကတော့ သူ့ရဲ့ စိတ် ခံစားချက်ကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။ ” မောင်နှမကအစပဲ လူတွေများ မရှိခိုးနိုး မလှစုန်းမျိူး ဆက်ဆံချင်ကြတာ fri တွေအားလုံးကို ချစ်လို့ ခင်လို့ပြောပြချင်တာ ကိုဗစ် ကြီးပီးလို့ မသေခဲ့ဘူးဆိုယင် တော့ဖြင့် ခင်ဗျားတို့ ပိုက်ဆံချမ်းသာအောင် လူတန်းစေ့နေနိူင် အော င် အလုပ်ကိုကြိုးစားကြပါဗျာ

ကျူပ်တော့ ဘဝနဲ့ရင်းပီးသိခဲ့ရပီ ခုချိန်မိဘမောင်နှမ ဆိုတာမရှိတော့ဘူး အားလုံးတခန်း ရပ်သွား ခဲ့ပီ အဓိက ကငွေပဲ လောကကြီးက မျက်နှာကြီးရာကို ဟင်းဖတ်ပါကြတယ် နာမည်မကြီး ဘူး ငွေ မ ရှိဘူးဆိုယင် ခင်ဗျားဟာခင်ဗျား ဘာအနုပညာစိတ်ကြီးရှိရှိ ဘယ်လောက်ကြီးဝမ်းစာ ပြည့်ပြည့် ဘယ်လောက်ပဲတော်တော် အလကားပဲ လူတွေကအထူးသဖြင့် ကျူပ်တို့နိူင်ငံက ငပိန်းတွေက ဘာ မှမသိပဲ အကုန်လုံးကိုမဆိုလိုပါဘူး များသောအားဖြင့် ဘုမသိဘမသိဝင်ဆဲ ဘုမသိဘမသိ ဝင် ပြောနဲ့ သူများအတွင်းရေးမိသားစုမောင်နှမမိဘလင်မယား အကြောင်းကိုခရေစေ့တွ င်းကြ မသိကြပဲနဲ့ ကိုယ့်ထမင်း ကိုယ်စားပီး ဝင်ဟောင်ကြရေးကြ ကဲ့ရဲ့ကြ နဲ့အကုသိုလ်အတုံးလိုက်အ တ စ်လိုက်တွေ ယူနေကြတယ်

တကယ်သိတဲ့သူက ဘာမှမပြောချင်လို့ကို ကန့်လန့်ကာနောက်ကွယ်ကနေ ပြုံးပီးထိုင်ကြည့်နေ လိုက်တယ်မပြောသေးဘူး မအားသေးတာရယ် ပျင်းလို့ရယ်အားလဲအားပီ အပျင်းလဲပြေပီဆိုယင် ပြောမှာသားစစ်ပြောတတ်တာလောက်က သနားတယ်အခုခေတ်ဆယ်လီဆိုတဲ့ကောင်တွေ အ ကုန်လုံးထက်ပြောတတ်တယ် ဆဲတတ်တယ် ယောက်ကျားအစစ်မို့ဇလဲရှိတယ် ကောင်းတဲ့အ မွေ အဖေ့ဆီကရခဲ့လို့ သည်းခံနိူင်သလောက် သည်းခံနေတာ

သည်းမခံနိူင်တော့တဲ့တနေ့ ပွဲကြီးပွဲကောင်းပဲ ခုတော့နေမကောင်းလို့ နားလိုက်အုံးမယ် ချစ်ခင် အားပေးနေတဲ့ fri တွေစကားပြောရိုင်းသွားယင် sorry ပါဗျာကျူပ်မှာ မောင်နှမဆိုတာမရှိဘူး စကားထဲဘယ်တော့မှ လာထည့်မပြောကြပါနဲ့ ” ဆိုကာ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဖြစ်ပါတ ယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Comments are closed.