အမေကို နောက်အိမ်ထောင် မပြုစေ ချင်တဲ့ သမီးလေးရဲ့ အကြောင်းပြော ပြလာတဲ့ သရုပ်ဆောင် မေကဗျာ

အမေကို နောက်အိမ်ထောင် မပြုစေ ချင်တဲ့ သမီးလေးရဲ့ အကြောင်းပြော ပြလာတဲ့ သရုပ်ဆောင် မေကဗျာ

ပရိသတ်ကြီးရေ မေကဗျာကတော့ ဗီဒီယိုခေတ်ကတည်းက ဇာတ်ကားတွေအများအပြားမှာ ပါ ဝင် သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်နော်။အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်း မှန်းမှန်လုပ်ဆောင်နေပြီး ရုပ်ရုင်ဇာတ်ကားကြီးတွေနဲ့ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေတာဖြစ် ပါတယ်။မေကဗျာက အခုလိုကိုဗစ်ကာလမှာတော့ ရိုက်ကူးရေးတွေလည်း နားထားရတာဖြစ်လို့ စီးပွားရေးလေးကို တိုးတက်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ မေကဗျာက သူမကို အိမ်ထောင်မပြုစေချင်တဲ့ သမီးလေး ဂင်္ဂါ မေရဲ့ အကြောင်းကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်

မေကဗျာက “အိမ်ထောင်ပြိုကွဲခဲ့တာအတွက် နာကျင်ခဲ့ရတာတော့မရှိပါဘူး ကဗျာကံကောင်း တယ်လို့ပြောရမယ် မချောစုခင်ဆို အရမ်းပြောတယ် သမီးကအရမ်းကံကောင်းတယ် အမြဲ တ မ်းဆုံတိုင်းပြောတယ် သမီးကိုကြည့်လိုက်ရင် သမီးက စိတ်ချမ်းသာရတယ် အပူအပင်လည်းမရှိရ ဘူး ဆိုတော့ သူပြောတာလည်းဟုတ်တာပဲ ကိုယ့်မှာကိုယ့်မျိုးဆက်လေးရှိတယ် အိမ်ထောင်ရေး ဒုက္ခလည်းမခံစားရဘူး အခုအခြေအနေလေးက စိတ်ချမ်းသာနေရတယ်

သမီးကကိုယ့်ကိုနားလည်လွန်းတဲ့ ကလေးလေးပါဒီအရွယ်မှမဟုတ်ဘူး ငယ် ငယ် က တည်း က မိဘအပေါ်ကော တဖက်သားအပေါ်ကော အရမ်းနားလည်ပေးတယ် အထူးသဖြင့် ကဗျာတို့အ ပေါ်ကိုအရမ်းနားလည်ပေးတယ် မင်းသမီးဖြစ်တာက တကြောင်းရယ် ဘိုကျောင်းတက်တဲ့ အခါ ကျတော့ ကိုယ့်ကိုကိုယ်အားကိုးတယ် ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတဲ့အသိ သူတို့မှာရှိတယ

အမေရော ကဗျာရောကလည်း သူဖြစ်ချင်တာကို တတ်နိုင်သလောက်ပံ့ပိုးပေးတယ် သူကတော့ အေးအေးဆေးဆေးပဲ နဂိုကတည်းကထူးထူးဆန်းဆန်းလေး ဘိုကျောင်းတက်တဲ့အခါကျတော့ အေးအေးဆေးဆေး ကိုယ့်အားကိုယ်ကိုး နေတတ်သွားတာပေါ့

သူကတော့ ကဗျာ့ကိုနောက်အိမ်ထောင်မပြုစေချင်ဘူး ကိုယ်ကသူနဲ့တူတူ ဆော့နေပြုနေတဲ့အခါ ကျတော့ သူကတော့ အိမ်ထောင်မပြုစေချင်ဘူးပေါ့နော် ဒါကတော့ဘယ်သားသမီးမဆို ကိုယ့်မိ ဘ ကိုကတော့ သူတို့နဲ့ပဲတသက်လုံးနေစေချင်တာလေ” လို့ဆိုသွားခဲ့တာဖြစ်ပါတယ်

မေကဗျာက သူမရဲ့ အေးဆေးပြီး ကိုယ့်အားကိုယ်ကိုး တတ်တဲ့သမီးလေးအကြောင်း ပြောပြလာ ခဲ့ တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ် နော်

Comments are closed.