ဖိလစ်ပိုင်ကဇာတ်ကားရိုက်ဖို့ကမ်းလှမ်းခံရတဲ့အပေါ်ပြောပြလာတဲ့ မြန် မာ မော်ဒယ် Hu Go

ဖိလစ်ပိုင်ကဇာတ်ကားရိုက်ဖို့ကမ်းလှမ်းခံရတဲ့အပေါ်ပြောပြလာတဲ့ မြန် မာ မော်ဒယ် Hu Go

လက်ရှိမှာ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ Hugo ကတော့ မကြာ ခင် မှာ ပဲ ဖိလစ်ပိုင်ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး Hugo က“အခုကျွန်တော်ဖိလစ်ပိုင်မှာသွားရိုက်မယ့်ကားက BL Series ပေါ့ တကယ်တော့ series က ၂ခု တစ်ခုကတော့ အောင်မြင်ပြီးသားစီးရီးပေါ့ သူတို့ဆီမှာ အော င်မြင်ထားတဲ့ series ရဲ့ season 1 က အခုပြနေတယ် ကျွန်တော်ကတော့ season 2 မှာ ကမ်း လှမ်းခံထားရတာ ကျွန်တော့်ဇာတ်ကောင်လည်းအရမ်းမိုက်တယ်နောက်တစ်ကား က ကျ တော့ ကျွန်တော်သီးသန့်ပေါ့ ပြီးရင် အဲဒီ့ကား၂ခုက သွားဆုံမှာ” လို့ပြောထားပါတယ်။

လက်ခံရိုက်ကူးဖြစ်မယ့် ဇာတ်ကားအကြောင်းလေးကိုတော့“ကျွန်တော်ရိုက်ရမယ့် ကား က Rainbow Prince အဲဒီ့အထဲမှာ ကျွန်တော်ကတခြားနိုင်ငံကလာတဲ့သူတစ်ယောက်ပေါ့ ကျွန် တော့်အဖေက ဘုရင်ပေါ့ အာဏာရှင်တစ်ယောက်ပေါ့ ကျွန်တော်ကျတော့လွတ်လွတ်လပ် လပ် နေရတာကြိုက်တယ် အချုပ်အခြာအာဏာနဲ့နေရတာမကြိုက်ဘူး အမြဲတမ်းကိုယ့်ဘ ဝကိုယ် ရုန်း ကန်ဖို့ကြိုးစားနေတဲ့သူ သူတို့ပေးစားတဲ့သူကိုလည်းမယူချင်ဘူးဆိုတော့ ထွက်ပြေးပြီး ဖိ လ စ် ပိုင်ရောက်သွားတဲ့အချိန်မှာ အဖေ့ရဲ့ကိုယ်ရံတော်တွေက ကျွန်တော့်ကိုလိုက်တိုက်ခိုက်မှာပေါ့ action အခန်းတအားများတယ် ဒီ BL series က အချစ်အခန်းတွေလည်းပါတယ် အရမ်းမများ ဘူး သပ်သပ်ရပ်ရပ် သေသေသပ်သပ်ရှိတာပေါ့ ” လို့ ပြောပြထားပါတယ်။

“BL series ဆိုရင်လူတွေသိတာကျတော့ international ကိုထိုးဖောက်ချင်တာနဲ့ လူတွေကို လွှမ်းမိုးချင်တာ တချို့ရိုက်တာတွေကျတော့ ဂယက်ပဲ နည်းနည်းရွံဖို့ကောင်းတယ် အဲ့တာမျိုး ကျ တော့ ကျွန်တော်မရိုက်ဘူး”

“ကျွန်တော့်ကိုအရင်ကတည်းက ကမ်းလှမ်းတာတွေရှိတယ် ဒေါ်လာနဲ့ကမ်းလှမ်းတယ် ဒါပေမယ့် ခပ်ညံ့ညံ့ဒါရိုက်တာနဲ့ ခပ်ညံ့ညံ့ setting တွေနဲ့ အနမ်းခန်းတွေလည်းပါတယ် ရိုက်ချက်တွေကရွံ စ ရာ ပုံစံတွေဖြစ်သွားတယ်”

“ဟိုကားကျကတော့ ယူကျူ့ပ်မှာ ကြည့်ရှုသူတွေက 3 billions လောက်ရှိတယ် အောင်မြင်နေ တဲ့ channel တစ်ခု အဲဒီ့ production ကလည်း အရမ်းမိုက်တယ် တခြားကားတွေရိုက်ထား တာအများကြီး BL series ကသူတို့ဆီမှာ အခုမှစရိုက်တာ သူတို့ရိုက်တဲ့ပုံစံက classic အရ မ်း ဆန် တယ် အဲဒီ့အတွက်ဝမ်းသာတယ် ” လို့ ဇာတ်ကားလက်ခံရိုက်ကူးဖြစ်ပုံကို ပြောပြထား ပါ တယ်။

Oxin Flim Productionကနေ ဒီဇာတ်ကားကို ရိုက်ကူးမယ့်အတွက် Hugoကတော့“သူ တို့ ဆီက Post တင်လိုက်တာနဲ့ မနေ့တနေ့ကမှ ဖွင့်ထားတဲ့ ကျွန်တော့်ရဲ့ အစ်တာဂရမ်က ၃ထောင် ကျော်လောက်ထိတတ်သွားတယ် သူတို့က post တင်ကြေညာတဲ့အထဲမှာ ဒီကောင်လေးက ဘာ သာစကား ၆မျိုးလေက်တတ်တယ်လို့ ရေးထားတာ အဲဒီ့အထဲမှာ တူရကီလည်းပါတယ် အဲဒီ့မှာ တူ ရကီက အမိမြေလိုမျိုး ရေးထားတော့ အမှန်တကယ် ကျွန်တော်က တူရကီကလာတာ မြန် မာက ကျွန်တော့အမိမြေ”

“BL Series ကြိုက်တဲ့သူတွေက ယောကျ်ားလေးမရှိဘူး မိန်းကလေးများတယ် သူတို့က ကိုရီ ယား ကိုလည်း သဘောကျကြတယ် အားပေးအရမ်းကြမ်းတယ် Twitter စဖွင့်တာနဲ့ follower 200ကျော်လောက်ရတယ် အခု live လွှင့်ရင် တူရကီလည်းပြောတယ် မြန်မာလည်းပြောတယ် အ င်္ဂလိပ်လည်းပြောတယ် အဆင်အရမ်းပြေတယ် ဖန်အားတောင့်သွားရင် ကျွန်တော်ဒီမှာ ပ ရော ဂျက်လေးတစ်ခုလုပ်ဖို့ စီစဉ်ထားတယ် ” လို့ Fan အင်အားများလာတာနဲ့ပတ်သတ်ပြီး ပြော ပြ ခဲ့ ပါတယ်။

ရှေ့ဆက်မယ့် အနုပညာလှုပ်ရှားမှုအနေနဲ့“ဒီစီးရီးပြီးရင်တော့ My Day series 2 ကိုထပ်ရိုက်ဦး မယ်လို့ စီစဉ်ထားပါတယ် ကျွန်တော်ကသာ ဖိလစ်ပိုင်မရောက်သေးတာ ဟိုကဒါရိုက်တာက အင် တာ နေရှင်နယ်ဈေးကွက်ကိုကိုင်တဲ့သူ ဟိုမှကြေညာတွေတောင်သူက လက်ခံပြီးသွားပြီ အဲဒီ့ တော့ အရမ်း စိတ်လှုပ်ရှားတယ် ” လို့ဆိုထားပါတယ်။

ဒီလိုအဆင်ပြေပြေ ဖြစ်သွားတဲ့အတွက် Hugo ကတော့အားပေးကြမ်းကြတဲ့ အ တွက် အား လုံးကိုကျေးဇူးတင်ပါတယ် ဒါတွေက we love တွေရဲ့ကျေးဇူးပဲ ကျွန်တော့်မြန်မာကပရိ သတ် ကလည်း ကျွန်တော်လွတ်လွတ်လပ်လပ်နေတာ ဆိုးဆိုးသွမ်းသွမ်းနေတာကို ကြိုက်ပေးကြတယ် နားလည်ပေးကြတယ် ကျွန်တော်ကနေပုံထိုင်ပုံသိပ်မတတ်ဘူး အဲ့တာကိုသူတို့နားလည်ပေး ကြ တယ်ပေါ့ ”

“အခုတလောအနုပညာလှုပ်ရှားမှုကတော့ MTV ရိုက်နေတယ် ကြေညာတွေလက်ခံ ထားတာ တွေ ရှိတယ် Album ထွက်ဖို့ရှိတယ် ကျွန်တော်ဒီမှာလည်း audition တွေဝင်ပြိုင်တယ် main character တောင်မဟုတ်ဘူး ဒါပေမဲ့ မအောင်ဖူးပေါ့ ဟိုက ဘာမဆိုင်ညာမဆိုင် audition ခေါ် တာကိုဝင်လျှောက်လိုက်တာ အောင်သွားတယ် အခုဖြစ်လာမယ့် အရာအတွက် ကျွန်တော် ကိုယ် တိုင်လည်းစိတ်လှုပ်ရှားနေတယ် ပရိသတ်ကိုလည်း မျှော်လင့်ရကျိုးနပ်ပါစေမယ်လို့ ပြော ချင် ပါတယ်” လို့ ဆိုကာ we love တွေကို ကျေးဇူးတင်ထားတာပဲဖြစ်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.