သံမဏိ လူသားမဟုတ်လို့ ကိုဗစ်ဖြစ် တာ မဆန်းပါဘူးလို့ ဆိုလာတဲ့ ထွန်း ကိုကို

သံမဏိ လူသားမဟုတ်လို့ ကိုဗစ်ဖြစ် တာ မဆန်းပါဘူးလို့ ဆိုလာတဲ့ ထွန်း ကိုကို

ထွန်းကိုကိုဟာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ဦးကျော်သူကို ဝေဘာဂီမှာ လိုက်လံပြုစုစောင့် ရှောက် ပေးရင်း သူ့ဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။ 

ထွန်းကိုကို ကတော့ ဝေဘာဂီမှာ ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေအရ ပြုစုစောင့်ရှောက် ပေး ရင်း အောက်တိုဘာလ (၂၄) ရက်နေ့က Swab testing ပြုလုပ်ခဲ့တာပါ။ ဒီနေ့ အောက်တို ဘာ လ (၂၇) ရက်နေ့မှာတော့ ကျန်းမာရေးဆေးစစ်ချက် အဖြေကို ထွန်းကိုကို က ပရိသတ်သိ အောင် ပြောပြလာပါတယ်။ 

“သံမဏိလူသားလည်း မဟုတ်ဘူး။စက်ရုပ်လူသားလဲ  မဟုတ်ဘူး။ပါဝါရိန်းဂျားလည်း မဟုတ်ဘူး။ P ဖြစ် တာ မဆန်း ပါဘူး” ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၉) နာရီခွဲကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးကျော်သူရော၊ ထွန်းကိုကိုရော ကျန်းမာ ရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က Duwun အင်တာ ဗျူးမှာပြောပြခဲ့ပါတယ်။ ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို ပရိသတ်၊ သူင ယ်ချင်း မိတ်ဆွေများသိအောင် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း အသိပေး ပြောပြနေတာတွေ့ရ ပါ တယ်။

ဦးကျော်သူနဲ့ ထွန်းကိုကိုတို့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် နာရေး ကူညီမှု အသင်းသားတွေရော၊ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက ဆုတောင်းပေးနေကြ တာ ကိုလည်း တွေ့ရပါတယ်။ ထွန်းကိုကို က Covid ကာလအတွင်း နာရေးကူညီမှုအသင်း က နေ တဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူ ဖြစ်ပါတယ်။

Comments are closed.