လင်မယားနှစ်ယောက် အခန်းခွဲပြီး အိ ပ်နေကြရတဲ့ အကြောင်းကို ပြော ပြ လာ တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

လင်မယားနှစ်ယောက် အခန်းခွဲပြီး အိ ပ်နေကြရတဲ့ အကြောင်းကို ပြော ပြ လာ တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

ထပ်ဆင့်အကယ်ဒမီကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးခိုင်သင်းကြည်ကတော့ ပရိသတ်တွေရဲ့အချစ် ကို နှစ်ပေါင်းများစွာသိမ်းပိုက်ထားတဲ့ မင်းသမီးတစ်လက်ပါ။ ဘယ်ဇာတ်ရုပ်ကိုမဆိုပိုင်ပိုင် နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးကြီးကတော့ ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ယခုကိုဗစ်ကာလကြီးမှာ ကိုဗစ်ကူး စက်မှု ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် အခန်းချင်းခွဲအိပ်ပြီး နေနေရတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

“COVID-19 ကာလမှာ မခိုင် တို့က အလုပ် မလုပ်ဘဲ နေလို့ ရပေမယ့် ဦးခန့်နိုင် ရဲ့ စက်ရုံက ပိတ် ထားလို့မရဘူး။အလုပ်သမားတွေကိလစာပေးနိုင်ဖို့ စက်ရုံလည်ပတ်ဖို့လိုနေတော့ ပြန်ဖွင့်ရတ ယ် ဒါ့အပြင် အော်ဒါတွေကလည်းရှိသေးတော့သွားနေရတယ် ဦးခန့်နိုင် က သူ့သမီးလေး အတွက် အ ရမ်း စိတ်ပူနေတယ်။ အလုပ်က ပြန်လာရင် အိမ် အပြင်မှာပဲ ရေချိုးတယ်။ အိပ်ရင်လည်း အ ခန်း ခွဲ အိပ်တယ်။ တစ်အိမ်ထဲ နေပြီး Video Call နဲ့ စကားပြောနေရတယ် ” လို့ လက်ရှိ အခ န်း ခွဲ အိပ်နေရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

” မခိုင်လေးတို့က ဘာလို့ စိတ်ပူလဲဆိုတော့ အမေကြီးကလည်း အသက် ၈၀ ကျော် ကြီး ဆိုတော့ သူ့ကို စိတ်ပူရတယ် နောက်ထိပ်ထိပ်ကလည်း ငယ်ငယ်က ပေါင်မပြည့်ပဲမွေးလာတာဆိုတော့ ကျ န်းမာရေးချူချာတယ် ငယ်ငယ်ကဆို ကျောင်းမှာ တစ်ယောက်ယောက်ဖျားရင် သူအရင်ကူးတာပဲ အခုကိုဗစ်ဖြစ်တော့လည်း ထိပ်ထိပ်ကို ကူးမှာကို သူ့အဖေကအရမ်းစိုးရိမ်တာ”

“သူ့အဖေကသူ့ကို လူနာတစ်ယောက်လိုပဲ ဆက်ဆံဖို့မှာထားတယ် အစစအရာရာ ခွဲနေတယ် ထမင်းတောင်သူ့ကိုသက်သက်ပို့ပေးရတယ် မခိုင်လေးလည်းကြော်ငြာတွေ ဘာတွေရိုက်ဖို့ လက် ခံထားတာတွေလည်းနောက်လကိုရွှေ့ထားရတယ် ကိုယ့်ဘာသာအွန်လိုင်းမှာတင်တာလေးတွေပဲ လုပ်နေရတယ် အခု Live Sales တွေလည်းလာအပ်ထားတာရှိတယ် သူတို့ကတော့ မခိုင်လေး အပြင်ထွက်တာစောင့်နေကြတာပေါ့ အခုတော့ ဘာလုပ်ရမှန်းမသိသေးဘူး ” လို့ ကိုဗစ်ကာလ မှာ စိတ်ပူနေရတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

မခိုင်လေးကတော့ ကိုဗစ်ကာလမှာ အလုပ်သွားနေရတဲ့ ယောကျာ်းဖြစ်သူကြောင့် အခန်းခွဲအိပ် နေရတဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူး တင် ပါတယ်နော်

Comments are closed.