သားလေးမွေးရင် MMA ထိုးခိုင်းမယ် ဆိုတဲ့ မင်းရာဇာ

သားလေးမွေးရင် MMA ထိုးခိုင်းမယ် ဆိုတဲ့ မင်းရာဇာ

သရုပ်ဆောင် မင်းရာဇာကတော့ ပြောင်မြောက်တဲ့ အက်ရှင်ပြကွက်တွေနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသား ဖြစ်ပါတယ်။ ယောက်ျားဆန်ပြီး ခပ်မိုက်မိုက် သရုပ်ဆောင် ဟန်ပန်တွေကြောင့် ပရိသတ်တွေက လက်ခံအားပေးကြတာပါ။ မင်းရာဇာကတော့ ချစ်ဇနီးချောလေးမှာ ဒုတိယ ကိုယ်ဝန် လွယ်ထားရတဲ့အတွက် ဝမ်းသာနေပါတယ်။ ပထမ သမီးဦးလေးကို မွေးဖွားပြီး ဒုတိယ ကိုယ်ဝန်မှာ သားလေး ဖြစ်တဲ့အတွက် အပျော်ကြီး ပျော်နေတာပါ။ သားလေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေကိုလည်း အင်တာဗျူးမှာ ခုလို ပြောသွားပါတယ်။

“ကလေးက သုံးယောက် လိုချင်ပါတယ်။ ကျွန်တော့် အမျိုးသမီးက ကျွန်တော့်ရဲ့ ဒုတိယ ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ ၃ လပိုင်းမှာ မွေးမှာပါ။ ယောက်ျားလေးပါ။ သမီးလေးကတော့ အခု ၄ နှစ်ခွဲ ရှိသွားပါပြီ။

ကျွန်တော်က အရမ်း martial art နဲ့ပတ်သက်ပြီး ဝါသနာပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက MMA ပွဲတွေ မရှိခဲ့ဘူး။ သားလေးမွေးရင် ထိုးခိုင်းမယ်ဆိုတော့ ကျွန်တော့်ဇနီးက မျက်ခုံး လှုပ်နေတယ်။ ကျွန်တော်က အသက်ကြီးသွားလို့ နို့မို့ဆို ဝင်ထိုးမှာ။ ကျွန်တော် မထိုးခဲ့ရတာကို သားလေးကို ထိုးခိုင်းမှာ။” လို့ ဆိုပါတယ်။

အနုပညာပိုးပါတဲ့ သမီးလေး အကြောင်းကိုလည်း မင်းရာဇာက ခုလို ပြောသွားပါတယ်။

“မနေ့ကပဲ ကျွန်တော့်သမီးလေးနဲ့ ပထမဆုံး အပြင်သွားတာလေး တင်ထားပါတယ်။ အမေနဲ့ ခွဲပြီး တစ်ခါမှ အဖေ့ရဲ့ အလုပ်ကို မလိုက်ဖူးဘူး။ သားအဖ နှစ်ယောက်တည်း သွားတာဆိုတော့ သမီးက လူကြီး ဖြစ်နေပါပြီ။ ကျောင်းကတော့ pre-school တက်နေပါတယ်။

အဖေရဲ့ အနုပညာပိုးကတော့ ပါတယ်။ ဟိုတလောက ဂျာနယ်တစ်ခုအတွက် အကို့တို့ဓာတ်ပုံရိုက်ဖို့ အကိုနဲ့ မိန်းမက အဝတ်အစားလဲနေတုန်း သမီးပျောက်လို့ လိုက်ရှာတာ သူက အရှေ့မှာ သွားပြီး ဓာတ်ပုံအရိုက်ခံနေတယ်။ ကိုယ်တွေကတော့ ပညာရေးပိုင်းကို ဦးစားပေးပြီး ပညာတတ် ဖြစ်စေချင်တယ်။ ကြီးလာမှ သူ့ရဲ့ ဝါသနာက ဘယ်လိုလာမလဲ မသိဘူး။ ဝါသနာပါရာကို လမ်းခင်းပေးရမှာပေါ့။” လို့ ဆိုပါတယ်။

ကိုယ်ဝန် ၈ လရှိနေပြီ ဖြစ်တဲ့ ဇနီးသည်က သားယောက်ျားလေး မွေးပြီးရင်တော့ မင်းရာဇာတစ်ယောက် အပျော်ကြီး ပျော်နေတော့မှာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.