သမီးလေး တောင်းဆိုတိုင်း လိုက်ပြီး မလုပ်ပေးဖြစ်တဲ့ အကြောင်းကို ပြော ပြလာတဲ့ အေသင်ချိုဆွေ

သမီးလေး တောင်းဆိုတိုင်း လိုက်ပြီး မလုပ်ပေးဖြစ်တဲ့ အကြောင်းကို ပြော ပြလာတဲ့ အေသင်ချိုဆွေ

အဆိုတော်အေသင်ချိုဆွေကတော့ ချစ်ရတဲ့သမီးလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေး ကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ တစ်ကိုယ်တော် သီချင်းခွေ ၂ ခွေ ထွက်ရှိခဲ့ပြီးနောက် အနု ပညာလောကနဲ့ ခဏ ဝေးကွာသွားခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သီချင်းကောင်း များ နဲ့ အတူ ပြန်လည် ရောက်ရှိလာပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေကို အားကြိုး မာန် တက် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

ယခုကိုဗစ်ကာလမှာတော့ အေသင်ချိုဆွေဟာ သမီးလေးအိုင်ဗီကို ပိုမိုအချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ် သူမအနေနဲ့ အိုင်ဗီလေးကို ထိန်းကျောင်းရာမှာ အလိုမလိုက်ပဲ သမီးလေးတောင်းဆို တဲ့အတိုင်း လိုက်မလုပ်ပေးဖြစ်ဘူးလို့လည်းဆိုပါတယ်

ကလေးတွေကို သူတို့လုပ်ချင်တာ သူတို့ပေးလုပ်တာကောင်းပါတယ် ပြီးမှ အပြစ်ပေးတာမျိုး လုပ်ချင်လုပ်ပေါ့နော် အိမ်မှာတော့ သူ့ကိုစိတ်ကြိုက်ပေးလုပ်ခိုင်းထားတာပဲ ဆုံးမရတဲ့ အချိန် တွေလည်းရှိတာပေါ့ စကားပြောရတာပေါ့ အမှန်တကယ်ကတော့ ဆုံးမတာထက် စကားပြော ရတာပေါ့ အဲ့လိုအချိန်တွေမှာ သူ့ကို ပြောပြတယ်သူစပြီးတော့ အပြစ်လုပ်လုပ်ချင်းတုန်း က တော့ ငြိမ်ငြိမ်မနေဘူး ဟိုလျှောက်ပြေး ဒီလျှောက်ပြေးနဲ့ပေါ့ လူကြီးတွေရဲ့ Attention လိုချင် တာလည်းပါမှာပေါ့

သူက Smart ဖြစ်တာတော့တော်တော်ဖြစ်တယ် ဉာဏ်အရမ်းကောင်းတယ် ကြီးလို့ရှိရင် အမေ ကို ပြန်ဆရာလုပ်မယ့်ထဲမှာပါတယ် အဓိကက ဒီဘက်ခေတ်ကလေးတွေက ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့ဆိုပိုလုပ်တယ် ကိုယ့်တုန်းကလဲ အဲ့လိုပဲဆိုတော့ သူ့ကို အကုန်လုပ်ခွင့်ပေးထားတယ်

ပြီးတော့တခုခုဆို ဆူတယ် အပြစ်ပေးတယ် သူတောင်းဆိုတာတွေလိုက်ပြီးမလုပ်ပေးဘူး အဲ့လို ပုံစံနဲ့ပဲသွားတာပေါ့ အမေနဲ့သမီးဆိုတာထက်ကို သူငယ်ချင်းပေါင်းပေါင်းတာပေ့ါကိုယ်နဲ့သူက စိတ်ကြီးတာချင်းလည်းတူတယ် နည်းနည်း Strong ဖြစ်တာလည်းတူတယ် သူပြုတ်ကျသွားပြီ ဆိုရင် သူ့ကိုရီရင်သူမကြိုက်ဘူး စိတ်ဆိုးတယ် သူကစိတ်ကလည်းအရမ်းကောက်တတ်တယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ်

အေသင်ချိုဆွေကတော့ အိုင်ဗီလေးကို ထိန်းကျောင်းတဲ့သူ့ရဲ့ပုံစံလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်

Comments are closed.