ခင်လှိုင်ကို အားကျပြီး ပေါက်ကရလုပ် မိလို့မိန်းမဆူတာခံလိုက်ရတဲ့ အကြော င်း လေးကို ပြောပြလာတဲ့ မင်းညီ

ခင်လှိုင်ကို အားကျပြီး ပေါက်ကရလုပ် မိလို့မိန်းမဆူတာခံလိုက်ရတဲ့ အကြော င်း လေးကို ပြောပြလာတဲ့ မင်းညီ

သားသမီးလေးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ကြည်နူးဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သ ရုပ် ဆောင် ဒါရိုက်တာ မင်းညီကတော့ မိသားစုအတွက်အလုပ် ကြိုးစားရင်း သားသမီးတွေအ တွက်လည်း အဖက်ဖက်ကဖြည့်ဆည်းပေးဖို့ ကြိုးစားနေသူပါ။

မင်းညီကတော့ သူ့မိသားစုအကြောင်းလေးကိုမိသားစုနဲ့ကတော့ ပျော်ပျော် ပျော် ရွှင် ရွှင် ပါပဲ အ ချိန်ပိုပေးဖြစ်တယ် အိမ်မှာပဲနေရယ်ဆိုတော့လေ သူတို့ ကလေးသုံးယောက်ကိုလည်း ကျွန် တော် က ဂရုစိုက်တယ် ချစ်လည်းချစ်တယ် သူတို့ရေကူးကန်လိုချင်တယ်ဆိုရင် ကျွန်တော်ရေကူး ကန် ကြံ ဖန်ပြီးတော့ မဖြစ်ဖြစ်အောင်လုပ်ပေးတယ် ရေကူးကန်လေးရတော့ အတူတူရေဆော့ ဖြ စ် တယ် နေ့တိုင်းနီးပါး ရေဆော့ဖြစ်တယ် ကျန်းမာရေးအရလည်း ကိုယ်ရည်စစ်တာပေါ့လေ ဘာ မှကိုယ်လက်လှုပ်ရှားမရှိတာထက်စာရင်တော့ပေါ့နော်”

“သားသမီးသုံးယောက်ကိုပျော်ရွှင်အောင်တော့ ကျွန်တော်ထားဖြစ်ပါတယ် သူတို့ကလည်း ကျွန် တော့်ရုံးအလုပ်တွေပေါ့နော် အွန်လိုင်းကနေ တောက်လျှောက်လုပ်နေရတာနဲ့ ကျွန်တော်အားတဲ့ အ ချိန် သူတို့ကိုအချိန်ပေးတာနဲ့ တစ်နေ့တစ်နေ့ ဘယ်လိုကုန်သွားမှန်းတောင်မသိပါဘူး ည ရော က် ရင်လည်းသူတို့ကိုဆုံးမရတာနဲ့ သူတို့ဘဝအတွက် လမ်းကြောင်းလေးပေးရတာနဲ့ ဒီလိုပါပဲ တစ် နေ့တစ်နေ့အချိန်ကုန်သွားတာ” လို့ ပြောပြခဲ့ပါတယ်။

ကိုခင်လှိုင်ကို အားကျပြီး ဆံပင်ဆေးဆိုးလိုက်မိတဲ့အတွက် မိန်းမရဲ့အဆူခံရပုံလေးကိုတော့
“ကျွန် တော့်အမျိုးသမီးက Live လွှင့်ပြီးဈေးရောင်းဖို့ရှိတာ ကျွန်တော်ကလည်း သူ့ Live မှာ ဝင်ကူပေးမယ်ပေါ့ ဆန်းအောင်ဆိုပြီး သွားလုပ်လိုက်တော့ သူရောင်းမယ့်ပစ္စည်းနဲ့ သီတင်းကျွတ် မီးတွေထွန်း ဘုရားတရားလုပ်ဖို့နဲ့ ကျွန်တော့ရုပ်ရည်နဲ့ဘယ်လိုမှကို အဆင်မပြေဘူး အလုပ်လုပ် ခါ နီးရန်ဖြစ်ရတာ မကောင်းဘူးတွေပြောတော့ နားငြီးလို့ ကျွန်တော်အနက်ပြန်ဆိုးလိုက်တာ နော က်နေ့ကျတော့ ဆိုးချင်ရင်ပြန်ဆိုးလို့တော့ပြောပါတယ် ဒါပေမဲ့ မဆိုးတော့ဘူးလို့ အဲဒီ့ ကိစ္စ ကို မေ့လိုက်ပြီလို့ ” လို့ပြောပြခဲ့ပါတယ်။

သားသမီးတွေကို အနုပညာအလုပ်လုပ်စေချင်တဲ့အကြောင်းလေးကိုတော့“ကျွန်တော် တို့ မိ သားစုလေးကို အတတ်နိုင်ဆုံး နုပညာမိသားစုလေးဖြစ်အောင် တည်ဆောက်နေပါတယ် ကျွန် တော်တို့မရှိတော့ဘူးဆိုရင်လည်း ကျွန်တော့်သားသမီးတွေကို ကျွန်တော်တို့ထက်ပိုချစ်ပေးပါ ကျွန် တော်တို့တုန်းကမရခဲ့တဲ့ ခေါင်းဆောင်မင်းသားမင်းသမီးဆိုတဲ့ နေရာမျိုးတွေ သူတို့လုပ်ချင် တဲ့အနုပညာလေးတွေကိုလုပ်ဖို့က ပရိသတ်အားပေးမှုရှိမှဖြစ်မှာလေ”

“ပရိသတ်တွေလည်းကျွန်တော့်သားသမီးလေးတွေကို အားပေးပေးပါ ကျွန်တော်ကတော့ ဂိတ် ဆုံးသွားပါပြီ ကျွန်တော်လုပ်ချင်တဲ့အနုပညာအလုပ်တွေကိုဆက်လုပ်သွားဦးမှာပါ ကျွန်တော့်သား သမီးတွေကိုအားပေးရင် ကျွန်တော်တကျော့ပြန်အားပေးခံရရင်တော့ကောင်းတာပေါ့” လို့ ပွင့် ပွင့် လင်းလင်းပြောပြခဲ့ပါတယ်။

မင်းညီကတော့ ပရိသတ်တွေအတွက်“ပရိသတ်တွေကိုပြောချင်တာကတော့ ကျွန်တော်တို့ကို အားပေးပါလို့ပြောရင် အတ္တဆန်ပါတယ် အခုအချိန်မှာ ကျန်းမာရေးကို ဂရုစိုက်ပါ အသက် ရှင် ကျန်ခဲ့အောင် နေပါ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့စည်းမျဉ်းတွေအပြင် ကိုယ့်အသိ စိတ် နဲ့ကိုယ် မိမိကိုယ်ကိုကာကွယ်ခြင်းဟာ မိမိတိုင်းပြည်ကိုကာကွယ်ခြင်းလို့ သတ်မှတ်ပြီး ဂရု စိုက်ကြပါ ကိုဗစ်ကာကွယ်ဆေးတွေထွက်ပြီး ပြန်လည်ကောင်းမွန်သွားတဲ့အချိန်မှာလည်း သင့် တော်တဲ့ပါတီ ကိုယ့်သားသမီးတွေ အနာဂါတ်မျိုးဆက်တွေအတွက် ဖောင်ဒေးရှင်းကောင်း ကော င်းကျန်ခဲ့အောင် ကျွန်တော်တို့တုန်းကလိုမခက်ခဲအောင် မဲပေးခြင်းဖြင့် စောင့်ရှောက်ကြပါ” လို့ စကားလေးပါးပြီး ကိုယ့်ကိုကိုယ်စောင့်ရှောက်ဖို့ မဲပေးဖို့မမေ့ဖို့ တိုက်တွန်းထားပါသေးတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.