ညီအစ်ကို အရင်းတွေဆိုပေမယ့် လုံးဝ တခြားစီ ဖြစ်နေတဲ့အကြောင်းကို ပြော ပြလာတဲ့ သရုပ်ဆောင် ထူးခြား

ညီအစ်ကို အရင်းတွေဆိုပေမယ့် လုံးဝ တခြားစီ ဖြစ်နေတဲ့အကြောင်းကို ပြော ပြလာတဲ့ သရုပ်ဆောင် ထူးခြား

အမြဲသွက်လက်တက်ကြွတဲ့ဟန်ပန်တွေနဲ့ ပရိသတ်အားပေးမှုရထားတဲ့ ထူးခြားကတော့ သူနဲ့ပုံစံမတူတဲ့ ညီလေး မင်းတော်ဝင်အကြောင်းကို ပရိသတ်ကို အခုလိုပဲပြောပြခဲ့ပါတယ်။

မင်းတော်ဝင်ကတော့ အနုပညာအလုပ်တွေအတွက် ဆရာဝန်ဘဝကိုစွန့်လွှတ်ထားတဲ့ တက် သစ် စမင်းသားတစ်လက်ဖြစ်ပါတယ်။သူတို့၂ဦးညီအစ်ကိုတွေမှန်း ပရိသတ်သိပ်မသိတာနဲ့ ပတ် သတ်ပြီး ထူးခြားက“ကျွန်တော်တို့ညီအစ်ကို၂ယောက်ကတစ်အချက် အသက်ကွာတယ် ၇နှစ် လောက်ကွာတယ် ကျွန်တော်၁၇နှစ် လူပျိုဖြစ်ပြီးကဲနေတဲ့အချိန်မှာ ဒီကောင်က ၁၀နှစ် ငမြောက် ငခြောက်ပဲရှိသေးတာလေ မတွဲဖြစ်ဘူး ညီအစ်ကိုသာဖြစ်နေတာ အမြဲတမ်းတော့ ဖုန်းပြောဖြစ် ပါတယ်”

“ပုံစံကြည့်လေ ကျွန်တော်က တက်တူးဗရပျစ်နဲ့ ဒီကောင်းကနူးနူးညံ့ညံ့ စာလည်းတော်တယ် အနု ပညာအရပြောရရင် ဒီကောင်ကျွန်တော့်ထက် စောစောလုပ်ခဲ့တယ် ကျွန်တော်တက္ကသိုလ် တတ် တုန်း အလွန်ဆုံးလုပ်ဖြစ် သီချင်းဆိုတာပဲ ဒီကောင်က ပြဇာတ်တွေရေးတယ် ပြဇာတ်တွေက တယ် ကျွန်တော်က ၁၀တန်းပြီးမှ မော်ဒယ်စလုပ်တာ ဒီကောင်က ကျောင်းကတည်းက အနုပညာ ကိုစလုပ်တာ အနုပညာကိုပိုဝါသနာပါတယ် အနေအေးတယ် ရှိလို့ရှိမှန်းတောင်မသိရဘူး ကျွန် တော် ကတော့ ရောက်တာနဲ့ ဆူညံပွက်လောရိုက်နေတာ ကျွန်တော်ကစနေ သောကြာလည်းမ ဟုတ်ဘူး စကားတအားများတာ ၁နာ၂နာရီ တရစပ်ပဲ”လို့ ညီအစ်ကို၂ယောက်ကွာခြားနေပုံကို ပြောပြခဲ့ပါတယ်။

ဆရာဝန်အလုပ်ကိုစွန့်ပြီး အနုပညာအလုပ်တွေပဲ အာရုံစိုက်လုပ်နေတဲ့ ညီငယ်အကြောင်းကို တော့ ထူးခြားက“အရင်ပထမတော့ အမေက ဆရာဝန်လုပ်စေချင် တယ် ကျွန်တော်တို့ကဝိုင်း ပြောရတာပေါ့ ဝါသနာပါတာလေးလုပ်မှအောင်မြင်တာလေ အခုတော့ အရာလေးထင်လာပြီပေါ့ ဆရာဝန်အလုပ်လေး စွန့်လွှတ်ထားရတာ မဆိုးဘူးပေါ့”လို့ဆိုလာပါတယ်။

ထူးခြားကတော့”ကျွန်တော်ငယ်ငယ်ကစာတော်တယ် Scholarship လည်းရတယ် ကျွန်တော် က အရွဲ့တိုက်တာ ဂုဏ်ထူးမပါကတည်းက သတင်းစာကိုမဖတ်တော့တာ ကျွန်တော်အရင်က guide တွေဘာတွေလုပ်သေးတယ်စာတော်တယ်ပေါ့ အမေကတော့ မှီခိုအစစ် အဖေကတော့ LLB ရှေ့နေပေါ့”လို့ သူငယ်စဉ်က အရွဲ့တိုက်ပုံတွေကို ပြောပြခဲ့ပါသေးတယ်။

ညီဖြစ်သူအနုပညာအလုပ်လုပ်တဲ့အတွက် ထူးခြားကတော့“သူလည်းအရွယ်ရောက်ပြီ ဆို တော့ သူ့ဘာသာဆုံးဖြတ်ရမှာပေါ့ ကျွန်တော့််ကိုပဲကြည့်လေ ဒီအနုပညာလုပ်ငန်းက လွယ်သလား ခက်သလားဆိုတာ သူကတော့ တစ်ခုမဟုတ်တစ်ခုပေါ့ ဒီအလုပ်မလုပ်တော့ရင် ဆေးခန်းဖွင့်ရုံပဲ သူ့မှာထမင်းစားလက်မှတ်ရပြီးသား ” လို့ ဆိုထားတာပါ။

“ငယ်ငယ်တုန်းက သူကျောင်းကပြန်လာပြီး နို့ဆီခွက်ယူလာတာ ကန်မလို့ ညီလေးခဏလေး ကို ကိုကန်မယ်ဆိုပြီးကန်လိုက်တာ ခြေထောက်ဒဏ်ရာတော်တော်နက်သွားတယ် ကျွန်တော် ငယ်င ယ်ကတော်တော်အေးတယ် ကြီးမှဆိုးတာ ဒီကောင်က ငယ်ငယ်ကတော်တော်သောင်းကျ န်း တယ် နောက်တော့မှအနေအေးသွားတာ သူကတော့အခုအမေနဲ့နေတာပေါ့ မိဘကိုစောင့် ရှော က် ပါတယ်” လို့ ငယ်ငယ်ကအမှတ်တရတွေကိုလည်း ဝေမျှထားပါသေးတယ်။

“အနုပညာအလုပ်ကတော့ ကိုယ့်feel နဲ့ကိုယ်ပေါ့ ကျွန်တော်ကတော့ အဲ့တာကိုကြိုက်တယ် ကိုယ့် ဘာသာအဆင်ပြေသလိုလုပ် ကျွန်တော်နဲ့သူပေါင်းပြီး ဒါရိုက်တာလုပ်ဖူးတယ် နီးစပ်ပါ တယ် လူဆိုတာလည်း ဒီလိုမှပဲပြောဖြစ်တာလေ ကျွန်တော်က မန်းလေးနေလိုက် ရန်ကုန်နေ လိုက် ဆိုတော့ စကားမပြောဖြစ်တာလည်းရှိတယ် အဆင်မပြေတာလည်းရှိတယ် ဒါပေမဲ့ ကျွန် တော်တို့ညီအကိုမောင်နှမတွေက တစ်ယောက်ကိုတစ်ယောက် လေးစားကြတယ် ကျွန်တော် လည်း ကျွန်တော့်အစ်ကိုကို ကိုကို သားဆိုပြီးပြောတယ် ကျွန်တော်ညီတွေညီမတွေကလည်း ကျွန်တော့်ကိုလေးလေးစားစားဆက်ဆံကြတယ်” မောင်နှမတွေအကြောင်း ပြောပြထားတာပါ။

La La Kyi မှစီစဉ်တင်ဆက်ပြီး ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် Active Now ဇာတ်လမ်း တွဲ မှာ မင်းတော်ဝင်ပါဝင်သရုပ်ဆောင်မှာနဲ့ပတ်သတ်ပြီး ထူးခြားကတော့ “လူတစ်ယောက်က ပေါ် ပြီး ပျောက်သွားရင် မေ့သွားပြန်ရောလေ ကိုညို့ကိုလည်းကျေးဇူးတင်တယ် ကျွန်တော်တို့ တောင်မလုပ်ပေးနိုင်ဘူး သူ့မှာကြိုးစားထားရတာတွေလည်းရှိတယ်လေ ဒါလေးလွှင့်ရင်လည်း ကြည့် ပေးဖို့ ကျွန်တော်ကတော့ တောင်းဆိုချင်ပါတယ်” လို့ ဆိုထားပါတယ်။

ထူးခြားကတော့ နောက်ဆုံးအနေနဲ့ပရိသတ်ကို ညီလေးမင်းတော်ဝင်ပါဝင်ထားတဲ့ Active Now လေးကိုစောင့်မျှော်ကြည့်ရှုပေးဖို့တိုက်တွန်းထားရင်း သူနဲ့အတူ ညီလေးကိုပါ အားပေးဖို့တောင်း ဆို ထားပါတယ်။

Shwe yaung Myanmar( Writer – LLA )

Comments are closed.