မန်ယူအင်္ကျီဝတ်တိုင်း မင်းသွေးကိုသတိရတယ်ဆိုတဲ့ ထွန်းထွန်း

မန်ယူအင်္ကျီဝတ်တိုင်း မင်းသွေးကိုသတိရတယ်ဆိုတဲ့ ထွန်းထွန်း

တစ်နို်င်ငံလုံးကို ဝမ်းနည်းကြေကွဲစေခဲ့တဲ့ သရုပ်ဆောင်မင်းသွေးဆုံးပါးသွားမှုဟာ တစ်လကျော်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း မင်းသွေးကိုချစ်တဲ့သူတွေ၊သူငယ်ချင်းတွေရင်းနှီးသူတွေကိုတော့ အခုအချိန်အထိ ရိုက်ခတ်ဆဲပါ။ မင်းသွေးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ထွန်းထွန်းက မင်းသွေးကိုအမြဲလိုလိုသတိရမိနေကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာဖြေကြားထားပါတယ်။

ထွန်းထွန်းက မင်းသွေးကို စိတ်ထဲမှာအမြဲရှိနေကြောင်းကို “ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကောင်နဲ့က တအားကို ညီအစ်ကိုတွေလိုပဲရင်းနှီးခဲ့တာဆိုတော့ စိတ်မကောင်းဘူး။ အခုထိလည်း ဖြေမဆည်နိုင်တာမျိုးတော့မဟုတ်ပေမယ့် ရင်ထဲမှာအမြဲရှိနေတယ်။သတိရနေတယ်”လို့ ပြောပြထားပါတယ်။

ထွန်းထွန်းက မင်းသွေးဆုံးခါစတုန်းက ချုံးပွဲချငိုခဲ့မိပြီးအဲဒီအကြောင်းကို “ဒီကောင်နဲ့ကျွန်တော်နဲ့က 2009,2010 ဝန်းကျင်ကတည်းကပေါ့နော်။ ကျွန်တော်တို့နှင်းဆီတွေ စပြီးတော့ ကတယ်ပြုတယ်ဆို သူအမြဲပါလာတယ်။ ဒီနှင်းဆီအဖွဲ့ထဲမှာဆိုရင် သူနဲ့ကျွန်တော်နဲ့က မတိမ်းမယိမ်းပေါ့နော်။အငယ်ဆုံးနှစ်ကောင်ပေါ့။ ကျွန်တော်က ဒီကောင်နဲ့ခရီးထွက်ရင်တောင်မှ အတူတူသွားတတ်တာသူနဲ့ပဲ။ အဲ့တော့ အချို့ကိစ္စတွေက မတွေးရင်တောင်ခေါင်းထဲရောက်နေတယ်။ အမြဲတွေးမိနေတယ်။စိတ်မကောင်းဘူး။အခုလိုကြီးဖြစ်သွားတယ်ဆိုတော့။ကျွန်တော့်စိတ်ထဲမှာ လူဆိုတာတစ်ရက်တော့သေရမယ်။ဒါကို သူက လက်မခံနိုင်အောင်လုပ်ပြသွားတယ်”လို့ စိတ်မကောင်းစွာရင်ဖွင့်ထားပါတယ်။

မင်းသွေးနဲ့ ဘောလုံးပွဲတွေလည်းအရမ်းကိုအတူတူကြည့်ဖြစ်တာကြောင့် ဘောပွဲကြည့်တိုင်းသတိရကြောင်းကို “အင်္ကျီအသစ်တစ်ထည်ထွက်ပြီဆို ဒီကောင်လိုချင်တဲ့ဟာကို မှာဖြစ်တယ်။ သူက တော်တော်များများကိုသတိရအောင်လုပ်သွားတာ။ မန်ယူပွဲရောကမ္ဘာ့ဖလားတွေရောအစုံကြည့်တာ။သူနဲ့။ မန်ယူအင်္ကျီဝတ်တိုင်း မန်ယူပွဲကြည့်တိုင်းသတိရပါတယ်။ခရီးသွားနေတုန်းကဆိုမန်ယူပွဲကြည့်ဖို့ဆိုပြီး လမ်းမှာက တီဗီတွေလိုင်းတွေရှိတာမဟုတ်တော့ အင်တာနက်ထဲကနေမရမကတွေရှာပြီးကြည့်ကြတာ အမှတ်တရတွေက အများကြီးပဲသူနဲ့”လို့ပြောပြသွားပါတယ်။

ပရိသတ်ကြီးရော ထွန်းထွန်းလိုပဲမင်းသွေးကိုအမြဲသတိရနေသူတွေရှိကြလား။ မင်းသွေးအတွက်ကုသိုလ်တွေရောပြုပေးဖြစ်ကြလား။ မင်းသွေးရဲ့ရုပ်ရှင်ကားကြီး မုန်းစွဲရုံတင်ရင်ရော သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.