တစ်နာရီကို မြန်မာငွေ သုံးသိန်း သတ် မှတ်ထားတဲ့အကြောင်းပြော ပြလာ တဲ့ အလှမယ် သင်းသင်း

တစ်နာရီကို မြန်မာငွေ သုံးသိန်း သတ် မှတ်ထားတဲ့အကြောင်းပြော ပြလာ တဲ့ အလှမယ် သင်းသင်း

သရုပ်ဆောင် ဝေဠုကျော်အား တရားလိုဖြစ်သူ သင်းသင်းမှ ကာ+_မ+_လိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇန် န ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲ ဆိုခဲ့တာ ဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာအမှုရင်ဆိုင်နေတာ ဖြ စ်ပါ တယ် ။ယခုကိုဗစ်ကာလမှာတော့ အနုပညာရှင်အများစုဟာ ဝင်ငွေရပ်တန့်သွားကာ ရုန်းကန် နေခဲ့ရ တာ ဖြစ်ပြီး ဒီလိုရုန်းကန်ရတဲ့ထဲမှာ သင်းသင်းလည်းပါဝင်လာခဲ့ပါတယ်

ဒီလိုမျိုးအခက်အခဲတွေ ရှိနေပေမယ့် သင်းသင်းက သူမအနေနဲ့ Live Sale ရောင်းပေးဖို့ လာ ရော က် ကမ်းလှမ်းရာမှာ တနာရီ သုံးသိန်း သတ်မှတ်ထားတဲ့အကြောင်းနဲ့ဒီလို သတ်မှတ်ထားတဲ့ အပေါ်မှာ အပုပ်ချတဲ့သူတွေရှိလာတဲ့အကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ် ။

သင်းသင်းက ” သင်းလောလောဆယ် Live Sale လက်မခံထားဘူး တချို့နေရာတွေကြ အရမ်း ဝေးတယ် တချို့ကြတော့ ကိုယ့် Partner တွေနဲ့ကိုယ်သွားတာတွေရှိတယ် နည်းနည်းတော့ မရှိ မာ နလေးတော့ရှိတယ် Live လွှင့်ရင်လည်း လာငှားတဲ့သူတိုင်းကို မလိုက်ဖြစ်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ အခုဘယ်လိုလူတွေက ဘယ်လိုလွှင့်နေကြလဲ သင်းမသိဘူး ကိုယ့်ဘဝနဲ့ကိုယ်ရုန်းကန် နေ ရ တာဆိုတော့လေ Live လွှင့်တယ်ဆိုတာက မလွယ်ဘူး အဝတ်အစားဖိုးရှိမယ် မိတ်ကပ်ဖိုး ရှိမယ် သင်းမှာကိုယ်ပိုင်ကားမရှိဘူး Taxi ခရှိမယ်

Live လွှင့်တယ်ဆိုတာက ကိုယ့်ရဲ့အနုပညာကြေးလေးသတ်မှတ်ရတာရှိတယ် တစ်သိန်းလား နှစ် သိန်းလား သုံးသိန်းလားပေါ့ ဒါတွေက တစ်ဖက်ကနစ်နာဖို့လည်းမရှိပါဘူး အဲ့ဒါကြီးကို အလကား လို က်လုပ်ပေးပြီး Percentage နဲ့ယူခိုင်းတယ် သင်းသတ်မှတ်ထားတဲ့နှှုန်းက တနာရီကို ၃ သိန်း နောက်ပိုင်းမှာ တစ်နာရီ ပိုချင်လည်းပိုမယ် မေတ္တာဖြင့် ထပ်ပြီး Live လွှင့်ပေးလို့ရတယ်။ ဒါက တ နာရီ ၃ သိန်းကတော့ သင်းသတ်မှတ်ထားတဲ့ တန်းတစ်ခုပေါ့။

မနှစ်တုန်းကဆိုရင် သီချင်းလေးတွေစဆိုတယ် ဘဝမှာခံစားချက်တွေအများကြီးပဲ ဆွဲခေါ်တဲ့သူ က နည်းပါတယ် ပုတ်ချပစ်ခဲ့တာအများကြီးပဲ အခု Live လွှင့််ပြီးဈေးရောင်းတော့လည်း အဲ့လိုပဲ ကိုယ့်ကိုလာမေးတယ် ငှားတဲ့အချိန်မှာ ပြန်ကြားရပါတယ် သင်းစိတ်မကောင်းဘူး Live လွှင့်တဲ့ ချိန်မှာ သင်းသင်းကို ဒီလောက်နဲ့မေးပြီးသွားရင် ဟိုဘက်က ၃ နာရီကိုဘယ်လောက်ပဲပေးမယ် ဒီလောက်တော့ထားလိုက် ရောင်းရရင် Percentage နဲ့ပေးမယ် သင်းမလုပ်နိုင်ဘူး ရောင်းရ တယ် မရောင်းရဘူးဆိုတာက သင်းတို့ အာမမခံပေးနိုင်ဘူး ဒါပွင့်ပွင့်လင်းလင်းပြောတာ

သင်းသည် ကိုယ့်ကိုငှားတဲ့သူကို ကိုယ့် Wall ကနေ ပြန်လွှင့်ပေးတယ် ကိုယ့်ကိုချစ်နေကြတဲ့ သူ တွေ က အားပေးကြတယ် အဲ့ဒီအတွက်တော့ သင်းကြိုးစားပေးတယ် ကိုယ့်ကို အမြဲအားပေးနေ တဲ့ သူတွေအကုန်လုံးကိုတော့ သင်းအမြဲတမ်းကြိုးစားပေးတယ် ဒါကြောင့် Live လွှင့်ဖို့ ခေါ်တိုင်း သင်းမလိုက်ပါဘူး သင်းက တစ်နေ့လုပ်မှ တနေ့စားရတာ သင်းဒီ Live ကြီးအလကားလွှင့်ပေးလို့ အဲ့လိုရောင်းရမှ ပေးမယ်ဆိုရင် မရောင်းရဘူးဆို သင်းဘာဖြစ်သွားမလဲ မိတ်ကပ်ဖိုးတွေကားဖိုး တွေ က အကြွေးထပ်တင်အုန်းမယ်

ဒါကြောင့်တချို့တွေလည်း သင်းကိုနားလည်ပေးပါ သင်းတနာရီကို ၃ သိန်းသတ်မှတ်ထားတယ် သင်း အဆင်ပြေရင် တညလုံးလွှင့်ချင်လွှင့်ပေးလိုက်မယ် ဒီလိုမျိုးသင်းသင်းကို အပုပ်ချပြောဆိုပြီး ပွဲလေးတွေ လုသွားတဲ့အပေါ်မှာ သင်းသင်းကဘာမှမပြောပါဘူး ဒိလိုမျိုးတိုက်ခိုက်ပေးကြတဲ့ အ ဇူးပါလို့ပဲပြောချင်ပါတယ် လု့ိ ပြောလာခဲ့တာပါ။

သင်းသင်းကတော့ Live Sale ရောင်းပေးဖို့ ကမ်းလှမ်းသူတွေနဲ့ တွေ့ကြုံရတဲ့ ပြဿနာလေးတွေ ကို ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ပါ တ ယ်နော်။

Comments are closed.