ကိုယ့်ကတုံးကိုယ် ပွတ်နေရတာ ကြိုက်တယ်ဆိုတဲ့ နေခြည်ဦး

ကိုယ့်ကတုံးကိုယ် ပွတ်နေရတာ ကြိုက်တယ်ဆိုတဲ့ နေခြည်ဦး

နေခြည်ဦး တစ်ယောက် မယ်သီလရှင် ဝတ်ပြီး ခဏတာ ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိခဲ့သလို စိတ်ပျော်ရွှင်ရတဲ့အတွက် အသားအရေကအစ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ခေါင်းတုံးကေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖေ့စ်ဘွတ်မှာ ရဲရဲဝံ့ဝံ့ တင်ထားတဲ့ နေခြည်ဦးက မယ်သီလရှင် ဝတ်နေစဉ် အတောအတွင်းမှာ ကံကောင်းခြင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ Pride of Myanmar က ပေးအပ်တဲ့ social influencer award 2018 ကိုတော့ နေခြည်ဦးက ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။

ခေါင်းတုံးနဲ့ ဓာတ်ပုံတွေ တင်ဖြစ်တဲ့ အကြောင်းရင်းကိုတော့ MC နဲ့ အင်တာဗျူးမှာ နေခြည်ဦးက ခုလို ပြောပြပါတယ်။

“မိန်းကလေး တော်တော်များများက မယ်သီလရှင် မဝတ်ဖြစ်တာက ဆံပင်ကိစ္စကြောင့်ပဲ မဝတ်ဖြစ်တာပေါ့။ ကတုံးတုံးပြီးလို့ ရှိရင် ကတုံးပြောင်ပြောင်ကြီး ဆံပင်မပေါက်သေးဘူး ဆိုတာမျိုးက အဆင်မပြေကြဘူးပေါ့နော်။ နေခြည်က ရှေ့ဆောင်လမ်းပြ အနေနဲ့ ဒါက ကောင်းတဲ့အလုပ်ဖြစ်လို့ ဘယ်သူပြောပြော ဂရုစိုက်စရာ မလိုဘူး ဆိုတာကို ပြချင်တာ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ်လုပ်နိုင်တဲ့ တစ်ထောင့်တစ်နေရာ ပေါ့နော်။ နေခြည်ရဲ့ ပုံလေးတွေကို ကြည့်ပြီး နေခြည့် ပရိသတ်တွေ အထူးသဖြင့် မိန်းကလေးတွေက မနေခြည်တောင် ကတုံးနဲ့ တင်ရဲသေးတာပဲ ဆိုပြီး သူတို့လို သီလရှင်ဝတ်ချင်တဲ့ စိတ်ကလေးများ ဖြစ်လာရင် ကုသိုလ် အများကြီး ရပြီလေ။” လို့ ဆိုပါတယ်။

သီလရှင်ဝတ်ရတာ ကောင်းတဲ့ အချက်တွေကိုလည်း နေခြည်ဦးက ခုလို သုံးသပ်ပြပါတယ်။“ကတုံးတုံးလိုက်ရတာ အရမ်းလွတ်လပ်တယ်။ အားနေ ကိုယ့်ကတုံးကိုယ် ပွတ်နေတာ။ လူသစ်စိတ်သစ်လည်း ဖြစ်သွားတယ်လို့ ခံစားရတယ်။ မျက်နှာကအစ skin တွေလည်း ကောင်းလာတယ်။ အဓိကက စိတ်ပါပဲ။ ကိုယ်ပျော်ရွှင်နေတာကို။

သီလရှင်ဝတ်ပြီးနောက်ပိုင်း အများကြီး ပြောင်းလဲသွားတယ်။ ဖေ့စ်ဘွတ်မှာ တိုက်ခိုက်တာတွေကို မကြောက်ဘူး ကိုယ်လုပ်ချင်တာ လုပ်တယ်။ ဒါပေမဲ့ ကိုယ်လုပ်တဲ့ အရာသည် သူတစ်ပါးကို မထိခိုက်ဘူး။ မစော်ကားဘူး။ အဓိကက ကိုယ့်စိတ်ကိုယ် ပျော်အောင်ထားတယ်။ ဘာသာရေး တတ်နိုင်သမျှ ပိုလုပ်ဖြစ်တယ်။ အလှူအတန်း တွေ ပိုလုပ်ဖြစ်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.