ပရိသတ်တွေကိုစိတ်ကောက်ပြလိုက်တဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယို

ပရိသတ်တွေကိုစိတ်ကောက်ပြလိုက်တဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယို

အုပ်စိုးခန့်ဟာ ဆယ်တန်းလောက်ကတည်းက ဂီတလောကထဲကိုခြေစုံပစ်ဝင်လာခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး လူငယ်ပရိသတ်တွေရဲ့အားပေးမှုတွေများစွာရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင်အခုနောက်ပိုင်းမှာရိုက်တဲ့ အုပ်စိုးခန့်ရဲ့ MTV တွေဟာ အဂေါ်တစ်လိုင်းဖြစ်လာတာမို့ ပရိသတ်တော်တော်များများရဲ့ စွဲလန်းအားပေးခြင်းကိုရရှိလာတယ်ဆိုရင်လည်းမမှားပါဘူး။

အုပ်စိုးခန့်ဟာ မကြာသေးမီက သရုပ်ဆောင်ယွန်းယွန်းနဲ့ ဘာလိုလိုကောလဟလတွေလည်းထွက်ထားသေးပြီး ယွန်းယွန်းကတော့ ယတိပြတ်ငြင်းဆိုထားသလို အုပ်စိုးခန့်ကလည်း ချစ်သူတွေဖြစ်နေကြတာမဟုတ်ပေမယ့် သူက ယွန်းယွန်းရဲ့ပရိသတ်ပါလို့ မီဒီယာတွေကိုဖြေကြားထားပါတယ်။ အုပ်စိုးခန့်ကိုငယ်ရွယ်သူဆယ်ကျော်သက်ကောင်မလေးတွေက အရမ်းကို သည်းသည်းလှုပ်အားပေးကြပြီး အဲဒီလိုသည်းသည်းလှုပ်အားပေးရတဲ့အကြောင်းကိုအချို့ပရိသတ်တွေက နားမလည်နိုင်ကြပါဘူး။ ဒါပေမယ့်အုပ်စိုးခန့်က မကြာသေးမီက Juction Square မှာ ပြုလုပ်တဲ့ဖျော်ဖြေပွဲမှာ နဂိုကမှသည်းသည်းလှုပ်ကြွေနေတဲ့ကောင်မလေးတွေကို ထပ်ပြီးကြွေအောင်လုပ်လိုက်ပြန်ပါပြီ။

မကြာသေးမီက Juction Square က ဖျော်ဖြေပွဲတစ်ခုမှာ ပရိသတ်ကောင်မလေးတွေအသည်းယားသွားစေမယ့်ထင်မှတ်မထားတဲ့အပြုအမူလေးကိုပြုလုပ်ပြခဲ့ပါတယ်။အဲဒါကတော့ စိတ်ကောက်တဲ့ပုံလုပ်ပြလိုက်တာပါ။ နေရင်းထိုင်ရင်းဖျော်ဖြေနေရင်းနဲ့ စင်ပေါ်မှာတစ်ဖက်ကိုလှည့်သွားပြီးစိတ်ကောက်သွားတဲ့ အုပ်စိုးခန့်ကို ပရိသတ်ကောင်မလေးတွေကချစ်စနိုးနဲ့အူယားပြီး စင်အောက်ကနေ ဝိုင်းအော်ခဲ့ကြပါတယ်။ အဲဒီတော့မှသာ အုပ်စိုးခန့်က ဒီဘက်ပြန်လှည့်လာတာပါ။ အဲဒီအဖြစ်အပျက်လေးကို ပရိသတ်တစ်ယောက်က ဗီဒီယိုအတိုလေးတင်ထားခဲ့ပြီး အုပ်စိုးခန့်ကသူ့ရဲ့ account မှာ ပြန် share ထားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.