င်းရဲနွမ်းပါးတဲ့သူတွေအတွက် ရည်စူး ထားတဲ့ အလှူငွေတွေ အကြိမ်များစွာ ခိုးယူခံရမှုအပေါ် ပြန်လည်ပြောပြခဲ့တဲ့ ဒိန်းဒေါင်

င်းရဲနွမ်းပါးတဲ့သူတွေအတွက် ရည်စူး ထားတဲ့ အလှူငွေတွေ အကြိမ်များစွာ ခိုးယူခံရမှုအပေါ် ပြန်လည်ပြောပြခဲ့တဲ့ ဒိန်းဒေါင်

လူရွှင်တော် ရုပ်ရှင်မင်းသားကြီး ပြည်သူ့အချစ်တော်ဒိန်းဒေါင်ကတော့ လူတကာကိုကူညီတတ်တဲ့ ပရဟိတစိတ်ထားကြောင့် ပရိသတ်အားလုံးရဲ့ လေးစားအားကိုးခြင်းကို ခံနေရတဲ့ အနုပညာရှင် တ ယောက်ပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်အဓိကနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ “ချွန်တွန်း” ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်လက်ခံအားပေးမှုကြောင့် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဆိုတာ မမှားပါဘူး။

ဦးဒိန်းဒေါင်ကတော့ အဆိုပါ “ချွန်တွန်း” ဆိုတဲ့အမည်နဲ့ ပရဟိတအသင်းလေးတစ်ခုကို တည် ထောင်ထားပြီး ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများရဲ့ စားဝတ်နေရေးပြေလည်စေ ဖို့ အဓိကထားကူညီပေးနေပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ ဦးဒိန်းဒေါင်တစ်ယောက် မရှိ ဆ င်းရဲသူတွေအတွက် ရည်ရွယ်ထားတဲ့ လှူဒါန်းငွေတွေ Wave Money မှ တစ်ဆင့် အခိုးခံ လိုက် ရတဲ့အတွက် တရားခံတွေကိုသက်ဆိုင်ရာနဲ့ ပူးပေါင်းစုံစမ်းနေပြီး တရားဥပဒေအရ ရင်ဆို င်ဖြေ ရှင်းသွားမယ်လို့ ပြတ်ပြတ်သားသား ရာဇသံပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကျူးလွန်သူတွေအနေ နဲ့ ဦးဒိန်းဒေါင် လိုင်းပေါ်မှာ တင်ပေးထားတဲ့ ဖုန်းနံပါတ်တွေက တစ်ဆင့် Wave Money အ ကော င့် password ကို ခန့်မှန်းပြီး ပိုက်ဆံထုတ်ယူသွားတာ သုံးကြိမ်လောက်ရှိပြီလို့ သိရပါတ ယ်။

ဦးဒိန်းဒေါင်အနေနဲ့ စစသတိထားမိတဲ့အချိန်မှာတော့ မသမာသူတွေက နှစ်ရက်အတွင်းမှာ ခိုးယူ ခဲ့ ပြီးပြီ ဖြစ်ပြီး စုစုပေါင်း မြန်မာကျပ်ငွေ (၄၉၀၀၀၀) လောက်ရှိမယ်လို့ ပြောပါတယ်။ အဆိုပါဖြစ် စဉ်ဖြစ်ဖြစ်ချင်းမှာပဲ Wave Money က တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းခဲ့ပြီး ပိုက်ဆံ ထု တ် ယူခဲ့တဲ့နေရာနဲ့ အချိန်ကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလိုမျိုး စုံစမ်းမေးမြန်းပြီးနောက် ပိုင်း မှာတောင် ထပ်မံခိုးယူခံနေရသေးတဲ့အတွက် ဦးဒိန်းဒေါင်အနေနဲ့ ဖွင့်ဟလာပါတယ်။

ဦးဒိန်းဒေါင်ကတော့ မရှိဆင်းရဲသားတွေအတွက် လှူထားတဲ့ ပိုက်ဆံကိုစားရင် မရှိဆင်းရဲ သား ဘဝနဲ့ သံသရာတစ်လျှောက်လုံး နေသွားရပါစေလို့ သစ္စာဆိုထားတဲ့အတွက် အခုလို ခိုးယူသွား ကြတဲ့သူတွေကိုလည်း စားရဲရင်စားကြပေါ့လို့ သတိပေးစကား ဆိုလိုက်ပါတယ်။ “အခုလောက် ဆိုရင်တော့ သူတို့က ပျော်ပျော်ရွှင်ရွှင်စားနေပြီပေါ့… သူတို့ရဲ့ နောက်ဖြစ်မယ့်ဟာတွေတော့ ဘု ရားက သူတို့ကိုရိုက်မယ် သူတို့ကိုးကွယ်တဲ့ဘာသာက ရိုက်မယ်… ပြီးတော့ ကိုယ်စောင့်နတ်က ရိုက်မှာပေါ့… သူတို့ခံရမှာပေါ့”

အခုလိုပရဟိတကူညီပေးနေရင်း အလှူပွဲစားတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးတယ်လို့ ဦးဒိန်းဒေါင်က တစ်ဆက်တည်းပြောပြပါတယ်။ တချို့တွေက တကယ်ဒုက္ခရောက်နေကြသူတွေအတွက် အကူ အ ညီတောင်းပေးတာ ဖြစ်ပေမယ့် တချို့ကတော့ ကိုယ်စားအကူအညီတောင်းပေးပြီး ရှယ်ယာ ပြန် ခွဲကြသူတွေလည်း ကြုံဖူးတယ်လို့ ပြောပါတယ်။

သူတို့ကို အခုလက်ရှိအကူအညီတောင်းခံနေသူအရေအတွက်က တစ်ရက်ကို ၃၀၀၀ လောက် ရှိပြီးတော့ အိမ်ခြေပေါင်း ၅ သိန်းလောက်ရှိမယ်လို့ ယူဆပြီး အပူစာမစားချင်ကြပါနဲ့လို့ ဦးဒိန်း ဒေါင်က မသမာသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဦးဒိန်းဒေါင်ကိုယ်တိုင်တောင်မှ စီးပွားရေး ထိခိုက်မှာကို ဂရုမထားပဲ လုပ်စရာရှိတဲ့အလုပ်တွေကို လွှတ်ချထားပြီးတော့ မရှိဆင်းရဲသူတွေကို ကူညီနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ရက်သားမှာတော့ ဦးဒိန်းဒေါင်အနေနဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် Channel K မှ တာဝန် ရှိတဲ့ လူကြီးမင်းများနဲ့ အွန်လိုင်းအစည်းအဝေးထိုင်နေတုန်း ထမင်းချက်စရာမရှိတော့ဘူးလို့ အ ကူအညီတောင်းခံလာတဲ့ ဖုန်းကောလ်တွေ ဝင်လာတဲ့အတွက် လူကြီးမင်းများကို ခွင့်ပန်ပြီး အကူ အညီပေးဖို့ရာ ထွက်လာခဲ့ရတယ်လို့ ပြောပြပါတယ်။ အခုလို အစည်းအဝေးလုပ်နေစဉ် ထွက် လာ ခဲ့ရတဲ့အတွက် Channel K က တာဝန်ရှိသူတွေကိုလည်း ဦးဒိန်းဒေါင်က ဒီအင်တာဗျူး က နေတစ်ဆင့် အနူးအညွှတ် တောင်းပန်ခဲ့ပါတယ်။

ဦးဒိန်းဒေါင်အနေနဲ့ ကိုဗစ်ကာလအတွင်း လူအများစုက စီးပွားရေးမပြည်လည်ကြတဲ့အတွက် သူငှားရမ်းထားတဲ့ တိုက်ခန်းတွေဆီက အခန်းခ တစ်လ ၁၀ သိန်းနဲ့အထက်ကို မယူတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။ ယခုလို ခွင့်ပြုပေးလိုက်တဲ့အတွက် ဒိန်းဒေါင်တစ်ယောက် ဘ ယ်ကငွေနဲ့ နေထိုင်စားသောက်နေကြလည်းဆိုတာ သိချင်နေကြတဲ့သူတွေကိုလည်း ဦးဒိန်း ဒေါင် က အခုလို ရှင်းပြလိုက်ပါတယ်။ “ကျွန်တော့မှာ စုဆောင်းထားတာလေးတွေ ရှိပါတယ်ခင်ဗျ… ကျွ န်တော်က ရတနာလေးတွေ စုတာ… ပြီးတော့ ရွှေထည်လေးတွေ စုတာ… ရှေးဟောင်းပစ္စည်း လေးတွေစုတာ ဝါသနာပါတယ်ဗျ”

ဦးဒိန်းဒေါင်က သူ့လည်ပင်းမှာအမြဲဆွဲထားတဲ့ ကျုတ်ကလေးကတော့ သူ့မိခင်ကြီးရဲ့ အထက် ဆင်ထည့်ထားတာ ဖြစ်တဲ့အတွက် စားစရာမရှိလို့ ငတ်ပြတ်သွားပါစေ ရောင်းစားသွားမှာမဟုတ် ဘူးလို့ အမေကို အမြဲဦးထိပ်ထားတတ်တဲ့ သားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို မျှဝေပေးသွား ခဲ့ တ ယ်။ နောက်ဆုံးမှာတော့ ဦးဒိန်းဒေါင်က လှူဒါန်းငွေတွေ ခိုးယူနေကြတဲ့ မသမာသူတွေက်ယို ထပ် မလုပ်ကြဖို့ မေတ္တာရပ်ခံလိုက်ပြီး တရားခံကိုမိရင်တော့ သက်ဆိုင်ရာနဲ့ပူးပေါင်းပြီး အရေးယူ ဆော င်ရွက်သွားဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ သတိပေးပြောကြားလိုက်ပါတယ်။

ပရိသတ်ကြီးတို့ရေ အခုဆိုရင် ဟာသလူရွှင်တော် ဦးဒိန်းဒေါင်ကတော့ မအားလပ်တဲ့ကြားထဲ ကနေ ပရဟိတလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုလို လိုအပ်နေသူ တွေအတွက် ရည်ရွယ်ထားတဲ့ လှူဒါန်းငွေတွေကို ခိုးယူသွားတဲ့ မသမာသူတွေကိုလည်း အမြန် ဆုံး စုံစမ်းဖော်ထုတ်နိုင်ပါစေလို့ ဆုတောင်းပေးကြပါအုံး။ အချိန်ပေးဖတ်ရှုပေးတဲ့ ပရိသတ်အား လုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Comments are closed.