နှစ်ယောက်သား ရန်ဖြစ်ရင် သူ့ရဲ့အား နည်းချက် တစ်ခုကိုပြောပြလာတဲ့ ဘေ ဘီ မောင်ရဲ့ ချစ်သူ သားဂန်း

နှစ်ယောက်သား ရန်ဖြစ်ရင် သူ့ရဲ့အား နည်းချက် တစ်ခုကိုပြောပြလာတဲ့ ဘေ ဘီ မောင်ရဲ့ ချစ်သူ သားဂန်း

သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲကတော့ ခိုင်မြဲတဲ့အချစ်တွေနဲ့လက်တွဲထားကြတဲ့ အနုပညာစုံတွဲပဲ ဖြစ်ပါတယ်။ဘေဘီမောင်တို့ အိမ်အသစ်လေးနဲ့ပတ်သတ်ပြီး သားဂန်းကတော့“အိမ်နဲ့ပတ် သ က် ပြီး တော့ ဘာမှပြောစရာတော့မရှိဘူး အိမ်စဆောက်ကတည်းက ကျွန်တော်က ယောကျ်ားသား တ စ်ယောက်အနေနဲ့ ဝိုင်းကြည့်ပေး ဝိုင်းလုပ်ပေးတာလေးတွေရှိတယ် တချို့လိုအပ်တာလေးတွေ ရှိရင်လည်း ကိုယ်တိုင်ဝင်ပြောထားတာပဲ အိမ်လေးက အားလုံးစိတ်ကူးနဲ့တိုင်ပင်ပြီးဆောက် ထား တော့ တော်တော်အဆင်ပြေတယ်”Page မှာ သီချင်းလေးတွေတင်ပေးဖို့လုပ်နေတဲ့အ ကြောင်း လေး ကိုတော့“ကျွန်တော်က အခုမှစိတ်ကူးပေါက်ပြီးPage စလုပ်ထားတာပေါ့နော် အရင်က Page က ကျွန်တော့်အကောင့်ပျက်သွားတော့ page လည်းရှာမတွေ့တော့ဘူးပေါ့ ဒီPage အသ စ် လေးမှာမှ ကျွန်တော်ကြိုက်တဲ့သီချင်းဟောင်းလေးတွေကို ၂ရက်၁ခါလောက်ပြန်ဆိုပေး ဖို့ရှိ တယ်”

“ကျွန်တော်သီချင်းဟောင်းခွေက လုပ်နေတာကြာပြီ လုပ်ရတာလည်းကြာတယ် သီချင်းအဟော င်းလည်းဖြစ်တယ် အရင်ကဆရာကြီးတွေဆိုထားတဲ့သီချင်းလည်းဖြစ်တော့လေ ကျွန်တော်အ နေနဲ့ အစစအရာရာသူများပြောစရာမဖြစ်အောင်လုပ်ရတော့ ခက်ခဲတယ် အခုလည်း ကိုဗစ် 19 ကာလဆိုတော့ သွားသင့်တဲ့နေရာတွေမသွားရတော့ အခက်အခဲတွေရှိတယ် ဒီကာလကြီးပြီး သွား ရင် တော့ ထွက်ဖြစ်ဖို့ ကြိုးစားနေပါတယ်” လို့ သီချင်းခွေအသစ်ထွက်မယ့်အကြောင်း ကို ပြောပြခဲ့ပါတယ်။

သီချင်းဟောင်းအခွေလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ သားဂန်းက“တစ်ခွေစာလော က် တော့ ရှိ ပြီ တစ်ပုဒ် နှစ်ပုဒ်တော့လိုသေးတယ်ခင်ဗျ ဦးလွှမ်းမိုးနဲ့ ဦးစိုးလွင်လွင် သီချင်းတို့ ကျွန်တော် ပြန် ဆို ထားတာလည်းရှိပါတယ် ဖိအားတော့ရှိတာပေါ့ ကျွန်တော်တို့ပြိုင်ပွဲမှာလည်း သီချင်းအဟော င်းတွေဆိုခဲ့ရတယ် ကြိုက်တဲ့သူလည်းရှိတယ် မကြိုက်တဲ့သူလည်းရှိတယ်

အဲဒီ့တုန်းကတော့ ပြင် ဆင်ချိန်သိပ်မရှိဘူး ၁ရက်၂ရက်အတွင်း ဗားရှင်းတွေပြောင်းဆို ကိုယ်နဲ့ လိုက်မှန်းမသိ မလိုက်မှန်း မသိ လိုက်ရင်တော့လည်း ကောင်းသွားတာပေါ့ မလိုက်တော့လည်း အဆဲခံရတာပေါ့ အခုတော့ အချိန်လည်းရတယ် သီချင်းအပေါ်လည်းနားလည်လာတယ် အ ချိန် လည်းပေးထားတဲ့အတွက် အ ကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်”လို့ဆိုပါတယ်။

ချစ်သူအတွက်ရည်ရွယ်ပြီး သီချင်းတွေရေးဖို့ရှိတဲ့အကြောင်းကိုတော့ သားဂန်းကလော လော ဆယ် မင်းသဘောဆိုတဲ့သီချင်းလေးကတော့ထွက်သွားပြီပေါ့ အဲဒီ့ သီချင်းလေးကတော့ ပထ မဆုံးရည်ရွယ်ပြီးရေးထားတဲ့သီချင်းလေးပေါ့နော် နောက်သီချင်းတွေကထပ်ရေးဖို့ရှိတယ် အခု ကအာရုံမရသေးလို့ပါ” လို့ဆိုထားပါတယ်။

သူ့သီချင်းတွေကိုစောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် သားဂန်းက“ကျွန်တော့်ကို အား ပေး တဲ့သူတွေ ကျွန်တော့်ကိုသိတဲ့သူတွေ ကျွန်တော့်ကိုသဘောကျတဲ့သူတွေက ကျွန်တော်ရေးတဲ့ သီ ချင်းတွေရော ကျွန်တော်ဆိုရင်လိုက်တဲ့ cover song လေးတွေကို မထွက်ဖြစ်သေး ဘူး လား လို့ မေးထားကြတယ် အဲ့တာကြောင့် ကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ် ထွက်ဖြစ်အော င် လည်းကြိုးစားပါ့မယ်လို့” ဆိုထားပါတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.