အောင်လအတွက် လက်ခုပ်တီးဖို့ မြန် မာတွေအဆင်သင့် ရှိနေကြဖို့ပဲ လိုပါ တော့တယ်

အောင်လအတွက် လက်ခုပ်တီးဖို့ မြန် မာတွေအဆင်သင့် ရှိနေကြဖို့ပဲ လိုပါ တော့တယ်

ဒီနေ့ညမှာတော့ ကျွန်တော်တို့တွေ ချစ်ကြသလို ပရိသတ်တွေရဲ့ အချစ်တော်ကြီး တစ်ယောက် ဖြစ်တဲ့ MMA ဖိုက်တာကြီး အောင်လအန်ဆန်နဲ့ နယ်သာလန်နိုင်ငံသား ဖိုက်တာတစ်ယောက် ဖြစ် တဲ့ ရိုင်နီယာတို့ဟာ One Championship ကနေ ကျင်းပပေးတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချ န်ပီ ယံခါးပတ်ကို ကြိုးဝိုင်းအတွင်းမှာ အပြိုင်အဆိုင် လုကြတော့မှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး အောင်လအန်ဆန်က ချန်ပီယံခါးပတ် ကာကွယ် သူအဖြစ် ရှိနေပြီး ရိုင်နီယာကတော့ စိန်ခေါ်သူအဖြစ်နဲ့ ယှဉ်ပြိုင် သွားကြမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ စင်ကာပူနိုင်ငံမှာ ထိုးသတ်သွားမှာ ဖြစ်တာကြောင့် သူတို့ (၂) ဦးအနေနဲ့ အိမ်ကွ င်းအားသာချက် ဆိုတာမျိုး ရှိမှာမဟုတ် ပေမယ့်လည်း စင်ကာပူမှာက မြန်မာနိုင်ငံသားတွေ များပြားမှုရှိနေတာက အောင်လအတွက် အားသာချက်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။

အသက် အရွယ်ပိုင်းအရ ကြည့်မယ်ဆိုရင်တော့ အောင်လက ရိုင်နီယာထက် အသက် (၃) နှစ် ပိုကြီးပေမယ့် (၃၃) နှစ်ဆိုတဲ့ အောင်လရဲ့ အသက်အရွယ်ဟာ ဖိုက်တာတစ်ဦးအတွက် အတွေ့ အ ကြုံနဲ့ လက်စွမ်းပိုင်းတွေအရ အကောင်းဆုံးဆိုတဲ့ အနေအထားမှာ ရှိ နေခဲ့တာပါ။

Live Stream ကြည့်ရန်

အရပ်အပိုင်းအခြားကို ကြည့်မယ်ဆိုရင်တော့ အောင်လရဲ့အရပ်အမြင့်ဟာ (၆) ပေနဲ့ (၁) လက် မရှိပြီး ကိုယ်အလေးချိန်က(၂၀၅) ပေါင်အထိရှိတာကြောင့် ဖိုက်တာတစ်ဦးအတွက် အကောင်း ဆုံး ခန္ဓာ ကိုယ် အနေအထားမှာ ရှိတယ်လို့ ဆိုရမှာပါ။

ပြိုင်ဘက် ရိုင်နီယာရဲ့ အရပ်အမြင့်ကတော့ (၆) ပေ (၄) လက်မအထိ ရှိပြီး ကိုယ်အလေးချိန် က တော့ (၁၈၅) ပေါင်သာ ရှိပါတယ်။ ဒါကြောင့် အောင်လထက် အရပ် အမောင်း သာတယ် ဆိုပေ မယ့် ကိုယ်ခန္ဓာ အနေအထားမှာတော့ အောင်လက အသာရရှိ နေခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ဘက် ရိုင်နီယာဟာ ဂျူဂျစ်ဆု အပိုင်းမှာ အားသာသူ တစ်ယောက်ဖြစ်တာကြောင့် အောင် လနဲ့ ထိုးသတ်မယ့် ဒီနေ့ပွဲစဉ်မှာလည်း လက်သီးတွဲလုံးတွေထက် ချုပ်ကွက်တွေကိုသာ ပိုမိုအား ပြုလာဖွယ် ရှိပါတယ်။ ဒါပေမယ့်လည်း အောင်လရဲ့ ကိုယ်ခန္ဓာဟာ ရိုင်နီယာထက် ပိုမိုတောင့် တင်းတာကြောင့် ပြိုင်ဘက်အတွက် အခက်တွေ့စရာတစ်ခု ဖြစ်လာဖွယ် ရှိပါတယ်။

နောက်ပြီး အောင်လဆိုတာ Burmese Python ဆိုတဲ့ နာမည်ပြောင်ကို ရရှိထားတဲ့အထိ ချု ပ်ကွက်ပိုင်းက ကောင်းမွန်သူ တစ်ယောက်ဖြစ်တာကြောင့် ရိုင်နီယာ အနေနဲ့ သူဖိုက်ဖူးသမျှ ပြို င်ဘက်တွေလို အောင်လကို ပြန်ချုပ်ဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။

ဒီတော့ စင်ကာပူက မြန်မာ ပရိသတ်တွေရော နိုင်ငံအနှံ့ အပြားမှာ ရှိကြတဲ့ မြန်မာ ပရိသတ်တွေ အားလုံး ဒီနေ့ညမှာ လက်ခုပ်တီးပြီး အားပေးကြဖို့ အဆင်သင့် ရှိနေကြဖို့ပဲ လိုပါလိမ့်မယ်။ ခရက်ဒစ်

Comments are closed.