အသက်ချင်းလဲလိုက်မယ်လို့ ပြတ်ပြတ် သားသား သတိပေးလိုက်တဲ့ ဘေဘီ မောင်

အသက်ချင်းလဲလိုက်မယ်လို့ ပြတ်ပြတ် သားသား သတိပေးလိုက်တဲ့ ဘေဘီ မောင်

လတ်တလောကဖြစ်ပွားသွားတဲ့ နေဒွေးနဲ့ သံစဉ်မောင်တို့ကိစ္စနဲ့ပတ်သတ်ပြီး အစ်မဖြစ်သူ ဘေဘီ မောင်ကတော့ ညီမဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ကာ အသက်ချင်းလဲလိုက်မယ်လို့ ပြတ်ပြတ် သားသားသတိပေးလာပါတယ်။

ဘေဘီမောင်ကတော့“သူ့ဘာသာသူမြုံပြီးခံစားနေတဲ့အတွက် ပိုပြီးသူခံစားသွားရတဲ့ အပိုင်း တွေ ရှိ တာပေါ့ အဓိကက အသက်အရွယ်လည်းဆိုင်တာပေါ့ အခုတော့မိသားစုနဲ့ပိုရင်းနှီးလာတယ် သူ့ ကိုတရားများများလေးထိုင်ခိုင်းတယ် တရားထိုင်တော့ သူစိတ်တည်ငြိမ်လာတယ် အဲဒီ့တော့ ဆုံး မရတာအဆင်ပြေသွားပြီ ဘေဘီက တစ်ခါတစ်လေ ကလေးဆန်တယ် ကိုယ်ပါလို့ ဗလွတ် ရွှ တ် ဖြစ်သွားမှာစိုးရိမ်လို့ သေချာစဉ်းစားရတယ် ” လို့ ညီမရဲ့ပြဿနာနဲ့ပတ်သတ်ပြီး ဝင်မပါခဲ့ ပုံကို အခုလိုပဲ ပြောပြထားပါတယ်။

“ဘေဘီကအစတုန်းက ပွင့်ပွင့်လင်းလင်းနေတာဆိုတော့ ပြဿနာတစ်ခုကို သိပ်မထားတတ်ဘူး ပွင့်ပွင့်လင်းလင်းနေတာဆိုတော့ အခု ကိုယ့်မိသားစုနဲ့ပတ်သတ်တဲ့အခါကျတော့ မိသားစုထိရင် ဘေဘီကမခံဘူးပေါ့နော် ကိုယ်ကိုယ်တိုင်မားမားမတ်မတ်ရပ်တည်ချင်တဲ့အစ်မမျိုး သမီးမျိုးဆို တော့လေ တစ်ဖက်က မဟုတ်တာမမှန်တာတွေတွေ့ရတော့ မိသားစုဘက်ကမခံနိုင်ဘူးပေါ့ တစ် ဖက်လူက တစ်ဖက်စောင်းနင်းပြောနေတာမျိုးဆိုတော့ ကိုယ်တွေလည်းအသိုင်းနဲ့အဝိုင်း နဲ့ဆို တော့ ပြန်ဖြေရှင်းရမယ်လေ ဘေဘီကသတ္တိရှိတယ် ပြဿနာတစ်ခုကိုကိုယ့်ဘက်က မှန်နေလို့က တော့ လာထားဒဲ့မေး ဒဲ့ဖြေ ဒဲ့ရှင်းရဲတယ် ” လို့ ရဲရဲရင့်ရင့်ဆိုထားပါတယ်။

“ကိုယ့်ညီမကိုထိကပါးရိကပါးစော်ကားလာတဲ့အချိန်မှာ အရင်တုန်းကသူမပြတ်နိုင်ဘူးလေ သူ မပြတ်နိုင်တော့ ကိုယ်မပြောရဲဘူးလေ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ကအချိန်တန်ရင် ဘာ ဖြစ်မှန်းမသိဘူးလေ အခုအချိန်မှာ ပြတ်နိုင်ပြီဆိုတော့ ကိုယ်ထွက်ပြီးပြောရတာကိစ္စမရှိဘူး စိတ် ကတော့ထိခိုက်တာပေါ့ လူတွေက တချို့ မသိတဲ့သူတွေကြောင့် ကိုယ်တွေဗလိုင်းကြီးအပြောခံ နေ ရတော့ ပြဿနာပြီးနေပြီဖြစ်တဲ့သကာလ မကျက်တဲ့အနာကို တုတ်နဲ့လာဆွနေတာ အဆင် မပြေဘူးလေ ” လို့ ဆိုပါတယ်။

“အားလုံးအေးချမ်းသွားပြီလားလို့တော့မပြောတတ်သေးဘူး အစရှိတနောင်နောင်ကရှိသေးတ ယ်လေ အမှန်တရားကကိုယ့်ဘက်မှာရှိနေတဲ့အတွက် သတ္တိရှိရင်လာပေါ့ ကိုယ်တွေက ဒဲ့ဖိုက်ဖို့ ဝင်မလေးဘူး လောကကြီးမှာမိန်းကလေးဖြစ်ဖြစ်ယောကျ်ားလေးဖြစ်ဖြစ် အမှန်တရားရှိတဲ့သူက ရှေ့ထွက်ရဲတယ် လက်ခမောင်းခတ်ရဲတယ် ဘေဘီကတော့လက်ခမောင်းခက်ရဲတယ် အချိန် မရွေးပဲ”

ဘေဘီမောင်ကတော့ ညီမဖြစ်သူကို နိုင်ငံခြားကိုလွှတ်ချင်စိတ်ဖြစ်တယ်လို့ ဆိုထားပါတယ်။
“အဲ ဒီ့လိုစိတ်ဖြစ်တာပေါ့ သရုပ်ဆောင်တစ်ယောက်က သရုပ်ဆောင်ဆန်ဆန် ပြန်စဉ်းစားချင်တဲ့ အပိုင်းတွေဖြစ်တယ် ဘေဘီဖြစ်တာပြောတာပေါ့ သံစဉ်မောင်ကတော့ သူဘာမှမပြောဘူး စီးပွား ရေးလုပ်မယ်ပဲပြောတယ် အမေရိကားသွားမလား အဒေါ်တွေရှိတာကိုး ဟိုးအရင်တုန်းက ဘေဘီ ပြောဖူးပါတယ် အသက် ၃၀ကျရင်သွားမယ်ပေါ့ အဲ့ဒီ့တုန်းကတော့ single ဘဝကြီးတစ်ခုမှာ အရ မ်းအထီးကျန်ပြီးနေတာကိုး အခုတော့ double ဆိုပြီးရောက်လာတဲ့သူက ကိုယ့်ဘဝအတွ က် အေးချမ်းလို့ အေးချမ်းတဲ့ဘဝမှာနေချင်တဲ့အတွက် မြန်မာနိုင်ငံမှာပဲနေချင်သွားတာ”

“ဟိုမှာအဒေါ်တွေရှိတော့ ဆူရှီပဲလိပ်ရလိပ်ရ အထီးကျန်လာရင် ကိုယ့်အတွက်သောကတွေများ ရင် ထွက်သွားလိုက်ချင်တယ် အဒေါ်တွေစီးပွားရေးလည်းရှိတော့ သူ့ကိုကအခုမေးတော့ ဟင့်အ င်းမသွားချင်ဘူးတဲ့ ကောင်းပါတယ် မိသားစုက နွေးနွေးထွေးထွေးနေတာပဲပိုကောင်းပါတယ် တစ် ယောက်တည်းဆိုအထီးကျန်တယ်လေ” လို့ ညီမအတွက်စဉ်းစားဖြစ်ပုံကိုပြောထားပါတယ်။

ဒီလိုပြဿနာတွေဆက်ဖြစ်လာမယ်ဆိုရင် ဘေဘီမောင်က ပွဲကြမ်းမယ့်အကြောင်းကို“ပြ ဿ နာ ရှိနေရင်လည်း ဘေဘီမောင်တစ်ယောက်လုံးရှိနေတယ်လေ အစ်မပါ အရင်တု န်းကတော့ သူမ ပြ တ် နိုင်တော့ ရိုင်းရိုင်းပြောရရင် ကိုယ့်အိမ်ခွေးမကောင်းတော့ ကြားမဝင်တာအကောင်း ဆုံးပဲ လေ သူချစ်တာပဲဆိုပြီးနေခဲ့တာ အခုတော့ ဘေဘီမောင်တစ်ယောက်လုံးရှိနေတယ် လာစော် ကား ဖို့မကြိုးစားနဲ့ အမလေး လူပါပြာကသွားမယ် လာမလုပ်နဲ့ အသက်ချင်းလဲလိုက်မယ်” လို့ ပြတ် ပြတ်သားသားဆိုထားကို တွေ့ရပါတယ်။

Shwe yaung Myanmar ( Writer – LLA )

Comments are closed.