မအိမ်ကံကိုကမ်းလှမ်းရင်တောင် မရိုက်ဘူးဆိုတဲ့မြနှင်းရည်လွင်

မအိမ်ကံကိုကမ်းလှမ်းရင်တောင် မရိုက်ဘူးဆိုတဲ့မြနှင်းရည်လွင်

ဇာတ်လမ်းတွဲတွေမှာခပ်စိပ်စိပ်ပြန်တွေ့နေရတဲ့ မြနှင်းရည်လွင် ကတော့8days အင်တာဗျူးတစ်ခုမှာလတ်တလောသူလှုပ်ရှားဖြစ်နေတာတွေပြီးကိုပြောပြခဲ့ပါတယ်။သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင် ပြန်ပြောလိုက်ရပါတယ်။

“Toxic ပြီးတော့အခုငွေစက္ကူ(၇)ရွက်ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်နေတယ်။နောက်ထပ်ရုပ်ရှင်ကားတစ်ကားတော ပြောထားတာရှိတယ် ဒါရိုက်တာကသေချာပြီဆိုမှပဲဘာဇာတ်လမ်းလဲဆိုတာပြောပါ့မယ်။ ဝတ္ထုကိုလည်းအရမ်းကြိုက်တယ် ၊ဒါရိုက်တာကလည်း ကိုယ်အရင်ကတည်းက လေးစားရတဲ့သူဆိုတော့ပါရတာကိုပဲဂုဏ်ယူပြီးလက်ခံတာပါ။”

မအိမ်ကံဇာတ်ရုပ်ကိုကမ်းလှန်းလာတာမျိုးရောရှိလားဆိုတဲ့မေးခွန်းကိုတော့ “ကမ်းလှမ်းလာတာမျိုးတော့မရှိပါကမ်းလှမ်း လာခဲ့ရင်တောင် အရမ်းတာဝန်ကြီးတယ် နောက်ပြီးပရိသတ်တွေကလည်းအထိမခံဘူးလေ ကိုယ်တိုင်လည်း ကိုယ့်ကြောင့်မအိမ်ကံပျက်စီးသွားမှာကြောက်လို့ မလုပ်တော့ပါဘူး”လို့ပြောပြခဲ့တဲ့အပြင် ပရိသတ်တွေကမြန်မာဆန်တာကိုသဘောကျတဲ့အပေါ်သူရဲ့အမြင်ကိုတော့ “ အမှန်တိုင်းပြောရရင်တော့ ကိုယ်တိုင်ကအပြင်မှာနေရင် ဘောင်းဘီနဲ့ရှပ်အင်္ကျီနဲ့နေတာပါ။ဒီလောကထဲရောက်လာတယ် ။မြန်မာဝတ်စုံဝတ်ရတယ်။ဘိုဆန်တာလည်းဝတ်တယ်။ ဒါပေမယ့်ပရိသတ်က မြန်မာဝတ်စုံနဲ့ပိုပြီးလက်ခံတာများနေတော့မြန်မာဝတ်စုံပိုပြီးဝတ်ဖြစ်တာပါ။

အိမ်ထောင်ကျပြီးအနုပညာအလုပ်တွေနားထားလိုက်တဲ့ကိစ္စအပေါ်မှာလည်း “ ပြန်တွေးရင်တော့ကိုယ့်အမှားပေါ့။အဲ့ဒီအချိန်တုန်းကလတ်တလောဖြစ်နေတဲ့စိတ်ခံစားမှုကိုပဲဦးစားပေးပြီးပြောချလိုက်တာက အခုချိန်မှာတစ်ကပြန်စရတဲ့အခြေနေမျိုးဖြစ်နေတာပေါ့။ နောက်ပိုင်းကျ ကိုယ်တကယ်ဝါသနာပါတာဒီအလုပ်ဆိုတာသိလာတော့ ပိုပြီးတန်ဖိုးထားလုပ်ကိုင်တတ်လာပါတယ်။ပိုပြီးလည်းအားစိုက်လုပ်လာမိတယ်။အဲ့တာကြောင့်ပဲ ကိုယ့်ကြိုးစားမှုရောင်ပြန်ဟပ်တယ်လို့ပဲထင်တယ် ရိုက်ကူးရေးလေးတွေနည်းနည်းစိပ်လာပါတယ်။လို့ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.