သားသမီးတွေ အသက်အရွယ်ကို မတိမ်းမယိမ်းလေးတွေ ဖြစ်အောင် မွေးထားတဲ့ ရည်ရွယ်ချက်ကို ပြောပြ လာတဲ့ နိုင်နိုင်း

သားသမီးတွေ အသက်အရွယ်ကို မတိမ်းမယိမ်းလေးတွေ ဖြစ်အောင် မွေးထားတဲ့ ရည်ရွယ်ချက်ကို ပြောပြ လာတဲ့ နိုင်နိုင်း

အနုပညာလောကမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ရပ်တည်ခဲ့တဲ့မင်းသားနိုင်းနိုင်းကတော့ အခုအချိန်မှာ မိသားစုဘဝကို ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ မင်းသားကြီးပဲဖြစ်ပါတယ်။

အောင်မြင်နေချိန်အိမ်ထောင်ပြုလိုက်တဲ့အကြောင်းလေးကို မေးမြန်းရာမှာတော့ နိုင်းနိုင်းက
“ကို ယ်အိမ်ထောင်ကျတဲ့အချိန်က အမှန်ဆိုမစောဘူး ၃၀ထဲရောက်နေပြီ ဆိုတော့ သေသေချာ ချာ လည်း စဉ်းစားဆုံးဖြတ်ပြီးမှ အိမ်ထောင်ပြုခဲ့တာ ပရိသတ်အမြင်မှာတော့ နှမြောမှာပဲလေ ကို ယ်လည်းပရိသတ်နေရမှာဆို အဲဒီ့လိုပဲဖြစ်မှာပေါ့ ဒါပေမဲ့ ကိုယ့်မှာလည်း လူဖြစ်နေတယ်လေ လူ ဖြစ်နေတော့ လူ့တာဝန်တွေ လူ့ဝတ္တရားတွေရှိသေးတယ် ဒီအသက်အရွယ်မှဆိုရင် အစ်ကို့အ နေ နဲ့ အိမ်ထောင်ပြုဖို့ခဲယဉ်းသွားလိမ့်မယ် ကလေးတွေနဲ့လည်း အသက်အရွယ်အများကြီးကွာဟ သွား လိမ့် မယ် အဲ့တာတွေကိုလည်း စဉ်းစားပြီးတော့ အစ်ကိုလုပ်ခဲ့တာပေါ့” လို့ဆိုပါတယ်။

နိုင်းနိုင်းကတော့ “အဲဒီ့လိုနှမြောပေးကြတဲ့ပရိသတ်တွေရော စိတ်မကောင်းပေးကြတဲ့ပရိသတ် တွေ ရော အစ်ကိုတကယ်ကျေးဇူးတင်ပါတယ် အစ်ကို့အနေနဲ့အခုမှမဟုတ်ပါဘူး အရင်ကတည်း က အစကတည်းက အစ်ကိုပရိသတ်ကို လေးစားမှုရှိပါတယ်”

” ပထမဆုံး သမီးရတုန်းဆို အရမ်းပျော်တယ် ဒုတိယကမပျော်ဘူးမဟုတ်ဘူး ပျော်တယ် တတိယ လည်း ပျော်တာပဲ ငါစကြိုးစားရတော့မယ်ပေါ့ ဒီမိသားစုplan မှာ gap ဖြစ်သွားရင် ကလေးတွေ လည်းတစ်ယောက်နဲ့တစ်ယောက်မရင်းနှီးသလို လူကြီးတွေလည်းအစကနေပြန်လုပ်ရတာ ပင် ပန်း တယ် အစ်ကို့ရဲ့plan လေးကကွက်တိဝင်သွားတယ် အခုအချိန်မှာဆိုရင် ကလေးတွေလည်း ကျောင်းသွားပြီ အစ်ကိုတို့လည်း လုပ်စရာရှိတဲ့အလုပ်ကိုလုပ်လို့ရသွားပြီ အခုအချိန်မှသာ က လေး မွေးတယ်ဆိုရင် အစ်ကိုဘယ်လိုမှ လွန်ခဲ့တဲ့ ၁၀နှစ်က energyမျိုးနဲ့ ပြန်လုပ်နိုင်မှာမဟုတ် ဘူးလေ အဲ့တာတွေလည်းပါပါတယ်” လို့ အိမ်ထောင်ပြုခဲ့တဲ့အကြောင်းအရင်းလေး ပရိသတ်ကို ပြောပြခဲ့တာပါ။

“ပထမကလေးတုန်းကဆိုရင် ကလေးလိုချင်တာ အရမ်းလိုချင်တာ သူအရုပ်တွေချည်းပဲ ကင်မ ရာ ထဲမှာလည်း သူ့ပုံတွေချည်းပဲ နောက်ကလေးတွေကျတော့ နည်းနည်း နည်းလာတယ် ကလေး တွေကလည်းများလာတော့ family က ကလေးများတဲ့အချိန်မှာ ပင်ပန်းတာတွေတော့ရှိပါတယ် သူ့ရဲ့ပျော်ရွှင်မှုအရသာကို ဘာနဲ့မှလဲလို့မရပါဘူး”

“အစ်ကိုကတော့ လူထဲကလူပါပဲ လူရယ်လို့ဖြစ်လာရင် လူ့တာဝန်ရှိတယ်လေ အစ်ကိုအနေနဲ့ အ နုပညာအလုပ်ကိုချစ်သလို အစ်ကိုဖန်တီးချင်တဲ့ မိသားစုဘဝကိုလည်းလိုချင်တယ် အဲဒီ့အတွ က် Balance မျှအောင်လုပ်ဖို့ဆိုတာကလည်းတော်တော်အချိန်ယူရသလို တော်တော်ကြိုးစားရ ပါ တယ်”

” ပိုဆိုးတာက မိသားစုကဒီမှာမရှိတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဟိုဘက်ဒီဘက်မျှအောင်လုပ်ရ တာ ပေါ့ တစ်ခုကိုစောင်းပေးရင်တစ်ခုလွတ်သွားတာပေါ့ တစ်ချို့လွတ်တဲ့အပိုင်းတွေလည်းရှိပါ တယ် အစ်ကိုဆို အခုကလေးတွေဆိုရင် ကလေးဖြစ်တဲ့အချိန်ကာလကိုအစ်ကိုမရလိုက်ဘူးပေါ့ ရလည်း ခဏပဲ သွားတဲ့ချိန် နေတဲ့အချိန်ရတယ် ဒီမှာအလုပ်လုပ်ရင်လွတ်သွားတယ် ဆုံးရှုံး သွား တာတွေ ရှိ တာပေါ့” လို့ မိသားစုနဲ့နိုင်ငံခြားနေတဲ့ နိုင်းနိုင်းကရင်ဖွင့်ပြောပြခဲ့ပါတယ်။

ပရိသတ်ကိုအစဉ်လေးစားလျက်ရှိတဲ့ နိုင်းနိုင်းကတော့“ကျွန်တော့်ကိုသရုပ် ဆာင် တစ် ယောက် အနေနဲ့ချစ်ပေးသူတွေရောကျွန်တော့်မိသားစုကိုချစ်ပေးသူတွေရော အားလုံး အားလုံးကိုကျေးဇူး တင် ပါတယ် ကျွန်တော့်ရဲ့ Actor 99 pageမှာဆိုလည်း ကျွန်တော့်ကိုအားပေးတဲ့ပရိသတ်တွေ ရော မိသားစုလိုချစ်တဲပရိသတ်တွေရောကို ကျေးဇူးတင်ပါတယ် ရှေ့လျောက်လည်းကျွန်တော့်ရဲ့ အ နု ပညာ အရ ဖန်တီးချင်တာတွေ ပရိသတ်ကြိုက်မယ့်အရာတွေ လုပ်သွားပါမယ်” လို့ဆို ထား ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.