လီမင်ဟိုနဲ့ ရုပ်ရှင်ရိုက်နိုင်ဖို့ စီစဉ်နေတဲ့ ကိုဝေမင်းမောင်

လီမင်ဟိုနဲ့ ရုပ်ရှင်ရိုက်နိုင်ဖို့ စီစဉ်နေတဲ့ ကိုဝေမင်းမောင်

အခုတလောပရိသတ်တွေကြားထဲမှာ ရေပန်းစားလာတဲ့ ကိုရီးယားမင်းသားတွေကို မြန်မာကခေါ်ပြီးရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့ ကိစ္စကြီးကိုအချို့က အလွန်ဝမ်းသာပျော်ရွှင်နေကြပြီးအချို့ကတော့ အလကား အာဝါဒါးပါ ဂျင်းကြီးပါလို့ပြောနေကြသူတွေလည်းရှိပါတယ်။ ပရိသတ်တွေက မယုံမရဲဖြစ်နေကြပေမယ့်လည်း တကယ်တမ်းဖြစ်လာမယ်ဆိုရင်တော့ ဝမ်းသာလုံးဆို့မယ့်သူတွေချည်းပါပဲ။ မကြာသေးမီက Popular Journal နဲ့ Interview မှာတော့ Seven Sense ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ တာဝန်ရှိသူ ကိုဝေမင်းမောင်က ကိုရီးယားနိုင်ငံက လီမင်ဟို၊ဒါမှမဟုတ် ဂျီချန်ဝုဒ်တစ်ယောက်ယောက်နဲ့ရုပ်ရှင်ရိုက်ဖို့ တကယ်ကြီးကမ်းလှမ်းထားပြီဆိုတဲ့အကြောင်း ဖွင့်ဟပြောပြလာခဲ့ပါတယ်။

ကိုရီးယားမင်းသားတွေကိုခေါ်ပြီးရိုက်ဖို့စဉ်းစားဖြစ်တဲ့အကြောင်းကို ကိုဝေမင်းမောင်က “ကျွန်တော်အခု ကိုရီးယားဇာတ်ကောင်တွေပါပြီး မြန်မာဇာတ်ကောင်တွေလည်းပါတဲ့ ဟာတစ်ခုကိုတွေ့ထားတယ်။တွေ့ထားတော့ ငါ ဒါလေးကိုလုပ်ကြည့်မယ်ဆိုပြီး ကိုရီးယားရုပ်သံမှာ သရုပ်ဆောင်ဖြစ်နေတဲ့ မြန်မာ ညီမလေးတစ်ယောက်ရှိတယ်။ လှယမင်းအိမ်ပါ။ အစ်ကိုကတော့ ဒီလိုလုပ်ချင်တယ်ဆိုတော့ ညီမတာဝန်ထားပေါ့။ သူလုပ်ပေးနေပါတယ်။ အကျိုးအကြောင်းတိုက်ဆိုင်တယ်ဆိုရင်တော့ ဖြစ်မှာပေါ့။ သူတို့ကတော့ ကမ္ဘာကျော်တွေဆိုတော့။ လီမင်ဟိုတို့ကို ချိတ်ဆက်ပြီးလိုက်တွေ့နေပါတယ်” လို့ပြောပြထားပါတယ်။

ဒီလိုခေါ်ဖို့ကမလွယ်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးဖြစ်အောင်လုပ်သွားမယ်ဆိုတဲ့အကြောင်းကို “ပရိသတ်တွေအတွက် ငါဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်အမြဲတမ်းရှိတယ်။ ကျွန်တော်တို့ Seven Sense အနေနဲ့ မဖြစ်နိုင်တဲ့ကိစ္စတွေကိုဖြစ်အောင်လုပ်ခဲ့တာတွေအများကြီးရှိတယ်။ နိုင်ငံခြားတွေနဲ့ပူးပေါင်းဖန်တီးမှုတွေကျွန်တော်အများဆုံးလုပ်ခဲ့တယ်။ ကိုရီးယားမင်းသားတွေကလည်းတော်တော်တော့မဖြစ်နိုင်ဘူး။ဒါပေမယ့် ဖြစ်အောင်လုပ်မှာပါ”လို့ ပြောထားပါတယ်။

လီမင်ဟိုနဲ့ရိုက်ဖို့ကိစ္စရဲ့နောက်ကွယ်မှာစဉ်းစားရတာတွေအများကြီးရှိကြောင်းကို “အာရှတိုက်က သူ့ရဲ့ဖန်တွေကလည်းနည်းတာမှမဟုတ်တာ။ ဒါကြောင့် သူ့ကိုရိုက်ကြမယ်ဆိုရင် ဘယ်ဈေးကွက်တွေမှာဘယ်လောက်ရမလဲ။ ငါတို့အမြတ်အစွန်းဘယ်လောက်ရမလဲဆိုတာထက်ငါ့ကိုမရှုံးအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့ပြင်ရတာပေါ့နော်။ သူ့ကိုရိုက်ချင်တာရဲ့နောက်ကွယ်မှာ အားထုတ်မှုတွေအများကြီးပါတယ်။ပိုက်ဆံသုံးနိုင်ရုံနဲ့မဖြစ်သေးဘူး။သူ့ကိုပိုက်ဆံပေးနိုင်ဖို့အတွက်ဘယ်လောက်ပြန်ရှာနိုင်ရင်ကောင်းမလဲဆိုတာကိုပြင်ရမှာပေါ့နော်”လို့ပြောပြထားပါတယ်။

ကိုယ်တွေဘက်က အတတ်နိုင်ဆုံးကြိုးစားမှာမို့ လီမင်ဟိုဘက်က လက်ခံဖို့ပဲကျန်တော့ကြောင်းကို “သေသေချာချာတော့ ကျွန်တော်ပြင်ထားပြီးသွားပါပြီ။ ပိုင်နေပြီလို့လည်းယုံတယ်။ဒါပေမယ့် သူ့ရဲ့အချိန်နဲ့ သူကျွန်တော်တို့အပေါ်မှာယုံကြည်မှုထားနိုင်ဖို့နဲ့ ဇာတ်လမ်းကိုဘယ်လိုချပြမလဲဆိုတာသူလက်ခံဖို့ပဲကျန်တယ်။ သူတို့ကျတော့ဇာတ်လမ်းကိုအရမ်းကြည့်တယ်။ကျွန်တော်ဘယ်လိုဝတ်ရမှာလဲ။ကျွန်တော်ဘယ်လိုပုံစံမျိုး။ဘာကြောင့်မို့ဒီဇာတ်ကောင်ကိုဘယ်လိုရည်ရွယ်ချက်နဲ့ကျွန်တော့်ကိုထားတာလဲ သူက မေးခွန်းပေါင်းတွေအများကြီးပဲ”လို့ ပြောထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Lee Min Ho in Myanmar ဆိုတဲ့ အိပ်မက်ကြီးဟာ တကယ်ပဲရုပ်လုံးပေါ်လာတော့မယ်ထင်လား။ ကိုယ့်မြန်မာ့မြေကိုနင်း၊မြန်မာ့ရေကိုသောက်ပြီး မြန်မာနိုင်ငံသားတွေနဲ့အလုပ်အတူလာတွဲလုပ်မယ့် လီမင်ဟိုကိုကြိုဆိုကြမှာလား။ လီမင်ဟိုတစ်ယောက် ဇာတ်ကားရိုက်ဖို့လက်ခံပါ့မလား။

Comments are closed.