အပြင်မှာ တစ်သက်လုံး ဒီပုံစံအတိုင်း ပဲ နေတော့မယ့် အကြောင်းရင်းကို ပြောပြလာတဲ့ မြန်မာနိုင်ငံက ကိုချာလီ

အပြင်မှာ တစ်သက်လုံး ဒီပုံစံအတိုင်း ပဲ နေတော့မယ့် အကြောင်းရင်းကို ပြောပြလာတဲ့ မြန်မာနိုင်ငံက ကိုချာလီ

အသံတိတ်ရုပ်ရှင်ခေတ်က လူအများအားပေးခဲ့ကြတဲ့ သရုပ်ဆောင်ချာလီချပလင်ကတော့ အခု အ ချိန်ထိ မြင်လိုက်သူတိုင်းကို ပြုံးပျော်သွားစေတဲ့သရုပ်ဆောင်တစ်ဦးပါ။

ရန်ကုန်မြို့က ချာလီချပလင်ကိုရူးသွပ်တဲ့ ပရိသတ်တစ်ဦးကတော့ သူရူးသွပ်တဲ့အနုပညာဇာတ် ရုပ်ဖြစ်တဲ့ ချာလီချပလင်ပုံစံအတိုင်းနေနေခဲ့တာ ၁၀နှစ်နီးပါးရှိပြီးလို့သိရပါတယ်။

ချာလီချပလင်ဇာတ်ရုပ်ကို ရူးသွပ်တဲ့ ကိုချာလီကတော့“ကျွန်တော်အခုဆို ၁၀နှစ်နီးပါး လောက် ရှိ သွားပြီပေါ့နော် ဒီပုံစံအတိုင်းလေးပဲ ရူးသွပ်တာတော့ တော်တော်ရူးသွပ်တယ် သဘောလည်း ကျ တယ် ဒီတုတ်ကောက်တို့ဘာတို့ ကိုယ်တိုင်ပဲဖန်တီးထားတာ”

“ကျွန်တော်ကတော့ သေတဲ့အထိမပြောင်းလဲဘဲ ချာလီချာပလင်အတိုင်းပဲ ဒီအတိုင်းပဲနေမယ် အနုပညာအနေနဲ့ခေါ်ရိုက်လည်း ရိုက်မယ် မရိုက်လည်း သေတဲ့အထိ ဒီလိုပဲနေမယ်ဆုံးဖြတ် ထားတယ်”

“ကိုယ်ကလည်း သူများပျော်ရွှင်အောင်လုပ်ပေးတယ် ကျွန်တော်မိသားစုအတွက်လည်း မျက်နှာမ ငယ်ရအောင် အရင်က တက္ကစီဆွဲတယ် အခုတော့ ကျွန်တော့်ဘောစိအိမ်မှာ ကားမောင်းပါတ ယ် ” လို့ဆိုပါတယ်။

သူ့ရဲ့အနုပညာရယ် မိသားစုစားဝတ်နေရေးနဲ့ပတ်သတ်ပြီး“ရိုက်ကူးရေးတို့ဘာ တို့ ဆို ရင် ကျွန် တော့် အမျိုးသမီးက အဝတ်အစားကအစ ဖန်တီးပေးတယ် အကျီအဝတ်အစားဝယ်ပေးတာ က အစ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကိုအများကြီးပံ့ပိုးပေးတယ်”

“မိသားစုတွေအားလုံးက ကျွန်တော့်ပုံစံကိုအားပေးကြပါတယ် ကိုဗစ်ကြောင့်စားဝတ် နေရေးဒု က္ခရောက်တဲ့အပေါ် နောင်တတော့မရပါဘူး ကိုဗစ်ဒုတိယလှိုင်းဖြစ်လာတော့ အနုပညာအလုပ် မလုပ်ဖြစ်ဘူး ကျွန်တော့်ကိုခေါ်ရင်တော့ ဝင်ရိုက်တယ် အခုနောက်ပိုင်း အနုပညာလည်းမလုပ် ဖြစ် တက္ကစီလည်းမမောင်းဖြစ်ဘူး ဖြစ်နေတာပေါ့”

“သူတို့ခေါ်ရင် ဇာတ်ရုပ်နဲ့ကိုက်မှခေါ်ရိုက်တာပေါ့ ကျွန်တော်က ဒီပုံစံအတိုင်းပဲသဘောကျတယ် အဲ့တာကြောင့်လည်း ကျွန်တော်ဒီပုံစံအတိုင်းပဲနှစ်ကြာရှည်နေတယ် ကျွန်တော့်ဟာတွေအကုန်က လည်းအစစ်တွေ ” လို့ဆိုပါတယ်။

ကိုချာလီကတော့“လူတွေက ကျွန်တော့်ကိုတွေ့ရင်ပျော်ကြတယ် ကျွန်တော်က လည်းဝမ်းသာ တ ယ် ကိုဗစ်ကြောင့်Mask တပ်ရပေမယ့် ကျွန်တော်ကတော့ ဒီနှုတ်ခမ်းမွှေးကိုထားမှာပဲ mask ဖြု တ် လိုက်ချိန် ကျွန်တော့်ကိုမြင်လိုက်တဲ့သူက ဟိုမှာ ချာလီဆိုပြီး ပျော်သွားရင် ကျေနပ်တယ်”လို့ ဆိုကာ ပရိသတ်တွေကိုလည်း“မိသားစုအားလုံးကျန်းမာကြပါစေ”လို့ အမှတ်တရအနေ နဲ့ဆု တော င်း ပေးလိုက်ပါတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.