ဒီကနေ့ နို၀င်ဘာလ ၃၀ရက်နေ့မှာ အမြင့်ဆုံးပစ်ဒဏ် အဖြစ် စီရင်ချက်ချနိုင်ဖွယ်ရှိတဲ့ အမေစု ရဲ့ အမှု

ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် စီရင်ချက်ချနိုင်ဖွယ်ရှိ

~~~~~
■ အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို မနက်ဖြန် အင်္ဂါနေ့မှာ ကြုံရနိုင်ဖွယ်ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မ – ၅၀၅ (ခ) နဲ့ စွဲချက်တင်ထားတဲ့အမှုကို နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ စီရင်ချက်ချဖို့ တရား ရုံးက စီစဉ်ထားတာလို့ ရှေ့နေအသိုင်းအဝန်းက ပြောပါတယ်။

မနက်ဖြန် စီရင်ချက်ချတဲ့အခါ ပြစ်မှုကျူးလွန်တယ်ဆိုရင် ဒေါ်အောင်ဆန်းစု ကြည်ဟာ ထောင်ဒဏ် သုံးနှစ်အထိ ချခံရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှုက ၁၁ ခု ရှိနေပြီး ဒီအမှုတွေ အကုန်လုံးကို ပြစ်ဒဏ်ပေးမယ်ဆိုရင် ဆယ်စုနှစ်တွေနဲ့ချီပြီး ထောင်ဒဏ်ကျခံရမယ့်သဘော ရှိပါတယ်။

Advertisement

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ကို မြန်မာ့နိုင်ငံရေးမှာ လုံးဝပါလို့ မရနိုင်တော့အောင် ဖယ်ရှားပစ်ဖို့ ရည်ရွယ်ပြီး လုပ်နေတာလို့ လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီမှာ ဘယ်လိုအစီအစဉ်ရှိသလဲ ဆိုတာကိုတော့ မသိသေးပါဘူး။

စီရင်ချက်ချမယ့်ကိစ္စကိုလည်း အာဏာပိုင်တွေက အချိန်ရွှေ့ဆိုင်းနိုင်ပါတယ်။ မြန်မာ့အရေးလေ့လာသူ တစ်ဦးဖြစ်တဲ့ David Mathieson ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်းထန်တဲ့ ပြစ်ဒဏ် တွေကျခံရလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲက တခြား အမျိုးသမီးအကျဉ်းသားတွေနဲ့ အတူထားမှာလား၊ အထူး သီးသန့် ဖမ်းဆီးထားမှာလားဆို တာကတော့ မေးစရာပဲလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်မယ့် တရားရုံးစီရင်ချက် မျှတနိုင်ဖွယ်မရှိ (ရှေ့နေ ဦးမင်းလွင်ဦး)

[zawgyi]

Advertisement

ေဒၚေအာင္ဆန္းစုၾကည္အမႈ မနက္ျဖန္ စီရင္ခ်က္ခ်ႏိုင္ဖြယ္ရွိ

~~~~~
■ အဖမ္းခံေနရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ သူ႔ကို စြဲဆိုထားတဲ့အမႈေတြအတြက္ ပထမဆုံး စီရင္ခ်က္ခ်တာကို မနက္ျဖန္ အဂၤါေန႔မွာ ႀကဳံရႏိုင္ဖြယ္ရွိတယ္လို႔ AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစတဲ့ ပုဒ္မ – ၅၀၅ (ခ) နဲ႔ စြဲခ်က္တင္ထားတဲ့အမႈကို ႏိုဝင္ဘာလ ၃ဝ ရက္ေန႔မွာ စီရင္ခ်က္ခ်ဖို႔ တရား ႐ုံးက စီစဥ္ထားတာလို႔ ေရွ႕ေနအသိုင္းအဝန္းက ေျပာပါတယ္။

မနက္ျဖန္ စီရင္ခ်က္ခ်တဲ့အခါ ျပစ္မႈက်ဴးလြန္တယ္ဆိုရင္ ေဒၚေအာင္ဆန္းစု ၾကည္ဟာ ေထာင္ဒဏ္ သုံးႏွစ္အထိ ခ်ခံရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ ေဒၚေအာင္ဆန္းစုၾကည္ ကို စြဲဆိုထားတဲ့အမႈက ၁၁ ခု ရွိေနၿပီး ဒီအမႈေတြ အကုန္လုံးကို ျပစ္ဒဏ္ေ ပးမယ္ဆိုရင္ ဆယ္စုႏွစ္ေတြနဲ႔ခ်ီၿပီး ေထာင္ဒဏ္က်ခံရမယ့္သေဘာ ရွိပါတယ္။

Advertisement

ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္၊ ႏိုဘလ္ၿငိမ္းခ်မ္းေရးဆုရွင္ကို ျမန္မာ့ႏိုင္ငံေရးမွာ လုံးဝပါလို႔ မရႏိုင္ေတာ့ေအာင္ ဖယ္ရွားပစ္ဖို႔ ရည္႐ြယ္ၿပီး လုပ္ေနတာလို႔ ေလ့လာသူေတြက သုံးသပ္ၾက ပါတယ္။ ဒါေပမဲ့လည္း ေဒၚေအာင္ဆန္းစု ၾကည္နဲ႔ ပတ္သက္ၿပီး အာဏာသိမ္း စစ္ေကာင္စီမွာ ဘယ္လိုအစီအစဥ္ရွိသလဲ ဆိုတာကိုေတာ့ မသိေသးပါဘူး။

စီရင္ခ်က္ခ်မယ့္ကိစၥကိုလည္း အာဏာပိုင္ေတြက အခ်ိန္ေ႐ႊ႕ဆိုင္းႏိုင္ပါတယ္။ ျမန္မာ့အေရးေလ့လာသူ တစ္ဦးျဖစ္တဲ့ David Mathieson ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျပင္းထန္တဲ့ ျပစ္ဒဏ္ ေတြက်ခံရလိမ့္မယ္လို႔ ခန႔္မွန္းပါတယ္။ တရား႐ုံးက ျပစ္ဒဏ္ခ်မွတ္ၿပီးရင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ထဲက တျခား အမ်ိဳးသမီးအက်ဥ္းသားေတြနဲ႔ အတူထားမွာလား၊ အထူး သီးသန႔္ ဖမ္းဆီးထားမွာလားဆို တာကေတာ့ ေမးစရာပဲလို႔ ဆိုပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ ခ်မွတ္မယ့္ တရား႐ုံးစီရင္ခ်က္ မွ်တႏိုင္ဖြယ္မရွိ (ေရွ႕ေန ဦးမင္းလြင္ဦး)

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*