တရားတွေထိုင်၊ ပဌာန်းတွေပဲ ရွတ် နေတဲ့ ဟိန်းဝေယံ ရဲ့ အကြောင်းပြော ပြလာတဲ့ အဒေါ်ဖြစ်သူ မိုခမ်း

တရားတွေထိုင်၊ ပဌာန်းတွေပဲ ရွတ် နေတဲ့ ဟိန်းဝေယံ ရဲ့ အကြောင်းပြော ပြလာတဲ့ အဒေါ်ဖြစ်သူ မိုခမ်း

အဆိုတော်ဘဝကနေ အက်ရှင်ခန်းတွေရင်း သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ မိုခမ်းကတော့ အင် တာဗျူးလေးတစ်ခုမှာ တူဖြစ်သူ ဟိန်းဝေယံတစ်ယောက် မိန်းမယူဖို့အစီအစဉ်ရှိသေးပုံ မပေါ်ဘူး လို့ ဆိုထားပါတယ်။

“သားငယ်လေးတို့အိမ်ကို တစ်ပတ်တစ်ခေါက်လောက်တော့ရောက်ဖြစ်တယ် မမကလည်း ချည် ထည်ပိုးထည်တွေကို အားပေးတော့လေ တစ်ပတ်တစ်ခါရောက်ဖြစ်တယ် ဆက်တိုက်ဆိုသလို ပေါ့ သားငယ်လေးကတော့ Stay Home ဆိုတော့ ဝတုတ်နေတယ် သူလည်းစားနေတယ်ဆို တော့ ပဌာန်းတွေရွတ် တရားတွေထိုင် အဲ့တာပဲသူလုပ်နေတယ် သူကအစကတည်းကအနေ အေး တော့လေ”

“အစ်မက ကိုယ့်တူကိုပြောလေ့ရှိတယ် နင်ကဘုန်းကြီးဖြစ်မယ်ကောင်လို့ သူ့အိမ်ရောက်သွားရင်း လည်း တီမိုဆိုပြီးနှုတ်ဆက်ပြီးတာနဲ့ သူဝင်စားရော အစ်မဟင်းတွေရောင်းတုန်းကလည်းသူအား ပေး တယ် ဆိတ်သားဟင်းတို့ ထောပတ်ပဲထမင်းတို့ ဒီအချိန်မှာ ဝဝလေးနေမှပဲ ကာကွယ်သလို ဖြစ်မှာလေ”

“တူလေးက ရည်းစား ရှိတာမရှိတာ အဒေါ်ကိုတိုင်ပင်ပါတယ် အခုတော့ ရည်းစားမရှိတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပါတယ် မမမိုခမ်းကတော့ သူကိုယ်တိုင်ရွေးချယ်တာကိုပဲလိုချင်ပါတယ် သူ့ ကိုလည်းပြောထားတယ် သားငယ်လေးကိုချစ်ပြီးတော့ သူ့ကိုsupport လုပ်နိုင်တဲ့လူမျိုးပဲ လိုချင် တယ် သူ့ကိုကြည့်ရတာတော့ အခုချိန်ထိ မိန်းမလိုချင်စိတ်မရှိဘူးထင်တယ် အခုချိန်ထိပုံပြင် တွေ ပြောနေရတုန်း ဘုရားပုံပြင်တွေပြောရတယ် သူ့ကိုနောက်နေရတယ် နင်ကဘုန်းကြီးဝတ်မှာ လား ပေါ့ အမေပေးစားရင်တော့ယူမယ့်ပုံပါပဲ”

“သူ့ကို support ပေးနိုင်မယ့်သူလေးတော့ အစ်မတို့ကဖြစ်စေချင်တာပေါ့ သူမချစ်တာလည်း မဖြစ်စေချင်ဘူး ချစ်တာလည်းဖြစ်စေချင်တယ် အသက်လည်း၃၀ကျော်လာပြီပေါ့ သူ့ဘာသာသူ ဆုံးဖြတ်မှာပါ အစ်မအမြင်မှာတော့ အခုတော့စိတ်မပါသေးဘူး”

“character changes ကတော့ဖြစ်သွားတယ် အရင်တုန်းကဆို သူရုပ်မချချင်ဘူး အခုတော့ ရုပ်ချတာတွေကိုလက်ခံတယ် သူက ပင်ကိုအနေအေးတော့ သွက်တဲ့အခန်းတွေမှာ နည်းနည်း လိုမှာပေါ့ မမလည်းသူ့ကိုအကြံပေးနေတယ် အခုကားကြီးတွေရိုက်ထားတာမှာ charcter change ထားတာတွေ့ရတယ်”

“ပရိသတ်ကိုအားပေးဖို့လည်းပြောချင်ပါတယ် အစ်မမိုခမ်းတူလေးက အနေအေးတယ် စိတ်ထား လည်းကောင်းတယ် ပရိသတ်ပေါ်မှာဖြစ်ဖြစ် မိသားစုပေါ်မှာပဲဖြစ်ဖြစ် အဲ့တာအားပေးပေးပါလို့ ပြောချင်ပါတယ် သူလည်းကြိုးစားနေတယ် changes ဖြစ်ဖို့လေ” လို့တူလေးနဲ့ပတ်သတ်ပြီး ပြော ပြထားတာပါ။

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့တော့ “မမကအခု MRTV 4 ဇာတ်လမ်းတွဲလေး တော့ပြီး သွား ပြီ မမှီဝဲနဲ့ကင်းအောင်နေဆိုတာ အဲ့တာက ကိုဗစ်မတိုင်ခင်၁လအလိုကပြီးသွားတာ CHANNEL K ကတော့မပြီးသေးဘူး တူလေးနဲ့ရိုက်နေတာ စိုးပြည့်နဲ့ ၁လစာတော့ရိုက်ဖို့ကျန် သေး တယ် မလေး စင်ကာပူ ထိုင်းက Producer တွေရိုက်မယ့် ကိုရန်လေးနဲ့အစ်မ လင်မယား အဖြစ်သရုပ်ဆောင်ရမယ့်ကားလေးဆို လုံးဝမရိုက်ရသေးဘူး photo shooting တွေတော့ပြီးပြီ လက်ရှိတော့ online shopping လုပ်နေပါတယ် ရက်ကန်းလည်းရှိတော့ အထည်တွေမမ Live လွှင့်ပြီးရောင်းနေတယ် အလကားနေအလကား စားဝတ်နေရေးအတွက် စားအိုးလေးရတ ယ်ပေါ့ လူတွေလည်းရှားပါးနေတဲ့အတွက် အမြတ်နည်းနည်း တချို့ဆို အရှုံးခံပြီးရောင်းပေးနေ ပါ တယ် ပရဟိတဈေးသည်ပေါ့” လို့ဆိုထားပါတယ်။

Shwe Yaung Myanmar ( Writer – LLA )

Comments are closed.