ရင်သွေးလေးကို မိဘတွေက ဝမ်းပန်း တသာနဲ့ ကြိုဆိုပေးလို့ အံ့သြဝမ်းသာ ဖြစ်နေတဲ့ စည်ဖြိုး

ရင်သွေးလေးကို မိဘတွေက ဝမ်းပန်း တသာနဲ့ ကြိုဆိုပေးလို့ အံ့သြဝမ်းသာ ဖြစ်နေတဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ သူတို့ရဲ့ ဘဝထဲ မမျှော်လင့်ဘဲ ဝင်လာခဲ့တဲ့ ကလေးလေးကို ဝမ်းပန်းတသာ လက်ခုပ်တီးပြီး ကြိုဆိုပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်မဆုံး ဖြစ်လို့နေပါ တယ်။ မကြာခင်မှာတော့ သူတို့နှစ်ယောက် မင်္ဂလာပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။

စည်ဖြိုးကတော့ သူ့ရဲ့ ကောင်မလေး ခင်လွှမ်းမှာ ကိုယ်ဝန်ရနေပြီဆိုတာကို ဒီနေ့ (အောက်တို ဘာ လ ၂၆ ရက်) မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေး တင်ရင်း ပရိ သတ်ကို အသိပေးခဲ့တာပါ။ အခုလိုမျိုး သူတို့ရဲ့ ဘဝထဲ မမျှော်လင့်ဘဲ ဝင်လာခဲ့တဲ့ ကလေးလေး ကို ဝမ်းပန်းတသာ လက်ခုပ်တီးပြီး ကြိုဆိုပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်မဆုံး ဖြစ်လို့နေတာ ကိုလည်း တွေ့ရပါတယ်။

“ကျွန်တော်အံ့သြမိတယ်။ကျွန်တော့်ဘဝ ကြုံသမျှပြောင်းလည်းဖြစ်တည်မှုတိုင်းကို..ဟင်ဘယ်လို ဖြစ်တာလည်း ဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှမငြီးခဲ့တဲ့ အတွက် ၊မာတာပီတ မိနဲ့ဘ သူရဲကောင်း နှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်။အရွယ်ရောက်လာကြင်သူပါလာတော့လည်း ငါ့သားဟဲ့ငါ့သ မီးဟဲ့ဆိုတဲ့ငါအစွဲ သူတော်ကောင်းပါလို့ပြောတဲ့သူတောင်မထိန်းနိုင်ပေမယ့်.သူစိမ်း လည်းသမီး အ ရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်။ ခုလိုcovidကာလ ကြီး မမျှော်လင့်ပဲဝင်လာသူလေးကို လက်ခုတ်တီးလို့တောင်ကြိုဆိုပေးနေပြန်တာ့ ပိုလို့ အံ့သြဦး ခိုက်မိပြန်တယ်.။

သီတင်းကျွတ်ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို..ဒီကနေ့အကြိမ်ကြိမ် အံ့သြ ဦးခိုက် နေမိတယ်.. (ဖခင်လောင်းဖိုးစည်)” ဆိုပြီး မိဘတွေကို ကန်တော့ရင်း သူ့ရဲ့ ရင်ထဲက ခံစား ချက်တွေကို လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။

စည်ဖြိုးအနေနဲ့ ဖခင်တစ်ယောက်ဖြစ်လို့ အခွင့်အရေးရလာပြီဖြစ်တဲ့အတွက် သူ့ရဲ့ မိသားစုဝ င်တွေ၊ အနုပညာမောင်နှမတွေ နဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ရဲ့ Comment တွေမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြတာကို တွေ့ရပါတယ်။ စည်ဖြိုးရဲ့ ကောင်မလေးကတော့ Social Media ပေါ်မှာ လူသိများခဲ့တဲ့ ခင်လွှမ်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ခရီးလမ်းက တော့ တော်တော်ကို ကြာနေပါပြီ။ နှစ်ဖက်မိဘတွေကလည်း သဘောတူထားကြသလို ပရိသတ် တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားတဲ့ အနုပညာရှင် စုံတွဲ တစ်တွဲဆိုလည်း မမှားပါဘူး ။ မ ကြာခင်မှာတော့ သူတို့နှစ်ယောက် မင်္ဂလာပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။

စည်ဖြိုးက လက်ရှိမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တ စ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူး ခဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ရောက်ရှိလို့ နေပါပြီ။ လက်ရှိမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ တွေ့ရပါ တယ်။

Comments are closed.