အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြ လာတဲ့ ဝတ်မှုန်ရွှေရည်

အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြ လာတဲ့ ဝတ်မှုန်ရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးထိပ်တန်းအနုပညာ ရှင် တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ရွှေကစ်လို့ ခေါ်တဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြီး အကယ်ဒမီရွှေစင်ရုပ်ထုတွေကို ပိုင်ဆိုင်နိုင်တဲ့ အ ထိ အောင်မြင်နေသူလေးပဲဖြစ်ပါတယ်။

ကစ်ကစ်ကတော့ ယခုရက်ပိုင်းမှာ ကျင်းပသွားခဲ့တဲ့ ONE CHAMPIONSHIP မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာ အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြ လာခဲ့တာဖြစ်ပါတယ်

“ကိုအောင်လပွဲကိုအမြဲစောင့်ကြည့်ဖြစ်ပါတယ် အဲ့ဒီနေ့ကလည်းကြည့်ဖြစ်ပြီးတော့ စိတ်ထဲမှာ တော့ နိုင်စေချင်တာပေါ့နော် ဒါပေမယ့် အမြဲတမ်းတော့ မနိုင်ဘူးလေ ဘယ်အရာမဆို အားက စားမှာအဲ့လိုပဲပေါ့နော် ကိုယ်ကတော့ ကိုယ့်နိုင်ငံရဲ့ ချန်ပီယံ ဟီးရိုးပေါ့နော် နိုင်စေချင်တာ ဘယ် ပွဲဖြစ်ဖြစ်လေ

သူကလည်းကိုဗစ်ဖြစ်ထားတာ ပါမယ်နဲ့တူတယ် အားလည်းနည်းနေမှာပေါ့ ကစ်ဒါထင်တာကို ပြော တာပါ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပွဲတွေလည်းအများကြီးရှိတာပဲ ကိုယ်ကတော့ နိုင်စေချင် တာ ပဲ စိတ်မကောင်းဘူး ကြည့်ပြီးတော့ အဲ့ဒါကြောင့် Facebook မှာတင်ပြီးတော့ အားပေးထား တာပါ ”

တကယ်တော့ ကစ်က လက်ဝှေ့ကို မကြိုက်ဘူး ကစ်ကအဲ့လိုကြောက်တာ ဒါပေမယ့် ကိုယ့်မြန်မာ လူမျိုးဖြစ်တဲ့အတွက် အားပေးတာပေါ့နော် အရမ်းနိုင်စေချင်တာ နိုင်ငံခြားမှာလည်း ဆုတွေရ ထား တယ်ဆိုတော့ ကမ္ဘာမှာလည်း ထိုးဖောက်ထားနိုင်တာဆိုတော့ တကယ့်ဟီးရိုးကြီးဆိုတော့ အားပေးတာ လက်ဝှေ့ကြိုက်လို့တော့မဟုတ်ဘူး

ကာယကံရှင်ကတော့ စိတ်ထဲမှာ ဘယ်လိုနေမယ်မသိဘူး ကစ်ကတော့ ကြည့်ရင်းနဲ့ စိတ်ထဲမှာ ဝမ်းတွေနည်းပြီးတော့ တနုံ့နုံ့ဖြစ်နေတာ ပွဲပြီးတဲ့အထိ ပွစိပွစိနဲ့ သိတယ်မလား သူ့ကို ချုပ်ထား တဲ့အချိန်မှာ ခေါင်းအုံးကြီးကိုကိုင်ပြီးတော့ မကြည့်ရဲဘူး” သူမရဲ့အောင်လအပေါ် အားပေးပုံနဲ့ အမြင်ကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်

ကစ်ကစ်ကတော့ အောင်လအန်ဆန်း ရှုံးနိမ့်သွားတာနဲ့ ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောပြ လာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Video Source – Myanmar Celebirity

Comments are closed.