ပေါကားကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်ဆိုတဲ့ စိုးမြတ်သူဇာ

ပေါကားကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်ဆိုတဲ့ စိုးမြတ်သူဇာ

အခုချိန်ထိလူအများလက်ခံထားတဲ့သရုပ်ဆောင်မင်းသမီး စိုးမြတ်သူဇာ မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာ လတ်တလောသူပါဝင်သရုပ်ဆောင်ထားတဲ့ဂျင်းကောင်ရုပ်ရှင်ဇာတ်လမ်းအကြောင်းနဲ့ရုပ်ရှင်လောကအကြောင်းအနည်းငယ်ကိုပြောပြသွားခဲ့ပါတယ်။သူပြောပြသွားတဲ့အကြောင်းအရာတွေကိုပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြလိုက်တယ်နော်။

ဂျင်းကောင်ဇာတ်လမ်းမှာ အစ်မက အပျိုကြီးယောင်ဆောင်ထားတဲ့ ကလေးတစ်ယောက် ဂျင်းကောင်(မြင့်မြတ်)ကို ဂျင်းထည့်တဲ့နေရာကနေပြီးသရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းရိုက်ကူးနေတုန်းမှာလည်း မြင့်မြတ်နဲ့ရယ်နေရတယ်။အစ်မကရိုက်ရက်တစ်ရက်ပဲပါတယ်ဆိုတော့ အမှတ်တရရယ်လို့ထွေထွေထူးထူးမရှိပါဘူး။ ဂျင်းကောင်ဇာတ်ရုပ်နဲ့ပတ်သတ်ပြီးကိုအရိုင်းကပြောဖူးတယ်။အဲ့ဒီလိုအမူအရာနဲ့လူတစ်ယောက်တကယ်ရှိခဲ့တယ်။အခုတော့သေသွားပြီ။အဲ့တာကမြင့်မြတ်က ပုံတူယူပြီးသရုပ်ဆောင်တာလည်းတော်တော်ကောင်းပါတယ်။ သူကလည်းတော်တာကိုး။

ရုပ်ရှင်တွေများလာတာလည်းကောင်းပါတယ်။ ရွေးချယ်စရာတွေလည်းများတာပေါ့။ အဲ့ဒီထဲမှာမှ မကောင်းတဲ့ကားတွေပါတယ်လို့တော့ကြားတယ်။ ဒါပေမယ့် ဘယ်သူကမှ ပိုက်ဆံတွေအများကြီးအကုန်ခံပြီးမကောင်းအောင်တော့မလုပ်ပါဘူး။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မှားမှားယွင်းယွင်းတွေကြောင့် တော့မကောင်းဘူးလို့တော့မပြောသင့်ဘူးထင်တယ်။ အချိန်တွေ၊ငွေတွေအကုန်ခံပြီး ရိုက်ထားတာတွေကိုတော့ ပရိသတ်တွေကနားလည်ပေးနိုင်ရင်တော့ကောင်းတယ်လို့ အစ်မထင်ပါတယ်။လို့ပြောပြသွားခဲ့ပါတယ်။

ပေါကားလို့ခေါ်ကြတဲ့အပေါ်မှာလည်း “ ရုပ်ရှင်တွေကိုကြည့်ကြည့်ပါ ။အနုပညာအရ အားလျော့တယ်လို့ဆိုလို့ရပေမယ့် ခေတ်ကာလကမတူတော့ဘူးလေ။ ခေတ်တွေကပြောင်းလာပြီ။ လူတွေကပေါကားပေါကားလို့ပြောကြပေမယ့် အဲ့ဒီလိုကားမျိုးတွေကိုကြိုက်တဲ့ပရိသတ်တွေကသီးသန့်ရှိတယ်။ အနုပညာသမားတွေကအဲ့တာကိုသိတယ်။ အဲ့တာကြောင့်လည်းရိုက်ပေးနေတာ ။ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ခြင်းတော့ဘယ်တူပါ့မလဲမကြိုက်ရင်တော့မကြည့်ကြနဲ့ပေါ့။တချို့ကားတွေမှာမကြီးပေါတောတောပါကောင်းပါနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ တချို့ကားတွေက မကြီးလူမှုရေးအရရိုက်ပေးရတာတွေရှိတယ်။ တစ်ခါတလေ ကိုယ်ကမရိုက်ချင်ဘူးဆိုရင်တောင်အကြောင်းကြောင်းကြောင့်ရိုက်ပေးရတာတွေရှိတယ်အဲ့အကြောင်းတွေနောက်မှအေးဆေးပြောပြဦးမယ်။ အဲ့တာလေးတွေကိုပရိသတ်ကနားလည်ပေးဖို့ပြောချင်ပါတယ်။ ခဏခဏနားလည်ခိုင်းရလွန်းလို့ပရိသတ်တွေကိုလည်းအားနာလှပါပြီ”လို့ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.