အာဇာနည်ကို ပိုက်ဆံတွေအများကြီး ပုံပေးလိုက်တယ်ဆိုတဲ့ အပေါ်တုန့်ပြန် လာတဲ့ The Voice ပြိုင်ပွဲဝင် သက်ရ တ နာကျော်ဝင်း

အာဇာနည်ကို ပိုက်ဆံတွေအများကြီး ပုံပေးလိုက်တယ်ဆိုတဲ့ အပေါ်တုန့်ပြန် လာတဲ့ The Voice ပြိုင်ပွဲဝင် သက်ရ တ နာကျော်ဝင်း

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါ တယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြော တတ်ဖူးလို့ ပြောခဲ့မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။

ယခုတပတ်မှာတော့ G ဟာ Battle Round ထုတ်လွှင့်မှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် R ဇာနည်ရဲ့ Save လုပ် သွားခြင်းကိုခံခဲ့ရတာဖြစ်ပြီး ပိုက်ဆံတွေပုံပေးခဲ့တယ်လို့ ကောလဟာလတွေထွက်ပေါ်လာခဲ့ တာပါ ဒီလိုကောလဟာလတွေကို G ကအခုလိုဖြေရှင်းလာခဲ့တာပါ”

အရင်ဆုံး ကျေးဇူးတင်တဲ့ စကားစပြောချင်ပါတယ် ဘယ်သူမှမလှည့်တုန်းကလည်းမနီနီလှည့် တယ် ပေါ့ မနီနီမရွေးတော့လည်း ကို R ဇာနည် Save လုပ်လိုက်လို့လည်း ကျေးဇူးတင်ပါတယ် ကိုယ့်ကိုကိုယ်သွားပြီလို့ပဲထင်တာပေါ့ Battle Round ကကြတော့ ကိုယ့်ထက်စာရင် ကိုယ်နဲ့ ပြိုင် တဲ့ ပြိုင်ဘက်ကိုပဲတက်သွားစေချင်တယ် အချင်းချင်းခင်ကြတော့လေ နှစ်ယောက်လုံးပါ စေချင်တယ် ကိုယ်အရွေးခံရရင်လည်းပျော်မှာမဟုတ်ဘူး နှစ်ယောက်လုံးပါသွားလို့လည်း ကျေး ဇူးတင်ပါတယ် အရမ်းလည်း ဝမ်းသာပါတယ်

အစတည်းကလည်း ကို R ဇာနည်ကို ကြိုက်တာ ပြောပြပြီးသားပါ သူမရွေးတုန်းကလည်း အရမ်း ဝမ်း နည်းနေတာမျိုးမရှိပါဘူး တစ်ယောက်လှည့်တာကိုပဲအရမ်းဝမ်းသာနေပြီဆိုတော့လေ အခု ကို R ဇာနည်က ထပ် Save လိုက်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး အဲ့ဒီနေ့ကလ ည်း Social Distancing ကြောင့် လူချင်းထိလို့မရလို့သာပေါ့ နောက်မို့ဆိုညီမ ကို R ဇာနည်ကို သွား ဖက်ချင်တယ်

ညီမကို Save လိုက်လို့ သူဘယ်လောက်ခိုင်သွားလဲပေါ့ ဒီလူကို Save လိုက်ရတာ အဲ့လိုပြော ကြတယ်ပေါ့ တကယ်တော့ ပြိုင်တာက အရင်ကတည်းက ခုမှ လွှင့်တာဆိုတော့ အဲ့တုန်းက ညီ မကို ဘယ်သူမှန်းလဲမသိဘူး ဒီ Blind Audition ထွက်လာတော့မှ ညီမကို Public Comments တွေမှာပြောကြလို့သာ ညီမဘယ်သူဆိုတာ သိလာတာပါ

ညီမအဲ့တုန်းက ကို R ဇာနည်ကိုလည်း မပြောပြခဲ့ဘူး တကယ်တော့ ဒီလောက်ထိ လိုက်ရှင်း ပြစ ရာ မလိုပါဘူး လူတိုင်းထင်ချင်သလိုထင်လို့ရပါတယ် အဓိကကတော့ ညီမက ကို R ဇာနည်ကို ထိ ရင် မခံချင်ဘူးပေါ့ သူ့ကို အဆဲလည်းမခံစေချင်ဘူး တကယ်တော့ လူတွေက ညီမတို့မိသားစု ကို ဘယ်လောက်ချမ်းသာတယ် ထင်နေလဲမသိဘူး တကယ်တမ်းကိုယ့်ဟာကိုယ် အကြွေးတွေပ တ် လည်နဲ့ ကိုဗစ်ကာလဆို ပိုတောင်ဆိုးသေးတယ် အဲ့လောက်ကြီး ပိုက်ဆံရှိတာလည်း မဟုတ် ဘူး

ကို R ဇာနည်ကိုဆိုရင် ဘယ်လောက်ထိပေးမှ သူကလှည့်ပေးမှာလဲ ပေါပေါနဲ့တော့ ရမှာမ ဟုတ် ဘူးလေ ညီမတို့လည်း အဲ့လောက်ထိ မတတ်နိုင်သေးဘူးလို့ထင်တယ် ခုလောလောဆယ် မှာလေ အရမ်းကြီးချမ်းသာနေတယ်မြင်တာကလည်း အကောင်းဘက်ကမြင်ရင်ကောင်းပါတယ် လူတွေ ထင်သလောက်ကြီး မရှိနေဘူးလို့ ကိုယ့်ကိုကိုယ်ထင်တယ်” လို့ ပြောပြလာခဲ့တာဖြစ်ပါ တယ်

G ကတော့ သူမနဲ့ပတ်သတ်တဲ့သတင်းတွေကို ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော် အ ဆုံး ထိ ဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Source – 8 days TV

Comments are closed.