ကိုရီးယားBandပုံစံဖွဲ့လိုက်တဲ့ ပထမဆုံးမြန်မာ Boy Band

ကိုရီးယားBandပုံစံဖွဲ့လိုက်တဲ့ ပထမဆုံးမြန်မာ Boy Band

ကိုရီးယားယဉ်ကျေးမှုတွေထိုးဖောက်ဝင်ရောက်လာနေတဲ့ နှစ်ဆယ့်တစ်ရာစုကမ္ဘာကြီးမှာ ကမ္ဘာ့နေရာအနှံ့အပြားက လူငယ်မိန်းကလေးတွေရဲ့အသည်းကို ကောင်လေးချောချောလေးတွေပါတဲ့ EXO လို BTS လို boy bandတွေက သိမ်းပိုက်ထားတာပဲဖြစ်ပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း Boy Band တွေစတင်ဖွဲ့လာကြပါပြီ။အဲဒီလိုအလျိုအလျိုထွက်ပေါ်လာတဲ့ Boy Band တွေထဲမှာ မကြာသေးမီကမှ ပရိသတ်တွေနဲ့မိတ်ဆက်လာခဲ့တဲ့ Uni 4E ဆိုတဲ့ Boy Band လေးလည်းအပါအဝင်ပါပဲ။ Uni 4E မှာ အရမ်းကိုချောတဲ့ ကောင်လေး (၄) ယောက်ပါဝင်ပါတယ်။ အောင်မြင့်မြတ်၊လွန်းဇောင်း၊စောအယ်စေးမူးနဲ့ ဂျွန်ထန်အာတို့ဖြစ်ပါတယ်။ တော်တော်များများက တိုင်းရင်းသားတွေဖြစ်ပြီး အောင်မြင့်မြတ်နဲ့ လွန်းဇောင်းတို့ကတော့ ပရိသတ်နဲ့ရင်းနှီးပြီးသားမျက်နှာသိတွေလို့ဆိုရမှာပါ။

အောင်မြင့်မြတ်က အိပ်မက်ဆုံရာ Season (5) မှာ winner နဲ့ popular choice ဆုတွေရရှိခဲ့သူဖြစ်ပြီး မိန်းကလေးပရိသတ်ထုကြီးရဲ့အားပေးမှုတွေအပိုင်ရထားသူပါ။ ကျန်တဲ့သူတစ်ဦးချင်းစီကိုလည်းပရိသတ်တွေက သိတန်သလောက်သိထားပြီးသူတွေဖြစ်သလို အပြုံးချိုချိုလေးနဲ့ လွန်းဇောင်းနဲ့ စောအယ်စေးမူးဆိုရင်လည်း Galaxy Star မှာ ပရိသတ်အားပေးမှုရရှိထားပြီးသား၊ကိုယ်ပိုင်သီချင်းတွေထွက်ပြီးသား အဆိုတော်တွေဖြစ်ကြပါတယ်။ ဒီ Uni 4E လေးဖွဲ့ဖြစ်တဲ့အကြောင်းကို မီဒီယာတွေနဲ့အင်တာဗျူးမှာ အောင်မြင့်မြတ်က “ကျွန်တော်တို့အဖွဲ့မြန်မြန်ဖွဲ့ချင်တာ။ အခွေထွက်ချင်တာနည်းနည်းလောတယ်။ 2019 နှစ်ဦးပိုင်းမှာအခွေထွက်ချင်လို့ အဓိကက ဒီ ပထမဆုံးအခွေမှာနည်းနည်းလောလိုက်ရတာ။ ကျွန်တော်တို့အကောင်းဆုံးအဆင်ပြေအောင် ညှိနှိုင်းပြီးတော့လုပ်ထားတယ်။ ဒီအခွေပြီးတော့ နောက်တစ်ခွေမှာပိုကောင်းအောင်ကြိုးစားနေပါတယ်”လို့ ပြောပြထားပါတယ်။

အသားညိုပေမယ့် အသံကောင်းပြီးအပြုံးချိုတဲ့ ဂျွန်ထန်အာကတော့လေးယောက်သားအရမ်းကိုရင်းနှီးနေကြပြီလို့ဆိုပါတယ်။ ဂျွန်ထန်အာက “ကျွန်တော်တို့ လေးယောက်ထဲကပဲကိုယ်တိုင်တေးရေးတေးဆိုအကုန်လုံလုပ်မှာဆိုတော့ ပြို့ပီးတော့ရင်ခုန်တယ်။ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်အခုဆိုရင်အရမ်းရင်းနှီးပြီးသွားပြီ။ခရီးတွေလည်းသွား အရမ်းကိုရင်းနှီး”လို့ ပြောနေချိန်မှာ လွန်းဇောင်းက ဘေးကနေဝင်ပြီး “အရင်းနှီးလွန်နေတာ”လို့ ပြုံးစစနဲ့ပြောလိုက်သေးတာမို့ ပရိသတ်ကောင်မလေးတွေကတော့ သူတို့နှစ်ယောက်ကို အခုကတည်းက စပြီး ship ချင်နေပြီလို့ လူမှုကွန်ယက်တွေမှာပြောဆိုနေကြလေရဲ့။

အဖွဲ့ထဲမှာအငြိမ်ဆုံးလေးနဲ့ ချစ်စရာအကောင်းဆုံးလေး စောအယ်စေးမူးက အသံဝဲဝဲလေးနဲ့ “ကျွန်တော်လည်းအရမ်းရင်ခုန်နေတယ်။ တစ်ခါမှမတွေ့ဖူးတဲ့အတွေ့အကြုံဆိုတော့ အရမ်းရင်ခုန်နေတယ်”လို့ ရိုးသားစွာပြောပြထားပြီး ကောင်မလေးတွေရင်ထဲကမင်းသားလေး လွန်းဇောင်းက “အောင်မြင့်မြတ်က ကြည့်ရတာသာ ငြိမ်တာအရမ်းကတာ။မိုက်ကယ်ဂျက်ဆင်တွေရော..ဘုရားပွဲတွေမှာကတာ၊ ဂျွန်ထန်အာဆိုရင်လည်းအကသင်တန်းတွေလိုက်တက်တယ်။ အကအရမ်းဝါသနာပါတယ်။ စောအယ်စေးမူးကျတော့ အရမ်းငြိမ်တယ်။ရိုးလည်းရိုးသားတယ်။ အဲ့လိုပုံစံလေး သူ့ကိုတော့နည်းနည်းဆွဲခေါ်ရမယ်”လို့ တစ်ဖွဲ့လုံးကိုပတ်ပြီးလိုက်စနေတာတွေ့ရပါတယ်။

ကြည့်ရတာ လွန်းဇောင်းက အဖွဲ့ရဲ့ဂျိုကာလေးဖြစ်လာမယ့်ပုံပေါ်ပြီး လူကြီးဆန်တဲ့ အောင်မြင့်မြတ်ကတော့ Leader ကြီးနဲ့တူတယ်လို့ ပရိသတ်တွေက မှတ်ချက်ချနေကြပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Uni 4E ရဲ့ ပွဲဦးထွက်အခွေလေးကိုအားပေးကြမှာလား။ အဖွဲ့ထဲက ဘယ်သူ့ကိုအချစ်ဆုံးလဲ။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.