ကိုခန့် (ခန့်စည်သူ) က ဆုံးသွားတဲ့ ချစ်သူနဲ့ ရုပ်ချင်းအရမ်းတူတယ်လို့ ပြောလိုက်တဲ့ မမဆောင်း

ကိုခန့် (ခန့်စည်သူ) က ဆုံးသွားတဲ့ ချစ်သူနဲ့ ရုပ်ချင်းအရမ်းတူတယ်လို့ ပြောလိုက်တဲ့ မမဆောင်း

ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ဆောင်းအိန္ဒြေထွန်းကတော့ အနု ပညာ အလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ မမဆောင်း လို့ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့လှုပ်ရှားမှုတိုင်းကို အားပေး နေကြတာဖြစ်ပါတယ်။မမဆောင်းက ကြော်ငြာတွေလည်းအများအပြားရိုက်ကူးပြီး သီချင်းတွေ မှာလည်း ပါဝင်သရုပ်ဆောင်ပါတယ်နော်။

မမဆောင်းက ပွင့်လင်းရိုးသားပြီး အရှိကိုအရှိအတိုင်းပြောဆိုဆက်ဆံတတ်တဲ့သူဖြစ်ပါတယ် နော်။မမဆောင်းရဲ့ စိတ်ထားလေးကို ပရိသတ်တွေကလည်း အရမ်းသဘောကျနေကြလို့ သူမ ရဲ့အင်တာဗျူးတွေကိုလည်း အမြဲကြည့်ရှု့နေကြတာဖြစ်ပါတယ်။မမ‌ဆောင်းက အလှူအတန်း ဆိုလည်း အမြဲလုပ်ဆောင်တတ်ပြီး လိုအပ်တဲ့သူတွေကိုလည်း ကူညီပေးတတ်ပါတယ်နော်။

သူမရဲ့ ချစ်သူနဲ့ပတ်သတ်ပြီး ဖြေကြားရာမှာလည်း လူအများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရတာဖြစ်ပြီး ယခုအခါမှာလည်း သူမရဲ့ ချစ်သူဟာ ကိုခန့်နဲ့ ချွတ်စွတ်တူတယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

မမဆောင်းက” ဆုံးသွားတဲ့ချစ်သူက အကိုနဲ့တော်တော်ကြီးကိုတူတယ် အဲ့ဒါကို မမဆောင်းက အင်တာဗျူးတစ်ခုမှာဖြေတယ် ပြီးတော့မှ မထည့်တော့ဘူးလို့သွားပြန်ပြောတယ် အဲ့လိုမျိုး အ မှတ်တရတွေပေါ့နော် ပြီးတော့ အကို့ကို သွားပြောတယ် အကိုလို့ သမီးဖြေထားပြီးပြီနော်လို့ ပြောတော့ အကိုကလည်း နင်ကပါလည်းမပါဘူးလို့ပြောတယ် အဲ့လိုမျိုး အမကအလွဲတွေဖြစ်နေ တာလေ ကလေးလိုဖြစ်နေတာပေါ့အိမ်မှာကလည်း အငယ်ဆုံးဆိုတော့လေ တခါတလေကျရင် ကိုယ်စိတ်ကောက်ရင် ဘယ်သူမှလည်း မသိကြဘူး ကိုယ်လည်းကောက်ခဲတယ်ပေါ့နော်

အဓိကက ကိုယ့်ကိုလည်း ရိုးသားလို့ ချစ်ကြခင်ကြတာ မမဆောင်းရိုးသားတာကို စချင်ကြတယ် မင်းသားကိုရန်အောင်တို့ဆိုလည်း စကြတယ်” လို့ဆိုလာခဲ့တာဖြစ်ပါတယ် အဆုံးထိဖတ်ရှုပေး ကြ တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Source Sunday Journal

Writer Magic(Shwe Yaung Myanmar)

Comments are closed.