စိန်ရောင်းနေတာ သူများမယားငယ် ကြိတ်ကြိတ် ပုန်းခံနေတာ မဟုတ်ဘူး လို့ ပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

စိန်ရောင်းနေတာ သူများမယားငယ် ကြိတ်ကြိတ် ပုန်းခံနေတာ မဟုတ်ဘူး လို့ ပြောလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အောင်မြင်နေတဲ့မင်းသမီးလေးတစ်ယောက်ပါနော်။ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင် ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူပါ။သရုပ်ဆောင်ကိုဘင်းနဲ့ ရွှေလက်တွဲခဲ့ ပြီး ယခုဆိုရင်ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်နော်။

လက်ရှိမှာတော့ နှိုင်းယှဉ်ကအနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေပြီး Online မှာ Live လွှင့်ပြီးစျေးရောင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေပါတယ်။သူမဟာ အိမ်လေးတစ်လုံးကို ပိုင်ဆိုင် ချင်တဲ့ ရည်ရွယ်ချက်နဲ့အလုပ်တွေကိုကြိုးစားပမ်းစားမနားမနေလုပ်ကိုင်နေတာပဲဖြစ် ပါတယ်။

ယခုလည်း သူမရဲ့အလုပ်တွေအောင်မြင်နေမှုအပေါ် မနာလိုသူတွေကို သူမက”J ကိုက်နေတာက A ကိုက်တာထက် ပိုဆိုးပါတယ်…သူများတွေအောင်မြင်နေတာကို Jကိုက်နေမယ့်အစား ငါဘာ လုပ်ရင် အောင်မြင်မလည်းလို့ တွေးကြည့် လုပ်ကြည့်ပါလား….ဈေးရောင်းစားတာ သူများမယား ငယ် ကြိတ်ကြိတ်ပုန်းခံနေတာမှ မဟုတ်တာ….ပီးတော့ စိန်ရောင်းတာလေနော် အယ်မကျွန်မက မုန်းတဲ့သူတော့များတယ်လို့ နာမည်ကြီးတယ်

ဒါပေမယ့် မုနိးလွန်းလို့များလားမသိဘူး 7လပိုင်းတစ်ရက်နေ့ ဈေးစရောင်းတဲ့နေ့ကတည်းကခု 11လပိုင်း ထိ တစ်ရက်မှ ဈေးရောင်းမပြတ်ခဲ့ဘူးရောင်းလို့ကောင်းနေတုန်းပဲမုန်းမုန်းနဲ့အား ပေး နေ ကြတာထင်တယ်နော်ခုလိုချစ်ပီး အမြဲအားပေးနေတဲ့ကာစတန်မာများရှိလို့လည်း ကျေး ဇူး တွေတင်နေရတာပါနောက်နှစ် အထိ တိုးဝှေ့စာချုပ်တွေ ချုပ်နေရတုန်းပဲ ကျွန်မ အလုပ်မလုပ် တဲ့နေ့သည် ကျွန်မ နားချင်လို့ နားလိုက်သောရက်သာဖြစ်ပါတယ်

ဒါကြောင့် ကျွန်မကိုကြည့်ပီး မနာလိုစိတ်ဖြစ်နေရင် ပင်ပန်းနေပါလိမ့်မယ်ရှင်တို့ဘယ်လောက် မုန်းမုန်း ကျွန်မပြုံးနေသရွေ့ ကျွန် မနိုင်နေတယ်”လို့ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေး သားထားတာကိုတွေ့ရပါတ ယ် ။ပရိသတ်ကြီးလည်း နှိုင်ယှဉ်မြင့်မိုရ်ကို ဆက်လက်အားပေးပြီး ချစ်ပေးကြပါအုံးနော်။ ဖတ် ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။

Source:Nhying Shin’s FB
Yin Khat Pan ( Writer – TWWH )

Comments are closed.