ဦးကျော်သူနဲ့ ခဏခဏ ရန်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ ဇနီးဖြစ် သူ ဒေါ်ရွှေဇီးကွက်

ဦးကျော်သူနဲ့ ခဏခဏ ရန်ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောပြလာတဲ့ ဇနီးဖြစ် သူ ဒေါ်ရွှေဇီးကွက်

ပြည်သူချစ်ပရဟိတမင်းသားကြီးဖြစ်တဲ့ ဦးကျော်သူနဲ့ သူ့ရဲ့ဇနီး အန်တီရွှေဇီးကွက်တို့ကတော့ ဖေ့ဘွက်တစ်ခွင်မှာရော လက်တွေ့ဘဝမှာပဲ ကြင်နာတဲ့စုံတွဲအဖြစ် လူသိများကြပါတယ်။

သူတို့စုံတွဲကကြင်နာကြပေမယ့် ခဏခဏရန်ဖြစ်တဲ့အကြောင်းလေးကိုတော့ အန်တီရွှေဇီး ကွ က်က“ချစ်တော့ချစ်ကြပါတယ် သိပ်တော့မတည့်ဘူး ငယ်ငယ်တုန်းကဆို ကျွန်မတို့လင်မယားကို ၁၅မိနစ်လင်မယားလို့ခေါ်ကြတယ် ၁၅မိနစ်တည့်လိုက် ၁၅မိနစ်နေရင်ရန်ဖြစ်လိုက်ဆိုတော့ လေ တနင်္လာနဲ့ ကြာသပတေးဖြစ်နေတော့ ရန်ဂြိုဟ်ပဲမို့လို့လားပဲ သိပ်တော့အတွေးအခေါ်မတူကြဘူး အခုပိုဆိုးတာပေါ့ သားသမီးတွေကလည်းအနားမရှိတော့ ဒီလင်ဒီမယားပဲတည့်အောင်နေ ရမှာ လေ ” လို့ Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာပါ။

“ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက်တော့ သိပ်မချုပ်ချယ်ကြဘူး တစ်ယောက်နဲ့တစ်ယော က် က အဖော်လေ အနားရှိနေဖို့ပဲလိုတယ် ပိုင်ဆိုင်နေရဖို့မလိုဘူးလေ အရမ်းကြီးပိုင်ဆိုင်ချင်လို့ မရဘူး သေသွားရင် ဘယ်လိုပိုင်တော့မလဲ ၂ယောက်လုံးဒါကိုနားလည်တော့ သူလည်းသူသွား စရာရှိတာသွား ကိုယ်လည်း ကိုယ်သွားချင်တာကိုယ်လုပ်ပေါ့”

“တချို့သိပ်သဝန်တိုတာသိလား အမြဲတမ်းပါချင်နေတာလေ တကယ်တမ်းတော့လူဆိုတာ တစ် ယောက်နဲ့တစ်ယောက်အပြီးပိုင်ထားလို့မှမရတာ အရာရာ ကိုယ့်ခန္ဓာတောင်ကိုယ်ပိုင်လို့မရဘူး အရာရာကိုယ့်စိတ်တိုင်းကျဖြစ်ချင်နေရင် ကိုယ့်အမှား အရင်ကရန်ဖြစ်တယ်ဆိုတာဖြစ်ချင်ကြ လို့ဖြစ်တာ တစ်ယောက်ဆန္ဒအတိုင်း တစ်ယောက်ကဖြစ်မှာတော့မဟုတ်ဘူး မဖြစ်သင့်တာမဖြစ် ဖို့ တော့ တားရတာပေါ့” လို့ အန်တီရွှေဇီးကွက်က ဆိုပါတယ်။

တစ်ယောက်ကိုတစ်ယောက်မဖြစ်သင့်တာမဖြစ်ရအောင်ထိန်းကျောင်းပေးတယ်ဆိုတဲ့အကြောင်းလေးကိုတော့ကိုကျော်သူဆိုလည်း ကြော်ငြာစရိုက်တော့ Fantacy ဖျော်ရည် ရတဲ့ပိုက်ဆံက ရုပ် ရှင်နဲ့အတူတူပဲဆိုတော့ ကြော်ငြာထပ်ယူတယ် ရတာက အရက်နဲ့ဆေးလိပ်ဆိုတော့ သူ့ တော င် မ ပြောဘူး အန်တီငြင်းလိုက်တယ် သူအကုသိုလ်ဖြစ်မယ်လေ သူအစက အရက်ဆေးလိပ် သော က် တယ် အန်တီမကြိုက်ဘူး ကိုယ်မကြိုက်တာကို တခြားမိသားစုကို ဒီဟာကောင်းတယ်သောက် ဒီဆေးလိပ်ကောင်းတယ်သောက်ဆို တခြားမိသားစုစိတ်ဆင်းရဲရင် သူပဲအကျိုးခံစားရမယ်လေ အဲ့တာကိုခွင့်မပြုဘူး သူလည်းကျွန်မဘက်ကိုအဲဒီ့လိုပဲ မကောင်းတာတွေဆိုတားပေးတယ် အဓိ ကက အကုသိုလ်နဲ့ ကုသိုလ်နဲ့နေသွားကြပေါ့နော် တစ်ယောက်နဲ့တစ်ယောက် သတိပေးတယ်”

“စယူတုန်းက ကျော်သူက မင်းသားမဟုတ်ဘူး ယူပြီးမင်းသားဖြစ်သွားတော့ ကျွန်မဆိုသူ့ကို ပြည်သူပိုင်ယောကျ်ားလို့တောင်ခေါ်တယ် ကိုယ်မပိုင်ရဘူးပေါ့နော် အဲဒီ့မှာစပြီးပြောင်းရတော့ တာ ပေါ့ အပျိုတုန်းကတော့ အတ္တကြီးတယ် သူမင်းသားဖြစ်ပြီး ဒီအကျင့်မပြောင်းရင် အိမ် ထောင်ရေးမှာအဆင်မပြေဘူးလေ ကျွန်မက ခပ်စွာစွာ ခပ်ထက်ထက်ကိုး ဒါပေမဲ့ နားလည်သ ဘောပေါက်ပါတယ် ဒီလုပ်ငန်းလုပ်ရင် ဒီလိုပဲဆိုတာ သူ့ဘက်ကလည်းကျွန်မနာရေးအသ င်း တွေနဲ့လုပ်ကိုင်တဲ့အခါ နားလည်ပေးပါတယ်”

အိမ်ထောင်သက် နှစ်၄၀နီးပါးရှိပြီဖြစ်တဲ့ အန်တီရွှေဇီးကွက်တော့ အခုခေတ်အိမ်ထောင် ရေးပြို ကွဲမှုနှုန်းများလာတာနဲ့ပတ်သတ်ပြီး“လူတွေကတော့ထပ်ရတာကောင်းမယ် ထင်ပြီး ကွဲကြတာပေါ့ တကယ်ကိုလက်တွဲလို့မရတော့ဘူးဆိုရင်တော့ စိတ်ဆင်းရဲပြီးနေရမယ့် အစားကွဲတာကို လက်ခံ ပါတယ် ဒါပေမဲ့ မရတဲ့အနေအထားမရောက်ခင် ပြင်လို့ရပါသေးတယ် ကိစ္စတစ်ခုက အမြဲဖြစ် နေတာမှမဟုတ်တာ ပြီးသွားမှာပဲ ဒါကိုလိုက်ပြဿနာရှာနေမယ့်အစားလွှတ်ထားလိုက် ကိုယ် ကော င်းတာလုပ်ရင် ကုသိုလ်ကံက ကယ်သွားမှာပဲ များသောအားဖြင့် စိတ်ဆင်းရဲကြတာက သူ့ ကြောင့်စိတ်ဆင်းရဲရတာမဟုတ်ဘူး ကိုယ်အနေမတတ်လို့စိတ်ဆင်းရဲရတာ ကိုယ့်စိတ်ကိုမထား တတ်လို့ကိုး တနုံ့နုံ့တွေးရင် ကိုယ်ပဲဒုက္ခပိမှာလေမကြီးကျယ်တဲ့ကိစ္စကို တွေးရင်းတွေးရင်း ကြီး ကျယ်မသွားအောင် သဘာဝတရားတစ်ခုလို့ လက်ခံနိုင်အောင်နေပေါ့ အဖြစ်အပျက်တွေက ဒီလို ပဲပြီးဆုံးသွားမှာပါ”

“ကိုကျော်သူဆိုလည်းအရက်သောက်လို့ကျွန်မမှာစိတ်ဆိုးလိုက်ရတာ အခုတော့ ပြီးချိန်တန်တော့ သူပြတ်သွားတာပဲ သူကတော့ အရက်သမားတွေကိုစိတ်တိုနေသေးတယ် ကျွန်မမှာ အရက်သ မားအစစ်မဟုတ်ပါဘူး အပျော်သောက်တာခွင့်လွှတ်ပေးလိုက်ပါလို့ သူ့ပြန်ပြောနေရတယ်” လို့ဆို ပါ တယ်။ဦးကျော်သူရဲ့ဖေ့ဘွက်မှာ ဇနီးသည်အကြောင်းလေးတွေရေးတင်တာနဲ့ပတ်သတ်ပြီး အ န်တီရွှေဇီးကွက်က”သူကမင်းသားဆိုတော့လည်း ဖွင့်ပြောတာများတာပေါ့ ကျွန်မကတော့သိပ်မ ပြောဘူးပေါ့ ကျွန်မတင်ရင် အများအကျိုးများမယ့်ဟာ ပျော်ရမယ့်ဟာပဲ တင်တာပေါ့ ကိုယ့်ခံစား ချက်တွေမတင်တတ်ဘူး သူကလည်း ကားတင်ပြေးခဲ့တဲ့သူဆိုတော့ ပိုချစ်တာနေမှာပေါ့”

“ဒီလိုကိုယ့်ကိုချစ်နဲ့အကြောင်းတင်တာနဲ့ပတ်သတ်ပြီးတော့ သဘောတော့ကျတာပေါ့နော် ” လို့ MC နဲ့အင်တာဗျူးမှာ ဖြေကြားပေးခဲ့တာပါ။

Source – Myanmar Celebrity
Shwe Yaung Myanmar ( Writer – LLA )

Comments are closed.