နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ရွှေမှုံရတီ
နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ရွှေမှုံရတီ
နိုင်ငံတကာရုပ်ရှင်ပြိုင်ပွဲမှာ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုး သမီး ဇာတ်ပို့ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ရွှေမှုံရတီ
(၁၆) နှစ်အရွယ်ကတည်းက “အနုပညာပျိုးခင်း” က မင်းသမီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ရွှေ မှုံရတီကတော့ အသက်နှစ်ဆယ်စွန်းစွန်းအရွယ်မှာတင် ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ် လာခဲ့သူတစ်ယောက်ပါ။ ရွှေမှုံရတီက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အရေးပါတဲ့ ဇာတ်ကောင် အဖြစ် ပိုင်ပိုင်နိုင်နိုင် တာဝန်ယူသရုပ်ဆောင်နိုင်ခဲ့ပြီး ကံမကောင်းစွာနဲ့ အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ရွှေမှုံရတီက သူမကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါပြီ။
ရွှေမှုံရတီက Druk International film festival (DIFF) မှာ ဒါရိုက်တာ လူမင်း ရိုက် ကူးခဲ့တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု Best Supporting Actress Outstanding Achievement Award Winner ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဝမ်းသာစရာသတင်းနဲ့ ပက်သတ်ပြီး ရွှေမှုံရတီက “ဒီရုပ်ရှင်ကားကြီးမှာ ပါ ဝင်ခွင့်ပေးခဲ့တဲ့ သဲရဲ့ဆရာ Uncle လေး နဲ့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကိုကျေးဇူး အ များကြီးတင်ပါတယ်ရှင် … သဲအများကြီးကြိုးစားပါဦးမယ် … 🙏🏻🙏🏻🙏🏻” ဆိုပြီး ကျေးဇူးတင် ဝမ်းသာစကား ပြောထားပါတယ်။
ရွှေမှုံရတီကတော့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဇာတ် ကား များစွာနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ရှင်ပြိုင်ပွဲကြီးမှာ အကောင်းဆုံး အမျိုးသ မီးဇာတ် ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီအတွက် ထပ်တူဝမ်းသာ ပျော်ရွှင်နေကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: နို့ဘီလူး – ရုပ်ရှင်ဇာတ်ကားကြီး & Shwe Mhone Yati ‘s fb
Bilie – Cele Connections
[zawgyi]
ရွှေမှုံရတီကတော့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ကမ္ဘာ့နိုင်ငံအသီး သီးမှ ဇာတ် ကား များစွာနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ရှင်ပြိုင်ပွဲကြီးမှာ အေ ကာ င်းဆုံး အမျိုးသ မီးဇာတ် ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ြ ကီး လည်း ရွှေမှုံရတီအတွက် ထပ်တူဝမ်းသာ ပျော်ရွှင်နေကြမယ်လို့ ထင်ပါတ ယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး လည်း သာယာေ ပျာ်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Comments are closed.