မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် ပြောကြားလာတဲ့ စည်ဖြိုးရဲ့ မိခင်

မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် ပြောကြားလာတဲ့ စည်ဖြိုးရဲ့ မိခင်

စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ နှစ်ဦးစလုံး လူသိများထင်ရှားကြသူတွေဖြစ်ပြီး လိုက်ဖက်တဲ့ ချစ်သူ စုံတွဲတွေ အဖြစ်လည်း ပရိသတ်က သိထားကြတာပါ ယနေ့မှာတော့ သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာ ပွဲကို ခင်မင်သူ အနုပညာအသိုင်းအဝိုင်းနဲ့အတူ ကျင်းပခဲ့တာဖြစ်ပါတယ်

စည်ဖြိုးတို့စုံတွဲလေး မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ်မှာတော့ ယ နေ့ မီဒီယာတွေ့ဆုံမှုမှာ စည်ဖြိုးရဲ့ မိခင်ဖြစ်သူ ဒေါ်သီသီဝင်း က အခုလိုပြောလာခဲ့တာပါ

” အန်တီကတော့ ပီတိဖြစ်ပါတယ် အန်တီ့ထက်စည်ဖြိုးကပိုဆိုးတယ် သူချစ်ရတဲ့သူနဲ့လည်းရတ ယ် မမျှော်လင့်ပဲနဲ့ သူ့ရဲ့ရင်သွေးလေးရလာတော့ အန်တီ့သားကို အန်တီကြည့်ပြီးကြည်နူးမိတယ် ဘာလို့လည်းဆိုတော့ အန်တီ့သားဟာ ဘယ်သူတွေဘယ်လိုပဲပုတ်ခတ်ပုတ်ခတ်ပါ ကိုယ်ဝန်ရှိတာ ကို နေ့ချင်းကိုကြေငြာတယ် ပီတိတွေပြတယ် သမီးခင်လွှမ်းကို ပိုပြီးဂရုစိုက်တယ်

ပြီးတော့ အန်တီလည်းအရမ်းပျော်တယ် အန်တီ့သားရဲ့ ပီတိကို ကြည့်ပြီး အန်တီပျော်တယ် ငါ့ သားဟာ တာဝန်ကျေတဲ့ ယောကျာ်းကောင်းတစ်ယောက်ပါလားဆိုပြီးတော့ အန်တီကြုံဖူး ပါ တ ယ် အန်တီ့အမျိုးတွေတောင်ရှိတယ် အသိအမှတ်မပြုပဲနဲ့ ထားထားပြီးတော့ပေါင်း နေ ကြတာ ရှိ တယ် အန်တီကတော့ချွေးမကို အန်တီ့သားလို ပဲမေတ္တာထားနိုင်တယ် သမီးအရင်းလိုပဲ သ ဘော ထားနိုင်တယ် ဒါကြောင့် အန်တီလည်းပျော်ပါတယ

အန်တီတို့မိသားစုက သမီးလေး စကိုယ်ဝန်ရှိကတည်းကပျော်နေတာ အန်တီကိုယ်တိုင်လည်း အဖွားနေရာရောက်သွားပြီဆိုပြီး ဝမ်းသာတယ် အန်တီ့သားအငယ်လေးကလည်းပျော်တယ် သမီးလေးခင်လွှမ်းတို့ဘက်ကမိသားစုကလည်းပျော်တယ် အားလုံးဝမ်းသာနေကြတာ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်

မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားလို့ ဝေဖန်တိုက်ခိုက်နေကြတဲ့အပေါ် စည်ဖြိုးရဲ့မိခင်က တုံ့ပြန်လာ ခဲ့ တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Source Popular Journal

Writer – Magic(Shwe Yaung Myanmar)

Comments are closed.