ထက်ထက်မိုးဦး ဆီကနေ သိန်း ၃၀၀ တန် ကားအသစ်ကြီးကို ဝယ်ယူဖြစ်တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ မြန် မာ အိုင်ဒေါက နီလန်း

ထက်ထက်မိုးဦး ဆီကနေ သိန်း ၃၀၀ တန် ကားအသစ်ကြီးကို ဝယ်ယူဖြစ်တဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ မြန် မာ အိုင်ဒေါက နီလန်း

အဆိုတော် နီလန်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ ကနေ အနုပညာ လောကထဲကို စတင်ဝင် ရောက်လာပြီး အောင်မြင်နေတဲ့ ချင်းတိုင်းရင်းသူ အဆိုတော် တစ်ယောက်ပဲဖြစ်ပါ တယ် နော်။အသံပါဝါ အားကောင်းမွန်စွာနဲ့ သီချင်းတွေကိုဆွဲဆောင်မှုရှိစွာသီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့အားပါးတရ အားပေးမှုကို များစွာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အနပညာ လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေပြီး အောင်မြင်မှုလမ်းကြော င်းပေါ် ရောက်ရှိနေပြီဖြစ်တဲ့ နီလန်းက ယခုလည်း ထက်ထက်မိုးဦး ရဲ့Liveကနေ ကားအသစ် စက်စက်ကြီးကို ဝယ်ယူခဲ့တာပါ ဒီလိုသိန်း ၃၀၀ တန် ကားအသစ်ကြီးကို ဝယ်ယူဖြစ်တဲ့ အကြော င်း ရင်းကို နီလန်းက အခုလိုပြောပြလာခဲ့ပါတယ်

“နီလန်းက သူတို့ ၃၁၅ သိန်းကို မထက် Live လွှင့်တဲ့အချိန်မှာဝယ်ရင် ငါးသိန်းလျှော့ပေးမယ်တဲ့ ၃၁၀ နဲ့ရမယ်ပြောထားတာကို နီလန်းက စျေးကို ထပ်ဆစ်လိုက်တော့ သူတို့ကသိပ်ပြီး မပေးချင် ဘူး Car Company ဘက်ကလည်း ဒီဟာ နောက်ဆုံးစျေးနဲ့ ထားပေးထားတဲ့ဟာဆိုတော့ မရ တော့ဘူးပေါ့နော် မထက်ကလည်း နီလန်းလေးကို ထားပေးချင်တယ်ပေါ့ ဒါပေမယ့် Compang ကဒီစျေးကိုပဲ အနည်းဆုံးထားပေးတယ်ဆိုတော့ မဖြစ်ဘူးပေါ့နော်

အဲလိုမျိုးဆိုတော့ နီလန်း ထပ်တော့ဆစ်လိုက်တယ် အဲ့ဒီမှာ Live ကြည့်နေတဲ့သူတွေကလည်းနီ လန်းအတွက်ကို ကူဆစ်ပေးကြတယ် နောက်ဆုံးကျမှ နီလန်းကစျေးဦးပေါက်အနေနဲ့ ၃၀၀ နဲ့ရ သွား တာပေါ့ နီလန်းပြီးတော့ နောက်ပိုင်း သူတို့အကုန် ၃၀၀ နဲ့ပေးလိုက်တယ်ထင်တယ် နီလန်း ကြောင့်ထင်တယ် နီလန်းစိတ်မကောင်းလည်းဖြစ်တယ် ပျော်လည်းပျော်တယ်ပေါ့နော် ဆစ်တဲ စျေးနဲ့ရသွားတယ် သူတို့နောက်ဆုံးစျေး ၃၁၀ နဲ့ရောင်းမယ့်ဟာ နီလန်းကြောင့် ၃၀၀ ဖြစ်သွား တယ်ပေါ့ နီလန်းစျေးဖျက်သလိုဖြစ်သွားလားဆိုပြီးတော့ စိတ်လဲပူမိတယ် ဒါပေမယ့် သူတို့လည်း အများကြီးရောင်းရပါတယ်

နီလန်းကမထက်ကိုချစ်တယ် ဒါပေမယ့်နီလန်းတို့က ကိုယ်ချစ်တဲ့ အိုင်ဒေါလ်ကို သူရောင်းတဲ့ပ စ္စည်း တွေ လိုက်ဝယ်နိုင်တဲ့ သူတွေထဲမှာတော့ မပါဘူး နီလန်းတို့ သူဌေးမဟုတ်တော့ မထက် ဆိုလို့ရှိရင် ရောင်းရတာတွေအများကြီးပဲ အိမ်ကား ရတနာတွေရောပေါ့နော် သူရောင်းတာတွေ လည်း ကြည့်ဖြစ်တယ် အပြောအဆိုတွေလည်းချစ်တယ် နီလန်းတတ်နိုင်တဲ့စျေးလေးနဲ့ လိုအပ် နေ တာလေးမို့ ဝယ်ဖြစ်သွားတာပါ ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

နီလန်းကတော့ ထက်ထက်မိုးဦး ဆီကနေ သိန်း ၃၀၀ တန် ကားအသစ်ကြီးကို ဝယ်ယူဖြစ်တဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင် ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Source – Myanmar Celebirity

Comments are closed.