နီးစပ်ရာ ပတ်ဝန်းကျင်က အဆင်မ ပြေမှုတွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ သရုပ်ဆောင် ဆုပန်ထွာ

နီးစပ်ရာ ပတ်ဝန်းကျင်က အဆင်မ ပြေမှုတွေကြောင့် မျက်ရည်ကျခဲ့ရတဲ့ သရုပ်ဆောင် ဆုပန်ထွာ

ချစ်စရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်ထားပြီး စိတ်ချမ်းချမ်းသာသာနဲ့ မိသားစုဘဝလေးကို တည် ဆောက်နေတဲ့ မင်းသမီး ဆုပန်ထွာကတော့ သူ့ရဲ့မွေးနေ့အလှူအနေနဲ့ နီးစပ်ရာပတ်ဝန်း ကျင်ကို ထိထိရောက်ရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။

နီးစပ်ရာမှာရှိတဲ့ အဆင်မပြေတဲ့သူတွေကို လုပ်အားလစာနဲ့လှူဒါန်းရင်း မျက်ရည်ကျမိတဲ့ ဆု ပန်ထွာကတော့“မပန် ကိုဥက္ကာနဲ့တိုင်ပင်ပြီး စဉ်းစားဖြစ်တာပေါ့နော် မပန်Live လွှင့်တဲ့ချွေး နည်းစာလေးတွေ သားအမိ၂ယောက် ရတဲ့ပိုက်ဆံလေးတွေ သားသားကလည်း အစ်မကိုလုပ် ကျွေးနေပြီလေ အဲ့တာလေးတွေလှူချင်တယ်လို့ ကိုဥက္ကာကတော့ ပြောတယ် တခြားလှူမှာထက် ဒီအချိန်မှာ အားလုံးအခက်အခဲဖြစ်တယ် ကိုယ်နဲ့အနီးစပ်ဆုံး လူတွေကိုအရင်ဆုံးဖြည့်ပါတဲ့”

” အဲဒီ့တော့ မေမေ့ကိုအများဆုံး မမ အရင်ဆုံးသွားကန်တော့ဖြစ်တယ် အရင်ဆုံးဆိုင်က က လေးတွေ မမတို့အိမ်မှာရှိတဲ့ဝန်ထမ်းတွေကို ဆန်၁၂ပြည် ကြက်သွန် ၁ပိသာ ၂ပိသာရယ် ဆီပေါ့ သူတို့အတွက် လိုအပ်တာအဆင်ပြေသွားရင်ပဲ မပန်ကျေနပ်တယ် သိန်း၂၀ဖိုးလောက်ရှိမယ် ကို ယ့် အနီးအနားပတ်ဝန်းကျင်ကလူကို အရင်လှူဖြစ်တဲ့ဟာလေးပေါ့ ကိုယ့်မွေးနေ့မှာ ပီတိဖြစ်တ ယ် ” လို့ Pannpwintရဲ့ အင်တာဗျူးလေးမှာ ဖြေဆိုခဲ့ပါတယ်။

လှူဒါန်းဖြစ်တဲ့အကြောင်းလေးကိုတော့ ဆုပန်ထွာက“မပန်က လာယူဆိုတော့ သူတို့ ငိုကြ တယ် သူတို့ နက်ဖန်အတွက် မရှိတော့ဘူးပေါ့နော် ဒီအချိန်မှာ အားလုံးခက်ခဲနေကြတယ် ကိုယ်သိတာ တွေ ရှိတယ် မသိတာတွေရှိတယ် စိတ်မကောင်းစရာတွေအများကြီးဖြစ်တာပေါ့ ကိုယ်လက်လှမ်း မှီသလောက်ပေါ့”

“သူတို့ကလည်း ဟိုဘက်ကငို ကိုယ်ကလည်း ဒီဘက်ကငို လာခဲ့ လိုနေရင် ပြောပါလား ဘာလို့မ ပြောလဲဆိုတော့ မမနားမှာ လုပ်မပေးရတော့ ပြောရမှာအားနာလို့တဲ့ ကိုယ့်နားမှာအနီးစပ်ဆုံးနေ တဲ့ သူတွေ လိုနေတဲ့သူတွေကို အရင်ဆုံးဖြည့်ပေးဖြစ်တယ်ပေါ့ အဲ့တာလေးတော့ တော်တော် စိတ် မကောင်းဘူး ဒါမွေးနေ့အလှူလေးပေါ့ သူတို့လာယူပြီး ပျော်ပြီးပြန်သွားကြတာပေါ့”

“ပရိသတ်တွေထဲမှာလည်း သူတို့အခက်အခဲကြုံနေတယ်လို့ လာပြောတဲ့သူလေးတွေရှိတယ် ခက် ခဲတာတော့ အတန်းအစားအလွှာအစုံအခက်အခဲဖြစ်နေတယ် ဆင်းရဲတဲ့သူမှမဟုတ်ဘူး အလယ်အလတ်တန်းစားတွေ မပန်တို့အထက်တန်း ချမ်းသာတဲ့လူတွေမှာပါ အခက်အခဲက အား လုံးရှိတယ် အစ်မလှူနိုင်တဲ့သူ လုပ်ပေးနိုင်တဲ့သူကိုလုပ်ပေးတာပေါ့ အစ်မထောင်ချီပြီးလ ည်းမ လှူ နိုင်ဘူး အဲ့တာကြောင့် အစ်မတတ်နိုင်သလောက်လေးပေါ့ ”

ဆုပန်ထွာကတော့ မွေးနေ့အလှူကို ထိထိရောက်ရောက်လှူဒါန်းလိုက်ရတဲ့အတွက် ဝမ်းသာ မျ က် ရည်ကျရင်း“လှူလိုက်တဲ့ဟာလေးက နည်းပေမယ့် ထိထိရောက်ရောက်လေးဖြစ်သွား ရင် ပီတိဖြစ်တယ်ပေါ့ သူတို့ခက်ခဲနေပါလားဆိုတဲ့စိတ်ကလေးက ခံစားရတာပေါ့နော်” လို့ အင်တာ ဗျူးလေးမှာ ဖြေဆိုခဲ့တာပါ။

Source – Pannpwint
Shwe Yaung Myanmar ( Writer – LLA )

Comments are closed.