မနက်ဖြန်ထိုးသတ်မယ့်ပွဲစဉ်မှာ ပြိုင် ဖက်ကိုအလဲထိုးဖို့ ကျွန်တော့် အတွက် အခက်အခဲမရှိပါဘူးဆိုတဲ့ မြန်မာ့ လက် ဝှေ့ချန်ပီယံ ဒေ့ဗ်

မနက်ဖြန်ထိုးသတ်မယ့်ပွဲစဉ်မှာ ပြိုင် ဖက်ကိုအလဲထိုးဖို့ ကျွန်တော့် အတွက် အခက်အခဲမရှိပါဘူးဆိုတဲ့ မြန်မာ့ လက် ဝှေ့ချန်ပီယံ ဒေ့ဗ်

မနက်ဖြန်ထိုးသတ်မယ့်ပွဲစဉ်မှာ ပြိုင်ဖက်ကိုအလဲထိုးဖို့ ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး ဆိုတဲ့  မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ကနေဒါနိုင်ငံသား ဒေ့ဗ် ရဲ့အကြောင်းလေးကို ပြော ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒေ့ဗ် ကတော့ နိုင်ငံကျော် မြန့်မာလက်ဝှေ့ချန်ပီယံ တစ်ယော က်ဖြ စ် ပြီး အရမ်းကိုမှလည်း စိတ်သဘောထားပြည့်ဝသူတစ်ယောက်ပါ။

ဒေ့ဗ် ကတော့ အရမ်းကိုမှတော်တဲ့ အားကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး မနက်ဖြန်မှာ ထိုး သတ်မယ့် ပွဲစဉ်အတွက်လည်း အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ကနေဒါနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ယောက်ဖြစ်သူ ဒေ့ဗ်က မန က်ဖြန် နိုဝင်ဘာ (၇) ရက်နေ့ အ မေရိကန်နိုင်ငံမှာ ထိုးသတ်သွားမယ့် ရိုးရာလက်ဝှေ့ စိန်ခေါ် ပွဲ မှာတော့ ပြိုင်ဘက် ဆိုင်းရပ်စ်ဝါရှင်တန်ကို (၅) ချီအတွင်း အလဲထိုးသွားဖို့ ပြင်ဆင်ထားတယ် လို့ ကြုံးဝါးပြောဆို သွားခဲ့ပါတယ်။

အဆိုပါ စိန်ခေါ်ပွဲမှာတော့ ဒေ့ဗ်က မြန်မာနိုင်ငံ အလံကို ကိုင်ဆောင် သွားမှာဖြစ်တယ်လို့ ဆိုထား ခဲ့ပါတယ်။ Lethwei World Title ဟု အမည်ပေးထားခဲ့တဲ့ အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန် ခေါ် ပွဲ မှာတော့ အနိုင်ရရှိတဲ့ ကစားသမားအနေနဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံအဖြစ် အောင်ပွဲ ခံနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ယခု စိန်ခေါ်ပွဲကိုလည်း မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်းအတိုင်းယှဉ်ပြိုင်သွားဖို့ သဘောတူညီ ထားပြီး အလဲထိုးစနစ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ နောက်ပြီး တစ်ချီ လျှင် (၃)မိနစ်စီ ယှဉ်ပြိုင်သွားမှာဖြစ်သလို (၅) ချီအထိ ထိုးသတ်သွားမှာဖြစ်ပါတယ်။ အကယ်၍ (၅) ချီအတွင်း အရှုံးအနိုင် မဖြစ်ပေါ်ခဲ့ပါက နောက်ထပ် (၂) ချီ ဆက်လက် ထိုးသတ်သွားမှာ ဖြစ် တယ်လို့ ဒေ့ဗ်ကအတည်ပြု ပြောကြားထားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းမျဉ်းတွေမှာ အပါအဝင်ဖြစ်တဲ့ ခေါင်းနဲ့တိုက်တဲ့ နည်းစနစ်ကို လည်း အသုံးပြုခွင့် ပေးထားတယ်လို့သိရပြီး လက်သီးဗလာဖြင့် ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒါ မယ့် ဒီပွဲစဉ်မှာ ကြိုးဝိုင်းအစား Cage ကိုအသုံးပြုသွားမှာဖြစ်ပြီး အနားတောင်းသည့် စနစ်ကို လည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒေ့ဗ်က ” ဆိုင်းရပ်စ်ဟာပွဲပေါင်း (၁၀၀) ကျော် အတွေ့ အကြုံရှိထားတဲ့ ဖိုက်တာ တစ်ယောက်ပါ။ မြန်မာ့ရိုးရာ လက်ဝှေ့ဆိုရင်လည်း စောငမန်း၊ တူးတူးနဲ့ ထွန်းထွန်းမင်းတို့လို လက်ဝှေ့သမားတွေ နဲ့ ယှဉ်ပြိုင်ဖူးသူ တစ်ယောက်ဖြစ်တာကြောင့် သူဟာ ကစားသမားကောင်း တစ်ယောက်ဆိုတာ ငြင်းလို့ မရပါဘူး။ သူဖြတ် သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ အရဆိုရင်ကျွန်တော်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး အပြည့်ရှိတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အတွက် ကတော့ စိတ်လှုတ်ရှားစရာ ကောင်းတဲ့ ပွဲစဉ်တစ်ပွဲလို့ ဆိုရမှာပါ။ ဒီစိန်ခေါ်ပွဲမှာ ဆိုင်းရပ်စ်ကိုအမြန်ဆုံး ပွဲသိမ်းနိုင်အောင် အလဲထိုးသွားဖို့ ကျွန်တော်ပြင်ဆင် ထား ပါတယ် ။ လက်ရှိအခြေနေတွေအရ ပွဲအတွင်းမှာ ဘာတွေဖြစ်သွားမယ်ဆိုတာ ပြောဖို့ ခက်ခဲပါ တ ယ်။

ကျွန်တော်တို့ (၂) ယောက်စလုံးဟာ အလဲထိုးစနစ်နဲ့ယှဉ်ပြိုင်ဖူးသူတွေပါ။ မြန်မာ့လက်ဝှေ့ကို ကျွ တော်ကသူ့ထက်ပိုပြီး ကျွမ်းကျင်ပါတယ်။ ဆိုင်းရပ်စ်ကို အလဲထိုးသွားဖို့ ကျွန်တော်အနေနဲ့ အ ခက် အခဲ မရှိနိုင်ပါဘူး ” လို့ ဆိုသွားခဲ့ပါတယ်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးလည်း မနက်ဖြန်အတွက် ရင်ခုန်စိတ် လှုပ်ရှားနေကြပြီး ဒေ့ဗ် ကို အားပေးကြဖို့ အဆင်သင့်ဖြစ်နေကြပြီလို့လည်း ထင်ပါတယ်နော်။ 

Comments are closed.