စည်ဖြိုးရဲ့ယောင်္ကျားပီသတဲ့ စိတ် ဓာတ် ကို ချီးကျူးလာတဲ့ ခင်လှိုင်

စည်ဖြိုးရဲ့ယောင်္ကျားပီသတဲ့ စိတ် ဓာတ် ကို ချီးကျူးလာတဲ့ ခင်လှိုင်

ခင်လှိုင်ကတော့ ရင်သွေးလေးရလာတဲ့အချိန်မှာ ခင်လွှမ်းကို တရားဝင် လက်ထပ်ယူခဲ့တဲ့ စည်ဖြိုးရဲ့ စိတ်နေစိတ်ထားတွေကို ချီးကျူးလာခဲ့ပါတယ်။ 

သရုပ်ဆောင် ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ နိုဝင်ဘာလ (၅) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စည် ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို တက်ရောက်ခဲ့ကြပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံအ နေ နဲ့ ကိုယ်ဝန်ရနေပြီလို့ သိပြီးမှ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ အပေါ် ခင်လှိုင်က အခုလို ချီးကျူးစကား ဆို ထားပါတယ်။

သရုပ်ဆောင် ခင်လှိုင်တို့ ဇနီးမောင်နှံကတော့ နိုဝင်ဘာလ (၅) ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေးကို တက်ရောက်ခဲ့ကြပါတယ်။ စည်ဖြိုးတို့ ဇနီးမောင်နှံ အ နေနဲ့ ကိုယ်ဝန်ရနေပြီလို့ သိပြီးမှ မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ အပေါ် ခင်လှိုင်က အခုလို ချီးကျူးစ ကား ဆိုထားပါတယ်။

စည်ဖြိုးတို့ မိသားစုရဲ့ ချွေးမ တစ်ဦးဖြစ်လာတဲ့ ခင်လွှမ်းကလည်း ကလေးချစ်တတ်သူဖြစ်သလို တကယ်ကို လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်လို့ ခင်လှိုင်က ဆိုပါတယ်။ ချွေး မကို သမီးတစ်ယောက်လို ချစ်ကြတဲ့ စည်ဖြိုးတို့ရဲ့ မိသားစုဝင်တွေကြောင့် ခင်လွှမ်းဟာ တကယ် ကို ကံကောင်းတယ်လို့ ခင်လှိုင် ပြောပါတယ်။

ခင်လွှမ်းတို့ စည်ဖြိုးတို့ကလည်း တကယ်ကို ကလေးချစ်တတ်တယ်။ ကျွန်တော်တို့ မြေးလေးတွေ ကိုတောင် သူတို့ တော်တော်ကို ချစ်ကြတာ။ ခင်လွှမ်းက တကယ်ကံကောင်းတဲ့သူပါ။ ယောက္ခမနဲ့ ချွေးမဆိုတဲ့ အတားအဆီး အုတ်တံတိုင်းတွေက ဒီခေတ်မှာ မရှိသင့်တော့ဘူးလို့ မြင်တယ်။ တစ် ယောက်နဲ့ တစ်ယောက် အပြန်အလှန်နားလည်မှုရှိရမယ်။ တကယ်ကို ချစ်တတ်တဲ့ နှလုံးသားနဲ့ ချစ်မယ်ဆိုရင် ချွေးမတွေ၊ ယောက္ခမတွေ၊ သားမက်တွေ ဆိုတာ မရှိပါဘူး။ ယောက္ခမတွေဘ က် က ကိုယ့်သမီး၊ ကိုယ့်သားလေးလို့ မြင်ရင် တစ်ဖက်ကလည်း အဖေတစ်ယောက်၊ အမေ တစ် ယော က် လိုတော့ မြင်ဖို့လိုတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည် လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင် ရှိနေပါပြီ။ အနုပညာလောကသားအားလုံးနဲ့လည်း အရမ်းကို ရင်းရင်းနှီးနှီး ရှိသူ တစ်ဦးပါ။ သူ ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အ မြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါး သော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

Comments are closed.