ယောက်ကျားလေးတွေကို ကိုယ့် ဘက် က စပြီး ရည်းစားစကား ပြောဖြစ် ကြော င်း ပြောပြလာတဲ့ သက်ရတနာ ကျော်ဝင်း (G)

ယောက်ကျားလေးတွေကို ကိုယ့် ဘက် က စပြီး ရည်းစားစကား ပြောဖြစ် ကြော င်း ပြောပြလာတဲ့ သက်ရတနာ ကျော်ဝင်း (G)

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိ သတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ် သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက် လာ ပေမယ့်မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာ ကြော င့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ G က ယောက်ကျားလေးတွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်

သူ့ကို Lesbian လို့ထင်ကြတာနဲ့ပတ်သတ်ပြီးG က “ညီမကို Straight လားဆိုပြီးမေး ကြ တဲ့ သူတွေရှိတယ် အဲ့ဒါထင်ချင်စရာပဲ အရင်တုန်းက ဆံပင်ခါးလောက်ထိ ရှိနေတုန်းကဆိုရင် ယော ကျာ်းလေးလိုနေပေမယ့်လည်း သိသာတယ်ပေါ့ မိန်းကလေးဆိုတာ အဲ့လို Lesbian မဟုတ်ဘူး ဆိုတာ ဒါမဲ့ ထင်ချင်လည်းထင်ပေါ့ အဲ့ဒါအရေးမကြီးပါဘူး ဒါပေမယ့် ညီမက ယောကျာ်းလေး တွေ ပဲ ကြိုက်တာပါ” လို့ဆိုလာခဲ့တာပါ

“ငယ်ငယ်တုန်းကတော့ ရည်းစားစကားလာပြောတာခံရဖူးတယ် ဒီ ဗမာပြည်က ယောကျာ်းလေး များ သောအားဖြင့်ဆိုရင် ရည်းစားစကားပြောဖို့ကို အကြာကြီးတွေလုပ်နေတာရှိတယ် သူကြိုက် နေတာလည်းသိတယ်ဆိုရင် ညီမတခါတလေ စိတ်မရှည်ရင် ကိုယ့်ဟာကိုယ်ပဲ အရင်ပြောလို က် တယ် ရှုပ်လို့ အဲ့လို့ပဲ”

” ဘာလို့လဲဆိုတာညီမမရှင်းပြတတ်ဘူး ရည်းစားစကားပြောတာက ငယ်ငယ်တုန်းကပဲဖြစ်တာ နောက်ပိုင်း ယောကျာ်းလေးဘက်ကစရင်တောင်မှ အဲ့လိုကြီး နင့်ကို ကြိုက်တယ် မပြောဘူး သူ့ ဟာသူ ဖြစ်ဖြစ်သွားတာ အဲ့တော့မရှင်းပြတတ်ဘူး ညီမဘက်ကစရင်လည်း ဒီတိုင်းဖြစ်ဖြစ်သွား တာပဲ ရည်းစားကလေ ဟိုလိုကြီး ငါ့ကိုပြန်ကြိုက်လားတို့ ဘာတို့ထိမပြောဘူးလို့ထင်တယ်”လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

G ကတော့ ပွင့်လင်းရိုးသားသူပီပီ ယောက်ကျားလေးတွေကို ကိုယ့်ဘက်က စပြီး ရည်းစားစကား ပြောဖြစ်ကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူး တင် ပါ တယ်နော်

Writer – Magic (Shwe Yaung Myanmar)

Source – First Post Media

Comments are closed.