ဆေးခန်းထိုင်နေတုန်း လူနာအယောင်ဆောင်ကာ ဖုန်း ကို အတင်းဝင်လုခံရတဲ့အကြောင်းပြောပြလာတဲ့ အဆို တော် ဂျွန်ရဲ့ ဇနီး

ဆေးခန်းထိုင်နေတုန်း လူနာအယောင်ဆောင်ကာ ဖုန်းကို အတင်းဝင်လုခံရတဲ့အကြောင်းပြောပြလာတဲ့ အဆိုတော် ဂျွန်ရဲ့ ဇနီး..

အဆိုတော် ဂျွန်ကတော့ ဆရာဝန်မလေး မြတ်သီရိမောင်နဲ့ လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် သားလေး Happy နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီဖြစ်ပါတယ်။ ဂျွန်ရဲ့ဇနီးဟာ စာရေးဆရာမတစ်ယောက်လည်းဖြစ်သလို ဆရာဝန်မလေးတစ် ယောက်ဖြစ်တာမို့ သူ့ပရိသတ်နဲ့သူရှိပြီးသားသူတစ်ယောက်ပါ။ ဒီကနေ့မှာလည်း ဂျွန်ရဲ့ဇနီး ဒေါက်တာမြတ်သီရိမောင်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာဖြစ်စဉ်နဲ့ပက်သတ်ပြီး အခုလိုပြောပြလာပါတယ်။

“ဖြစ်ပုံက ညနေ ၄နာရီခွဲလောက် ဆေးခန်းဖွင့်ဖွင့်ချင်း Patient ၃ယောက်လာတာ အရင်ကြည့်တယ်။ အဲဒီ၃ယောက်ပြီးတော့နောက် လူနာလည်းမရှိသေးတော့ စားပွဲမှာထိုင်ပြီး ဖုန်းကြည့်နေတာ။ အဲဒီအချိန်အပြင်မှာဆို င်ကယ်သံကြားတယ်။ လူတစ်ယောက်ဝင်လာတယ်။ ဆေးခန်းမှာက လူနာဝင်လာရင် ကိုယ်နဲ့လူနာကြားမှာ တိုက်ရိုက်မထိတွေ့အောင် ပလတ်စတစ်တွေကာထားတာ။ အဲအကာနောက်ကနေ ဆရာမ အုန်းလွဲလို့ ဘာဆေးသောက်ရမလဲတဲ့။ ကိုယ်လည်းသူပြောပုံကတမျိုးမို့ ဆေးခန်းပြချင်တာလားလို့ပြန်မေးတယ်။ ဟုတ်တယ်တဲ့။ ဒါဆို ကုတင်ပေါ်ထိုင်ပါလို့ပြောတော့ ဟုတ်ကဲ့ဆိုပြီး ပြန်ထွက်သွားတယ်။”

“ပြီးတော့အပြင်မှာဆိုင်ကယ်စက်သံ၊ စကားပြောသံတွေကြားတယ်။ နောက်တစ်ယောက်ထပ်ဝင်လာတယ်။ ခုနကဝင်တဲ့တစ်ယောက်က သူ့နောက်က။ ‘ဆရာမ လက်ပြင်ကြောငုတ်တာပြမလို့’။ ပလတ်စတစ်လိုက်ကာနောက်ကနေပဲ သူတို့ကပြောလို့ရတာကိုး။ ကိုယ်ကလည်း ကုတင်ပေါ်ထိုင်ပါ လူနာအမည်ပြောဆိုတော့ ကုတင်နားကိုမသွားဘဲ ပလတ်စတစ်အကာကြီးကိုတိုးပြီး လက်ကိုပြမှာ

Advertisement

လက်ကိုပြမှာနဲ့ ရှေ့တိုးလာတယ်။ လက်ပြမယ်ဆိုလည်း အဲဒီနားကကုတင်မှာပဲထိုင်လို့ ပြောနေတုန်းကို ရှေ့တိုးလာတယ်။ ပြီးတော့ ဝုန်းဆို ပလတ်စတစ်အကာကိုမပြီး စားပွဲပေါ်တင်ထားတဲ့ အားသွင်းထားတဲ့ဖုန်းကို ဆွဲယူတာ။ကိုယ်လည်း သူပြောနေတာတွေမူမမှန်တည်းက ဘာ လဲဟဆိုပြီးဖြစ်နေပေမယ့် ထင်မထားဘူး။ ”

“ဖုန်းဆွဲလုတော့မှ သတိဝင်ပြီး သူ့လက်ထဲကဟာအတင်းပြန်လု သူကဆွဲ ကိုယ်ကဆွဲ။ ပါးစပ်ကလည်း အကျယ်ကြီးအော်တယ်။ ဖုန်းလုနေ တယ်ဆိုပြီး။ အော်လိုက်တော့ သူတို့ပြန်ထွက်ပြေးသွားကြတာ။ ဖုန်းလည်းစားပွဲပေါ်ပဲပြန်ကျန်ခဲ့တယ်။ ဝရုန်းသုန်းကားတော့ဖြစ်တာပေါ့။ အဝကနေ နောက်ကပါတဲ့တစ်ယောက်က အော်သွားသေး မအော်နဲ့ ဓားနဲ့ထိုးလိုက်ရတဲ့။ ပြီးတော့သူတို့လည်း ဆေးခန်းထဲကနေ ပြန်ပြေး သွားရော။ အကုန်ပြီးတော့မှ ကိုယ်လည်းဒူးတွေတုန် ခြေတွေခွင်ဖင်ထိုင်ကျတယ်။ မဒဂုံမှာ။” ဆိုပြီး ပြောလာပါတယ်။

အဆိုတော် ဂျွန်ရဲ့ဇနီး ဒေါက်တာမြတ်သီရိမောင်ကတော့ မြောက်ဒဂုံမှာဆေးခန်းထိုင်ရင်း လူနာအယောင်ဆောင် ဖုန်းလုခံခဲ့ရတဲ့ သူမ ရဲ့ဖြစ်စဉ်ကိုပြောပြပြီး သတိထားဆင်ခြင်နိုင်ဖို့ ဝေမျှလာတာပဲဖြစ်ပါတယ်။

Source: Myat Thiri Maung’s fb

Advertisement

[zawgyi]

ေဆးခန္းထိုင္ေနတုန္း လူနာအေယာင္ေဆာင္ကာ ဖုန္းကို အတင္းဝင္လုခံရတဲ့အေၾကာင္းေျပာျပလာတဲ့ အဆိုေတာ္ ဂြၽန္ရဲ႕ ဇနီး..

အဆိုေတာ္ ဂြၽန္ကေတာ့ ဆရာဝန္မေလး ျမတ္သီရိေမာင္နဲ႔ လက္ထပ္ခဲ့ၿပီျဖစ္ၿပီး အခုဆိုရင္ သားေလး Happy နဲ႔ သာယာေပ်ာ္ ႐ႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားၿပီျဖစ္ပါတယ္။ ဂြၽန္ရဲ႕ဇနီးဟာ စာေရးဆရာမတစ္ေယာက္လည္းျဖစ္သလို ဆရာ ဝန္မေလးတစ္ ေယာက္ျဖစ္တာမို႔ သူ႔ပရိသတ္နဲ႔သူရွိၿပီးသားသူတစ္ေယာက္ပါ။ ဒီကေန႔မွာလည္း ဂြၽန္ရဲ႕ဇနီး ေဒါက္တာျ မတ္သီရိေမာင္က သူကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတဲ့ ေၾကာက္စရာျဖစ္စဥ္နဲ႔ပက္သတ္ၿပီး အခုလိုေျပာျပလာပါတယ္။

“ျဖစ္ပုံက ညေန ၄နာရီခြဲေလာက္ ေဆးခန္းဖြင့္ဖြင့္ခ်င္း Patient ၃ေယာက္လာတာ အရင္ၾကည့္တယ္။ အဲဒီ၃ေယာ က္ၿပီးေတာ့ေနာက္ လူနာလည္းမရွိေသးေတာ့ စားပြဲမွာထိုင္ၿပီး ဖုန္းၾကည့္ေနတာ။ အဲဒီအခ်ိန္အျပင္မွာဆို င္ကယ္သံၾ ကားတယ္။ လူတစ္ေယာက္ဝင္လာတယ္။ ေဆးခန္းမွာက လူနာဝင္လာရင္ ကိုယ္နဲ႔လူနာၾကားမွာ တိုက္႐ိုက္မထိေတြ႕ေ အာင္ ပလတ္စတစ္ေတြကာထားတာ။ အဲအကာေနာက္ကေန ဆရာမ အုန္းလြဲလို႔ ဘာေဆးေသာက္ရမလဲတဲ့။ ကိုယ္လ ည္းသူေျပာပုံကတမ်ိဳးမို႔ ေဆးခန္းျပခ်င္တာလားလို႔ျပန္ေမးတယ္။ ဟုတ္တယ္တဲ့။ ဒါဆို ကုတင္ေပၚထိုင္ပါလို႔ေျပာေတာ့ ဟုတ္ကဲ့ဆိုၿပီး ျပန္ထြက္သြားတယ္။”

Advertisement

“ၿပီးေတာ့အျပင္မွာဆိုင္ကယ္စက္သံ၊ စကားေျပာသံေတြၾကားတယ္။ ေနာက္တစ္ေယာက္ထပ္ဝင္လာတယ္။ ခုနကဝင္တဲ့တစ္ေယာက္က သူ႔ေနာက္က။ ‘ဆရာမ လက္ျပင္ေၾကာငုတ္တာျပမလို႔’။ ပလတ္စတစ္လိုက္ကာေနာက္ကေနပဲ သူတို႔ကေျပာလို႔ရတာကိုး။ ကိုယ္ကလည္း ကုတင္ေပၚထိုင္ပါ လူနာအမည္ေျပာဆိုေတာ့ ကုတင္နားကိုမသြားဘဲ ပလတ္စတစ္အကာႀကီးကိုတိုးၿပီး လက္ကိုျပမွာ

လက္ကိုျပမွာနဲ႔ ေရွ႕တိုးလာတယ္။ လက္ျပမယ္ဆိုလည္း အဲဒီနားကကုတင္မွာပဲထိုင္လို႔ ေျပာေနတုန္းကို ေရွ႕တိုးလာ တယ္။ ၿပီးေတာ့ ဝုန္းဆို ပလတ္စတစ္အကာကိုမၿပီး စားပြဲေပၚတင္ထားတဲ့ အားသြင္းထားတဲ့ဖုန္းကို ဆြဲယူတာ။ကိုယ္လည္း သူေျပာေနတာေတြမူမမွန္တည္းက ဘာ လဲဟဆိုၿပီးျဖစ္ေနေပမယ့္ ထင္မထားဘူး။ ”

“ဖုန္းဆြဲလုေတာ့မွ သတိဝင္ၿပီး သူ႔လက္ထဲကဟာအတင္းျပန္လု သူကဆြဲ ကိုယ္ကဆြဲ။ ပါးစပ္ကလည္း အက်ယ္ႀကီးေ အာ္တယ္။ ဖုန္းလုေန တယ္ဆိုၿပီး။ ေအာ္လိုက္ေတာ့ သူတို႔ျပန္ထြက္ေျပးသြားၾကတာ။ ဖုန္းလည္းစားပြဲေပၚ ပဲျပန္က်န္ခဲ့တယ္။ ဝ႐ုန္းသုန္းကားေတာ့ျဖစ္တာေပါ့။ အဝကေန ေနာက္ကပါတဲ့တစ္ေယာက္က ေအာ္သြားေသး မေအာ္နဲ႔ ဓားနဲ႔ထိုးလိုက္ရတဲ့။ ၿပီးေတာ့သူတို႔လည္း ေဆးခန္းထဲကေန ျပန္ေျပး သြားေရာ။ အကုန္ၿပီးေတာ့မွ ကိုယ္လ ည္းဒူးေတြတုန္ ေျခေတြခြင္ဖင္ထိုင္က်တယ္။ မဒဂုံမွာ။” ဆိုၿပီး ေျပာလာပါတယ္။

အဆိုေတာ္ ဂြၽန္ရဲ႕ဇနီး ေဒါက္တာျမတ္သီရိေမာင္ကေတာ့ ေျမာက္ဒဂုံမွာေဆးခန္းထိုင္ရင္း လူနာအေယာင္ေဆာင္ ဖုန္း လုခံခဲ့ရတဲ့ သူမ ရဲ႕ျဖစ္စဥ္ကိုေျပာျပၿပီး သတိထားဆင္ျခင္ႏိုင္ဖို႔ ေဝမွ်လာတာပဲျဖစ္ပါတယ္။

Advertisement

Source: Myat Thiri Maung’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*