ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို ပထမဦးဆုံး တက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား မိုင် ၂၅၀၀ ကျော် စက်ဘီးစီးခရီးနှင်

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို ပထမဦးဆုံး တက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား မိုင် ၂၅၀၀ ကျော် စက်ဘီးစီးခရီးနှင်

ကမ္ဘာ့အမြင့်ဆုံးဧ၀ရက် တောင်ကို မြန်မာနိုင်ငံသားထဲမှ ပထမဦးဆုံး အောင်မြင်စွာတက် ရောက်နိုင်သူ ကိုဝင်းကိုကိုသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင် ပိုင်းအထိ စက်ဘီးစီးခရီးသွားလာ နေသည်။ကိုဝင်းကိုကို ဦးဆောင်၍ မြန်မာနိုင်ငံ မြောက်ဖျားအစွန်းဆုံး ရွာများဖြစ်သော ကချင်ပြည်နယ် တဟွမ်ဒမ်း၊ ဂူဘား၊ မဒိမ်းစသော ကျေးရွာများမှ တောင်ဘက်အစွန် ဆုံး တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အထိ မိုင်ပေါင်း ၂,၅၀၀ ကျော်ကို စက်ဘီးဖြင့် လှည့်လည် သွားရောက်မည်ဖြစ် သည်။

ကချင်ပြည်နယ်၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ကို စက်ဘီးဖြင့် ဖြတ်သန်းသွားလာမည်ဟု ကိုဝင်းကိုကိုက ပြော သည်။၂၀၁၈ ဒီဇင်ဘာ ၂၂ ရက် တွင် ရန်ကုန်က စတင်ထွက်ခွာ၍ ၂၀၁၉ ဖေဖော်ဝါရီ ၁၀ ရက်၌ မြစ်ကြီးနားမှ အင်းတော်ကြီးအိုင် သို့ ဆက်လက်ထွက်ခွာမည်ဖြစ် သည်။ကိုဝင်းကိုကိုသည် ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်သို့ ၂၀၁၆ မေလ ၁၉ ရက်တွင် မြန်မာတောင်တက်သမား ကိုပြည့်ဖြိုးအောင်နှင့်အတူ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှ တောင်ပိုင်းအထိ စက်ဘီးဖြင့် ခရီး သွားလာမှုကို ရက်ပေါင်း ၉၀ (သုံး လခန့်)ကြာမြင့်မည်ဟု ခန့်မှန်း ထားပြီး လမ်းခရီးတစ်လျှောက် သဘာဝအလှအပများနှင့် တိုင်း ရင်းသားများ၏ ဓလေ့များကို မှတ်တမ်းတင်မည်ဖြစ်သည်။‘‘ခန့်မှန်းခြေရက် ၉၀ လို့ မှန်း ထားတယ်။ ဒီထက်လည်း ကချင်မှကမယ်။ အေးအေးဆေးဆေး သွားတာ။ မှတ်တမ်းယူမယ်၊ ဓာတ်ပုံရိုက်မယ်၊ ဒေသခံတွေနဲ့ တွေ့မယ်’’ဟု ကိုဝင်းကိုကိုက ပြော သည်။စက်ဘီးဖြင့် ခရီးသွားလာမှု သည် မြန်မာနိုင်ငံတွင် ရေမြေ တောတောင် သဘာဝအခြေခံ အားကစားများ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ယင်းအားကစားနည်း များ ပြုလုပ်နိုင်မည့်နေရာများ မှတ်တမ်းတင်ပြုစု၍ ဖော်ထုတ်နိုင်ရန်၊ ရေမြေတောတောင်သဘာဝအခြေခံအားကစားနှင့် ဆက်စပ် သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရန်နှင့် ခရီးစဉ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

‘‘ခရီးသွားရင်းနဲ့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်အောင် မျှဝေတာတွေလုပ်တယ်’’ဟု ကို ၀င်းကိုကိုက ပြောသည်။အဆိုပါ ခရီးစဉ်အတွင်း စက်ဘီးစီး ခရီးသွားလာမှုအပြင် တောင်တက်ခြင်း၊ ကျောက် တောင်တက်ခြင်း၊ ကယက်လှေ လှော်ခြင်း စသည့် လှုပ်ရှားမှုများ ကို စိတ်ဝင်စားသည့် ဒေသခံများ နှင့် ပြုလုပ်မည်ဖြစ်သည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.