ပရိတ်သတ်တွေက အပျိုကြီးလို့ ထင် နေကြတဲ့အပေါ် ပြောပြလာတဲ့ သရုပ် ဆောင် ဂွမ်းပုံကြီး

ပရိတ်သတ်တွေက အပျိုကြီးလို့ ထင် နေကြတဲ့အပေါ် ပြောပြလာတဲ့ သရုပ် ဆောင် ဂွမ်းပုံကြီး

မြန်မာ့ရုပ်ရှင်လောကရဲ့ ဇာတ်ပို့နေရာတစ်ခုကို အခိုင်အမာရယူထားတဲ့ ဂွမ်းပုံကြီးကတော့ သူ့ကိုအပျိုကြီးလို့ထင်နေကြတဲ့ပရိသတ်တွေကို မြေးသုံးယောက်ရဲ့အဖွားပါလို့ဆိုလာပါတယ်။

ဂွမ်းပုံကြီးကတော့ “အမလေး မြေး၃ယောက်တောင်ရှိတယ် မြေးအကြီးကအလုပ်တောင်ဝင်နေပြီ အပျိုကြီးလို့ထင်ကြတာကတော့ကိုယ့်ရဲ့သားနားတဲ့ရုပ်ရည်ကြောင့်ပေါ့ ” လို့Fashion Magazine Myanmar ရဲ့အင်တာဗျူးမှာဖြေဆိုထားတာပါ။

“ကိုဗစ်ကာလမှာ အန်တီတို့လင်မယားက အဘိုးကြီးကလည်း ၇၁ အန်တီဂွမ်းကလည်း ၆၇ဆို တော့ အိမ်ထဲမှာပဲ သားသမီးတွေနဲ့အိမ်တွင်းအောင်းနေတာပေါ့ သူကကျတော့ ဦးနှောက်က လ ည်း သွေးခဲထားတယ် ခြေထောက်ကလည်းသိပ်မသန်တဲ့သူဆိုတော့ အပေါ်ထပ်မှာပဲထားတာပေါ့ ကျန်းမာရေးဂရုစိုက်နေရတာပေါ့ အိမ်ထောင်ကျတာကစောတယ် ကလေးမွေးလိုက်တာက စော တယ်ဆိုတော့ ကိုယ်နာမည်ရလာတဲ့အချိန်မှာ အိမ်ထောင်သည်ဆိုတာမသိတော့ဘူး ကလေးအ မေဆိုတာမသိတော့ဘူးသားအကြီးဆို ၄၇ သားအငယ်ဆို ၄၄ မြေးတွေဆို၂၄တွေ၂၅တွေတောင် ဖြစ်ကုန်ကြပြီ”

“ဒီလိုအင်တာဗျူးတွေခေတ်ရောက်မှ စုံတွဲလေးတွေဗျူးလို့ ဦးချစ်ပြုံးနဲ့အန်တီဂွမ်းက လင်မယား ဆိုတာ သိသွားကြတာ စုံတွဲလိုက်သွားတယ် လင်မယား၂ယောက်သွားရင်း ဦးကလည်း အန်တီ ဂွမ်း ကိုလိုက်ပို့ရင်းနဲ့ကားလေးတွေဝင်ရိုက်တယ် သူရိုက်ရင်လည်းအန်တီကနောက်က လိုက် တယ်”

“ရေမိုးချိုးခေါင်းလျှော်အစအဆုံး တစ်နေ့တစ်ကြိမ်တော့လုပ်ပေးဖြစ်တယ် ကျန်တာတောာ သူ့ဘာသာသူ အရက်ပြန်တော့အိမ်ရှေ့မှာ ပုံးလိုက်ထားတယ် ဖြန်းနေရတာပဲ ကိုယ်တိုင်က အဲဒီ့ မှာမွှန်နေပြီ အိမ်မှာအတူနေတဲ့မြေးငယ်လေးက ၈နှစ်ဆိုတော့ သူ့ကိုလည်းဂရုစိုက်ရတာပေါ့”

အနုပညာကိုမြတ်နိုးတဲ့ အန်တီဂွမ်းကတော့ ချစ်ပရိသတ်ကြီးကို “ရှေ့လျှောက်လည်းချစ်ပေးဦး စကားပြောနိုင်တဲ့အချိန်အထိရိုက်ဦးမှာ”လို့ အင်တာဗျူးလေးမှာ ဆိုထားပါသေးတယ်။

Source – Fashion Magazine Myanmar
Shwe Yaung Myanmar ( Writer – LLA )

Comments are closed.