ချစ်လေးနဲ့ ကိုကိုလို့ခေါ်ကြတယ်ဆိုတဲ့ မေဦးနဲ့ဟန်လင်း

ချစ်လေးနဲ့ ကိုကိုလို့ခေါ်ကြတယ်ဆိုတဲ့ မေဦးနဲ့ဟန်လင်း

မေဦးနဲ့ ဟန်လင်းဟာ မြန်မာနိုင်ငံရဲ့ LGBT လောကမှာအစောဆုံးစုံတွဲတွေထဲက တစ်တွဲအပါအဝင်ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ ကောင်လေးချောချောလေးနှစ်ယောက်ကို တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း အံ့သြဝမ်းသာစွာနဲ့ဝိုင်းပြီးချစ်မြတ်နိုးပေးခဲ့ကြတာလည်းအမှတ်တရပါပဲ။ မေဦးနဲ့ဟန်လင်းဟာ ချစ်သက်တမ်းနှစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အခုအချိန်ထိ ကြိုက်ခါစအတွဲလေးတွေလို ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ကြင်နာယုယနေဆဲပါ။ မေဦးနဲ့ဟန်လင်းက သူတို့နှစ်ယောက်ရဲ့အချစ်ရေးအကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာဖြေကြားထားပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ဖြစ်ပုံလေးတွေကို မေဦးက “သူ့ကို မေဦးက Skin Care ပစ္စည်းတွေဝယ်ပေးဖြစ်တယ်။ သူက Skin Care လုပ်ရတာအရမ်းဝါသနာပါတာ။ကြိုက်လည်းကြိုက်တယ်ဆိုတော့”လို့ ပြောပြထားပြီး ဟန်လင်းကတော့ ချစ်စရာကောင်းအောင်ရယ်ပြီး “သူက ကိုယ်ကတောင်သူ့ကို Skin Care မနည်းပြန်လုပ်ပေးနေရတာ”လို့ ပြောထားပါတယ်။

ဟန်လင်းက မေဦးကိုအရမ်းဂရုစိုက်ကြောင်းတွေကိုလည်း မေဦးက “မေဦးက တစ်ခါတစ်လေကျရင် အရမ်းပင်ပန်းပြီးတော့ အိမ်ရောက်ရင် မျက်နှာမသစ်ချင်တော့ရင်တောင်မှ ဇွတ်ဆွဲထူပြီးအတင်းသစ်ပေးတယ်။ နောက်ဆုံးမရရင် Wet Tissue နဲ့ ယူပြီးမျက်နှာကိုလာသုတ်ပေးတယ်။ Skin Care တွေဘာတွေလိမ်းပေးတယ်။ ကိုယ့်ကိုဒီလောက်ဂရုစိုက်ပေးတဲ့ချစ်သူရှိတာ”လို့ ပြောပြထားပါတယ်။

အခုတလောမှ Nick Name လေးတွေပြောင်းထားကြောင်းလည်း “Nick Name လေးတွေပြောင်းထားတယ်။ နာမည်ပြောင်းထားတယ်။ သူ့ကိုကိုကိုလို့ခေါ်တယ်”လို့ မေဦးကပြောထားပြီး ဟန်လင်းကတော့ “သူ့ကို သဲသဲလို့ခေါ်တယ် ချစ်လေးလို့ခေါ်တယ် အမှန်တော့ရန်ဖြစ်ပြီးပြန်တည့်ခါစဆိုတော့ အခုမှပြန်တွေ့သလိုပြန်ဖြစ်သွားတာ”လို့ ပြောပြထားပါတယ်။

ရန်ဖြစ်တာက သုံးရက်ပဲကြာပေမယ့် သုံးနှစ်လောက်ကြာတယ်လို့ထင်ရကြောင်းကိုလည်း “နှစ်ယောက်သားက အခုမှစကြိုက်သလိုဖြစ်နေတယ်။ ကြားထဲမှာရန်ဖြစ်ထားပြီးတော့ အခုမှပြန်အဆင်ပြေသွားပြီးတော့ လူသစ်တွေလိုမျိုး သူ့ကိုပိုချစ်လာတာပေါ့။ရန်ဖြစ်တာကတော့ သုံးရက်ပဲ။ ဒါပေမယ့် ဒီတစ်ခါသုံးရက်ကတော်တော်ကြာတယ်။ သုံးနှစ်လောက်ကြာတယ်”လို့ မေဦးကပြောပြထားပါတယ်။

မေဦးနဲ့ဟန်လင်းကနှစ်ယောက်သားရန်ဖြစ်ပြီး ပြန်ခေါ်တဲ့အချိန်မှာ တအားဖက်ထားပြီးငိုခဲ့တယ်လို့လည်းပြောပြထားပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မေဦးနဲ့ ဟန်လင်းစုံတွဲလေးကိုချစ်ကြလား။ သူတို့နှစ်ယောက်ကိုပဲဖူးစာစုံစေချင်ကြလား။ပြောခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.