သမီးလေးရဲ့ နှစ်နှစ်ပြည့်မွေးနေ့မှာ မွန်မြတ်လွန်းလှစွာ သောအလှူလေးတစ်ခုကိုပြုလုပ်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်း
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးသဉ္ဇာကတော့ လက်ရှိမှာ ချစ်စရာကောင်းလှတဲ့သား သားမီး မီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။
ဒီနေ့ နိုဝင်ဘာလ (၂၉)ရက်နေ့လေးကတော့ သဉ္ဇာရဲ့ သမီးငယ်လေးဖြစ်တဲ့ သဉ္ဇာမျိုးမြင့်(ခ) Tulip လေးရဲ့ နှစ်နှစ်ပြည့်မွေးနေ့ကျရောက်တဲ့ နေရက်လေးပဲဖြစ်ပါတယ်။သဉ္ဇာကတော့ ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ သမီးငယ်လေးTulip ရဲ့ မွေးနေ့အလှူလေးအဖြစ် ဓမ္မဒါနအလှူ လေးအနေနဲ့ ပဌာန်းပါဠိတော်စာအုပ်တွေကို လှူဒါန်းပေးခဲ့ပါတယ်။
သဉ္ဇာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း သမီးလေးအတွက် မွေးနေ့ဆုတောင်းလေးနဲ့အတူ ပဌာန်းစာအုပ်လေးလှူဒါန်းခဲ့ကြောင်း ကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ သဉ္ဇာရဲ့ သမီးငယ်လေး Tulip လေးရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆု မွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – Thin Zar Nwe Win
Chilli – CeleGabar
Advertisement
[zawgyi]
Advertisement
Source – Thin Zar Nwe Win
Chilli – CeleGabar
Be the first to comment
Leave a Reply
Your email address will not be published.
*