မယ်လိုဒီ ရဲ့ အိမ်ထောင်ရေးနဲ့ ပတ် သတ်ပြီး ခံစားချက်တွေကို ပြောပြလာ တဲ့ မိတ်ကပ် ခင်စန်းဝင်း

မယ်လိုဒီ ရဲ့ အိမ်ထောင်ရေးနဲ့ ပတ် သတ်ပြီး ခံစားချက်တွေကို ပြောပြလာ တဲ့ မိတ်ကပ် ခင်စန်းဝင်း

အခုလက်ရှိမှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် သားလေးနဲ့အတူ နှစ်ယောက်တည်း ရပ်တည်နေတဲ့ မယ်လိုဒီအတွက် မိဘလိုခင်မင်နေတဲ့ မကြီးစန်းကတော့ သူ့ရင်ထဲကခံစား ချက်တွေကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“မျိုးမျိုးကကျတော့ မကြီးသမီးလိုပဲ သူပြိုင်ပွဲဝင်တယ် ရိုမန်စန်မှာသူဆုရသွားတယ် မကြီး တို့ လိမ်းပေးလို့သူဆုရသွားတယ် အဲဒီ့ကတည်းက မကြီးနဲ့လက်တွဲလာတာဆိုရင် အခုမင်းသမီး ဖြစ် တဲ့အကယ်ဒမီရတဲ့အထိပဲပေါ့”

“သူအိမ်ထောင်ကျသွားလည်း ကလေးငယ်ငယ်လေးကတည်းကထိန်းကျောင်းလာတာပေါ့ ဟိုနေ့ ကသူ့အိမ်သွားတဲ့အခါ ကလေးက မေမေကြီးသားဆီမလာတာကြာပြီနော်ဆိုပြီး မပြန်ပါနဲ့ဦးလုပ် နေ တာ ကိုယ်ကလည်းအလုပ်ရှိတော့ ပြန်လာခဲ့မယ်ပြောပြီးထွက်ခဲ့ရတာပေါ့ အဲ့တာနဲ့မျိုးမျိုး သား သားလေးကဘာတွေကြိုက်တတ်လဲဆိုတော့ အုန်းနို့ခေါက်ဆွဲကြိုက်တယ်တဲ့ အဲ့တာနဲ့သူ ကြိုက်တာလေး မကြီးကချက်ပြီးပို့လိုက်တာပေါ့ ကလေးကကိုယ်အပေါ်ခင်တွယ်တော့ ကိုယ်က ပြန်မသွားရတာစိတ်မကောင်းဖြစ်သွားတာပေါ့”

“အဓိကကတော့ ကိုယ့်သားသမီးအဆင်ပြေတယ်ဆိုရင် မိဘတိုင်းဝမ်းသာကြတာပဲ ဒါပေမဲ့ ကံ ကြမ္မာဆိုတာ ဘယ်သူမှရွေးချယ်ခွင့်မရှိဘူး ကြုံလာတဲ့အခက်အခဲကိုလူတိုင်းဖြေရှင်းရမယ် လူ တိုင်းကြုံတွေ့ရမယ့်အရာပေါ့ သူလည်းအိမ်ထောင်ကိုဘယ်ပျက်စေချင်မလဲ အခက်အခဲတစ်ခု ကြောင့်သူဖျက်လိုက်ရတယ်ပေါ့ မကြီးတို့လည်းသိသင့်သလောက်သိတာတွေရှိတယ် အဲဒီ့အပေါ် သူ့ခံစားချက်ရှိတယ်”

“တစ်ချို့အိမ်ထောင်ကွဲပြီဆိုရင် မကောင်းတဲ့ဘက်ကမြင်ပြီး မကောင်းတဲ့ဘက်ကပြောကြ တာ တွေ ရှိတယ် အဲဒီ့အပေါ်သူ့အနေနဲ့ မျိုးမျိုးကဟန်မဆောင်တတ်ဘူး ရိုးရိုးရှင်းရှင်းနေတတ်တဲ့ သူဖြစ်တဲ့အတွက် စိတ်မကောင်းတော့စိတ်မကောင်းဖြစ်တာပေါ့ အဖေနဲ့အမေအဆင်မပြေရင် ကလေးကိုထိခိုက်မှာစိုးရိမ်တာပေါ့”

“ကလေးကတော့ သူသန္ဓေကောင်းတယ်ပြော မွေးလာကတည်းကလည်း သန့်သန့်ပြန့်ပြန့် ချော ချောလေး သူ့ဘာသာပဲနေတယ် ဘာသာတရားနဲ့ပတ်သတ်ရင်လည်း ၁နှစ်ခွဲလောက် က တည်း က စာတွေတတ်လွယ်တယ် ဘုရားစာလည်းတတ်လွယ်တယ် သူ့ရဲ့ဘယ်လိုပါလာ လဲ တော့မသိ ဘူး ဘာသာတရားအပေါ်တအားကိုင်းရှိုင်းတယ်”လို့ ဆိုထားပါတယ်။

မကြီးစန်းကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး“အနုပညာ လှုပ် ရှား မှု က တော့Live လွှင့် ဖို့ပြောထားတဲ့ဆိုင်လေးတွေရှိတယ် product ကြော်ငြာလေးတွေရှိတယ် ဘာ product ဆို ပြီးတော့ အတည်မပြုရသေးဘူး အေဂျင်စီကကမ်းလှမ်းထားတာဆိုတော့ mazien ဆီက ကြော် ငြာလေးမကြီးလုပ်တယ် Tik Tok ရိုက်တာ Live လွှင့်ပေးတာမျိုးတွေရှိတယ်”လို့ အင် တာ ဗျူးလေးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Source – Myanmar Celebrity
Shwe Yaung Myanmar ( Writer – LLA )

Comments are closed.